“ခရီးသည္နဲ႔ ဆုိုင္ကယ္ ကယ္ရီသမားတို႔ မေမွ်ာ္လင့္ဘဲ ရုပ္တူေနတဲ့ အျဖစ္အပ်က္(ရုပ္သံ)”
ခရီးသည္နဲ႔ ဆုိုင္ကယ္ ကယ္ရီသမားတို႔ မေမွ်ာ္လင့္ဘဲ ရုပ္တူေနတဲ့ အျဖစ္အပ်က္(ရုပ္သံ)
တကယ္ကို အံ့အားသင့္သြားေစခဲ့ပါတယ္–တူတာကလဲ တစ္ေယာက္ထဲလားကို မွတ္ယူရပါတယ္
အင္ဒိုနီရွားႏိုင္ငံမွာ Grab ဆိုင္ကယ္ ကယ္ရီသမားတစ္ေယာက္က သူ႔ရဲ႕ ရုပ္နဲ႔ တစ္ေထရာတည္းတူေနတဲ့ ခရီးသြား ဧည့္သည္တစ္ေယာက္ကို မေမွ်ာ္လင့္ထားတဲ့ ပံုစံနဲ႔ ဆံုေတြ႔ခဲ့ရပါတယ္။
စစခ်င္းမွာ ေတာ့ အေနာက္ပါလာတဲ့ ခရီးသြားက သူ႔စိတ္ကူးနဲ႔ သူ ခရီးကို မွတ္တမ္းျပဳလာခဲ့ပါတယ္။ ဒါေပမယ့္ ၄င္းက အေရွ႕ကင္မရာကို ဖြင့္လိုက္တဲ့ အခ်ိန္မွာေတာ့ ရုတ္တရက္ ကယ္ရီသမားေရာ သူေရာ ႏွစ္ေယာက္လံုး တစ္ရုပ္တည္ျဖစ္ေနတာကို သတိျပဳမိသြားၾကပါတယ္။
ဗီဒီယိုရဲ႕ အဆံုးမွာေတာ့ ႏွစ္ေယာက္လံုး ရယ္ပြဲအၾကီးအက်ယ္ ပြဲက်ေနတာကို ေတြ႔ရမွာျဖစ္ပါတယ္။
ဒီလိုမ်ိဳး ႏွစ္ေယာက္ ရုပ္တူေနတာကို အင္တာနက္အသံုးျပဳသူေတြက ၄င္းတို႔ဟာ တစ္ကြဲတစ္ျပားစီး ေမြးလာတဲ့ အမႊားေတြ ျဖစ္တယ္လို႔ ခန္႔မွန္း သံုးသပ္ေနၾကပါတယ္။
ဒီ ဗီဒီယိုဟာ အစစ္ဟုတ္ မဟုတ္ဆိုတာေတာ့ သံသယျဖစ္ဖြယ္ ရွိေပမယ့္ တကယ္သာဆို ၄င္းတို႔အတြက္ အဲ့ဒီ့အခိုက္အတန္႔ဟာ လံုး၀မေမ့ႏိုင္စရာျဖစ္မွာ အေသအခ်ာပါပဲ။
video ဖိုင္ၾကည့္ရန္ ေအာက္တြင္ေဖာ္ျပေပးလိုက္ပါတယ္
Credit – Matthew (ShweMOM)
Unicode
ခရီးသည်နဲ့ ဆိုုင်ကယ် ကယ်ရီသမားတို့ မမျှော်လင့်ဘဲ ရုပ်တူနေတဲ့ အဖြစ်အပျက်(ရုပ်သံ)
တကယ်ကို အံ့အားသင့်သွားစေခဲ့ပါတယ်–တူတာကလဲ တစ်ယောက်ထဲလားကို မှတ်ယူရပါတယ်
အင်ဒိုနီရှားနိုင်ငံမှာ Grab ဆိုင်ကယ် ကယ်ရီသမားတစ်ယောက်က သူ့ရဲ့ ရုပ်နဲ့ တစ်ထေရာတည်းတူနေတဲ့ ခရီးသွား ဧည့်သည်တစ်ယောက်ကို မမျှော်လင့်ထားတဲ့ ပုံစံနဲ့ ဆုံတွေ့ခဲ့ရပါတယ်။
စစချင်းမှာ တော့ အနောက်ပါလာတဲ့ ခရီးသွားက သူ့စိတ်ကူးနဲ့ သူ ခရီးကို မှတ်တမ်းပြုလာခဲ့ပါတယ်။ ဒါပေမယ့် ၄င်းက အရှေ့ကင်မရာကို ဖွင့်လိုက်တဲ့ အချိန်မှာတော့ ရုတ်တရက် ကယ်ရီသမားရော သူရော နှစ်ယောက်လုံး တစ်ရုပ်တည်ဖြစ်နေတာကို သတိပြုမိသွားကြပါတယ်။
ဗီဒီယိုရဲ့ အဆုံးမှာတော့ နှစ်ယောက်လုံး ရယ်ပွဲအကြီးအကျယ် ပွဲကျနေတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုမျိုး နှစ်ယောက် ရုပ်တူနေတာကို အင်တာနက်အသုံးပြုသူတွေက ၄င်းတို့ဟာ တစ်ကွဲတစ်ပြားစီး မွေးလာတဲ့ အမွှားတွေ ဖြစ်တယ်လို့ ခန့်မှန်းသုံးသပ်နေကြပါတယ်။
ဒီ ဗီဒီယိုဟာ အစစ်ဟုတ် မဟုတ်ဆိုတာတော့ သံသယဖြစ်ဖွယ် ရှိပေမယ့် တကယ်သာဆို ၄င်းတို့အတွက် အဲ့ဒီ့အခိုက်အတန့်ဟာ လုံးဝမမေ့နိုင်စရာဖြစ်မှာ အသေအချာပါပဲ။
Credit – Matthew (ShweMOM)


