လူ၁၀၀၀ခန့် တက်ရောက်ပြီး ခမ်းနားစွာ ဆုတောင်းပွဲလုပ်ခဲ့ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့
ဒီနေ့ ကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ရှားပါးလှတဲ့ ရတနာတစ်ပါး ဒါမှမဟုတ် သူရဲကောင်းတစ်ယောက် ကမ္ဘာမြေကြီးပေါ်ကို စတင်ရောက်ရှိလာခဲ့တဲ့ နေ့ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူက ၇၄ နှစ်ပြည့်ခဲ့ပါပြီ။ သူရဲကောင်းမျိုးရိုးကနေဆင်းသက်လာ ပြီး ကျနော်တို့နိုင်ငံရဲ့ မိခင်ကောင်းတစ်ယောက်လို အစွမ်းကုန်စောင့်ရှောက်ပေးခဲ့တဲ့ အခုလက်ရှိနိုင်ငံတော် အတိုင်ပင်ခံ တစ်ဦးလည်းဖြစ်တဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ဖြစ်ပါတယ်။
အန်တီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနှစ်ကျရောက်တဲ့ မွေးနေ့အတွက်တော့ နေရာဒေသပေါင်းစုံက အန်တီကိုချစ်မြတ်နိုးသူတွေက ဆုတောင်းပေးကြပြီး အွန်လိုင်းမီဒီယာတွေကလည်း မွေးနေ့ဆုတောင်းစကားတွေကို ပြောကြ ဆုတောင်းကြတာကိုလည်းတွေ့မြင်နိုင်ရမှာဖြစ်ပါတယ်။ ရန်ကုန်မှာတော့ မဟာ ဗန္ဓုလပန်းခြံမှာ တော့ ကိုမောင်မောင်အေး ဦးဆောင်ပြီး လူအင်အား ၁၀၀၀ ခန့်လာရောက်ပြီး ဆုတောင်းပွဲ လုပ်ခဲ့ကြပြီး စုပေါင်းလှူဒါန်းတဲ့ငွေ သိန်းတစ်ရာကျော်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကိုသွားရောက်လှူဒါန်းခဲ့ပါသေးတယ်။
အန်တီကလည်း သူ့ကိုမွေးနေ့ဆုတောင်းပေးကြတဲ့သူတွေကို “ ကျွန်မကို မွေးနေ့ဆုတောင်းတွေ ၊ မွေးနေ့လက်ဆောင်တွေ ပို့သသူများထဲမှ မိမိတို့ မေတ္တာ ၊ စေတနာနဲ့ ပို့သတာတွေကို ကျွန်မမှ သိပါလေစလို့ စဉ်းစားတာရှိပါလိမ့်မယ် ။ အမှန်တိုင်းပြောရရင် အမည်တိုင်းအမည်တိုင်းကို ကျွန်မမသိပါဘူး ။ ဒါပေမယ့် ပို့သတဲ့ မေတ္တာတွေကိုတော့ အနည်းလေးမကျန်ခံစားရပါတယ်။ ဒါဟာကျွန်မရဲ့ ယုံကြည်ချက်ပါပဲ ။ မေတ္တာနဲ့ပေးတဲ့ဆုတိုင်း ထိရောက်ပါတယ်။ ကောင်းကင်ကကျလာတဲ့ မိုးပေါက်တိုင်းကို မသိနိုင်ပေမယ့် ။ ဒီမိုးပေါက်များရဲ့စုပေါင်းအင်အားနဲ့ ကမ္ဘာကြီးကို စိမ်းလန်းစိုပြေသလိုပါပဲ ။ များပြားလှသော မေတ္တာ ၊စေတနာရှင်များရဲ့အားနဲ့ ရှင်သန်နေတယ်လို့ ပြောရင် မမှားပါဘူး” ဆိုတဲ့ စာလေးကို ရေးသားပြီး တုန့်ပြန်ထားကိုလည်းတွေ့မြင်ရမှာပါ။
အန်တီ ဒေါ်အောင်ဆန်းစုကြည် အတွက် ကျနော်တို့ ပြောချင်လွန်းလို့ ဝိုင်းတော်သားတွေကလည်း ကျန်းမာပကတိ ချမ်းသာအတိရှိပြီး ချစ်ရတဲ့နိုင်ငံတော်ကြီးအတွက် ကောင်းကျိုးတွေအများကြီး သယ်ယူလာနိုင်ပါစေလို့ ဆုတောင်းစကား ပို့သလိုက်ရပါတယ်။ လုပ်ငန်းတွေမှာ ဆူးသင်းခလုတ်တွေကင်းရှင်းပါစေလို့လည်း ဆုတောင်းစကားပေးလိုက်ရပါတယ် ခင်ဗျာ ။ မိတ်ဆွေတို့ရဲ့ဆုတောင်းစကားတွေလည်း Comment မှာ ပြောကြားပေးသွားကြပါ့ဦးခင်ဗျာ ။
Credit \\ original


