အဖြူရောင်ဂါဝန်လေးနဲ့ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ မေမြင့်မိုရ်





“ပန်းနုသွေး” ရုပ်သံဇာတ်လမ်းတွဲမှာ ကတည်းက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က လက်ရှိမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးနေတဲ့ မင်းသမီးလေးတစ်လက် ဖြစ်လို့ နေပါပြီ။ မေမြင့်မိုရ်က မကြာသေးခင်ကလည်း အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ ခိုင်သင်းကြည်၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့နဲ့အတူတူ “ဇာတ်လိုက်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါသေးတယ်။



မေမြင့်မိုရ်က လက်ရှိမှာတော့ ရှမ်းပြည်နယ် နောက်ချိုမြို့က ဂုတ်ထိပ်တံတားကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ ဂုတ်ထိပ်တံတားရောက် အလှပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

မေမြင့်မိုရ်က အဖြူရောင်ဂါဝန်လေးကိုဝတ်ပြီး ကလေးငယ်လေးတစ်ယောက်လို ချစ်စရာကောင်းနေတာကို တွေ့ရပါတယ်။



မေမြင့်မိုရ်က လက်ရှိမှာတော့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးပေးနေပြီး အခြားသော အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။


ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ မေမြင့်မိုရ်


မေမြင့်မိုရ်ကတော့ တစ်နေ့တစ်ခြား ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်သူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ်ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Credit  \\   original

Recent Updates

Recent Posts Widget