ေလးစားထိုက္ဖြယ္ စိတ္ဓာတ္နဲ႔ ..စစ္ကိုင္းက သားငယ္ေလး..
ဒီေန႔ စစ္ကိုင္းကမ္းနားလမ္းကFood Box ကို ေရာက္ေတာ့ဒီပံုထဲက ကေလးေလးေပါ့
ဦးဦး သား ပိုက္ဆံ၅၀၀လႉခ်င္လို႔တဲ့
ဦးဦးက မလႉပါနဲ႔သားစားခ်င္တဲ့ မုန္႔ယူစားသြားပါေျပာေတာ့ မဟုတ္ဘူး သားလဲလႉခ်င္လို႔တဲ့
(ေလးစားတယ္သားရယ္)
စက္ဘီးေသးေသးေလးစီးပီးေခြၽးေတြနဲ႔ လႉခ်င္႐ွာတာ မလႉရမခ်င္း မုန္႔တခုမွယူမစားဘူး သူ႔အလႉေငြ၅၀၀က်ပ္ကိုလက္ခံပီးမွ အာ႐ွပင္မွည့္တဗူးနဲ႔ မုန္႔ေလးတထုပ္ပဲယူသြား႐ွာတယ္ အပိုမယူဘူး
ေ႐ွ႕လူ ေနာက္လူ အတြက္ခ်န္ေပးသြား႐ွာတယ္ သားေလး ေရ သာဓု သာဓု သာဓုပါ
အသက္ႀကီးႀကီးငယ္ငယ္ ႐ွိဖို႔မလိုဘူး
သိဖို႔ပဲလိုတယ္ ဆိုတာ သားေလးက သင္ခန္းစာေပးသြား႐ွာတယ္
သားေလးႀကီးပြားတိုးတက္ေအာင္ျမင္ပါေစ ပညာတတ္ႀကီးျဖစ္ပါေစ ေ႐ွ႕ေဆာင္လမ္းျပ ေခါင္းေဆာင္ေကာင္းႀကီးျဖစ္ပါေစ 🙏🙏🙏🙏🙏
crd – Shan Cherry
Unicode Version
လေးစားထိုက်ဖွဒီနေ့ စစ်ကိုင်းကမ်းနားလမ်းကFood Box ကို ရောက်တော့ဒီပုံထဲက ကလေးလေးပေါ့
ဦးဦး သား ပိုက်ဆံ၅၀၀လှူချင်လို့တဲ့
ဦးဦးက မလှူပါနဲ့သားစားချင်တဲ့ မုန့်ယူစားသွားပါပြောတော့ မဟုတ်ဘူး သားလဲလှူချင်လို့တဲ့
(လေးစားတယ်သားရယ်)
စက်ဘီးသေးသေးလေးစီးပီးချွေးတွေနဲ့ လှူချင်ရှာတာ မလှူရမချင်း မုန့်တခုမှယူမစားဘူး သူ့အလှူငွေ၅၀၀ကျပ်ကိုလက်ခံပီးမှ အာရှပင်မှည့်တဗူးနဲ့ မုန့်လေးတထုပ်ပဲယူသွားရှာတယ် အပိုမယူဘူး
ရှေ့လူ နောက်လူ အတွက်ချန်ပေးသွားရှာတယ် သားလေး ရေ သာဓု သာဓု သာဓုပါ
အသက်ကြီးကြီးငယ်ငယ် ရှိဖို့မလိုဘူး
သိဖို့ပဲလိုတယ် ဆိုတာ သားလေးက သင်ခန်းစာပေးသွားရှာတယ်
သားလေးကြီးပွားတိုးတက်အောင်မြင်ပါစေ ပညာတတ်ကြီးဖြစ်ပါစေ ရှေ့ဆောင်လမ်းပြ ခေါင်းဆောင်ကောင်းကြီးဖြစ်ပါစေ 🙏🙏🙏🙏🙏
crd – Shan Cherryယ် စိတ်ဓာတ်နဲ့ ..စစ်ကိုင်းက သားငယ်လေး..








