စမတ္ဖုန္းမသံုးဘဲေခါက္ဖုန္းျဖင့္ တပတ္တိတိေနႏိုင္သူကို ေဒၚလာ ၁ဝဝဝ ဆုခ်မည္ဟုစိန္ေခၚ…..
စမတ္ဖုန္းမသံုးဘဲေခါက္ဖုန္းျဖင့္ တပတ္တိတိေနႏိုင္သူကို ေဒၚလာ ၁ဝဝဝ ဆုခ်မည္ဟုစိန္ေခၚ
ေရွးေခတ္သံုး ေခါက္ဖုန္းအေဟာင္းေလးနဲ႔ တပတ္ၾကာေနထိုင္ႏိုင္မယ့္သူကို ေဒၚလာ ၁၀၀၀ ေပးမယ္ဆုိၿပီး ယူတက္အေျခစိုက္ကုမၸဏီတခုက စိန္ေခၚလုိက္တယ္လုိ႔ ဇြန္ ၇ ရက္ေန႔ ယူပီအုိင္သတင္းမွာ ေဖာ္ျပပါတယ္။ဒီအစီအစဥ္ကို ယူတက္ျပည္နယ္အေျခစိုက္ Frontier Bundles ကုမၸဏီက ျပဳလုပ္လိုက္တာျဖစ္ၿပီး “စမတ္ဖုန္းခတ္မွာ စမတ္ဖုန္းေတြကို လံုးဝအသံုးမျပဳဘဲ သာမာန္ ေခါက္ဖုန္းေလးတလံုးနဲ႔ တပတ္တိတိ ေနထိုင္ဖို႔ သတိၱရွိသူကို ဖိတ္ေခၚပါတယ္” လို႔လည္း ကုမၸဏီက ေၾကညာထားပါတယ္။
ဒီစိန္ေခၚမႈမွာ ပါဝင္ဖို႔ ေရြးခ်ယ္ခံရသူဟာ စိန္ေခၚမႈကို ေအာင္ေအာင္ျမင္ျမင္ ျဖတ္ေက်ာ္နိုင္ခဲ့တယ္ဆိုရင္ ေဒၚလာ ၁၀၀၀ ရရွိမယ္လို႔လည္း သိရပါတယ္။ဒီစိန္ေခၚမႈဟာ လူမူကြန္ရက္ကို မသံုးမေနႏိုင္ေအာင္ ဆြဲလမ္းေနသူမ်ား၊ လူမူကြန္ရက္ ဆိုင္ရာကၽြမ္းက်င္သူေတြနဲ႔ နည္းပညာဆိုင္ရာ ကၽြမ္းက်င္သူေတြအတြက္ ရည္ရြယ္တာျဖစ္ၿပီးေတာ့ စိန္ေခၚမႈကို ေအာင္ျမင္စြာ ျဖတ္ေက်ာ္ႏိုင္ခဲ့တဲ့သူဟာ ဒီအေၾကာင္းအရာနဲ႔ပတ္သတ္တဲ့ သူတို႔ရဲ႕အေတြ႔အႀကံဳကိုလည္း ျပန္လည္ရွင္းျပရမွာ ျဖစ္ပါတယ္။
Credit DVBtvNews
Unicode
ရှေးခေတ်သုံး ခေါက်ဖုန်းအဟောင်းလေးနဲ့ တပတ်ကြာနေထိုင်နိုင်မယ့်သူကို ဒေါ်လာ ၁၀၀၀ ပေးမယ်ဆိုပြီး ယူတက်အခြေစိုက်ကုမ္ပဏီတခုက စိန်ခေါ်လိုက်တယ်လို့ ဇွန် ၇ ရက်နေ့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။ဒီအစီအစဉ်ကို ယူတက်ပြည်နယ်အခြေစိုက် Frontier Bundles ကုမ္ပဏီက ပြုလုပ်လိုက်တာဖြစ်ပြီး “စမတ်ဖုန်းခတ်မှာ စမတ်ဖုန်းတွေကို လုံးဝအသုံးမပြုဘဲ သာမာန် ခေါက်ဖုန်းလေးတလုံးနဲ့ တပတ်တိတိ နေထိုင်ဖို့ သတိ္တရှိသူကို ဖိတ်ခေါ်ပါတယ်” လို့လည်း ကုမ္ပဏီက ကြေညာထားပါတယ်။
ဒီစိန်ခေါ်မှုမှာ ပါဝင်ဖို့ ရွေးချယ်ခံရသူဟာ စိန်ခေါ်မှုကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုရင် ဒေါ်လာ ၁၀၀၀ ရရှိမယ်လို့လည်း သိရပါတယ်။ဒီစိန်ခေါ်မှုဟာ လူမူကွန်ရက်ကို မသုံးမနေနိုင်အောင် ဆွဲလမ်းနေသူများ၊ လူမူကွန်ရက် ဆိုင်ရာကျွမ်းကျင်သူတွေနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေအတွက် ရည်ရွယ်တာဖြစ်ပြီးတော့ စိန်ခေါ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့သူဟာ ဒီအကြောင်းအရာနဲ့ပတ်သတ်တဲ့ သူတို့ရဲ့အတွေ့အကြုံကိုလည်း ပြန်လည်ရှင်းပြရမှာ ဖြစ်ပါတယ်။
Credit DVBtvNews


