H1N1တုပ္ေကြးေရာဂါျဖင့္ေသဆံုးသူ ၃ ဦးထိ႐ွိလာဟု က်န္းမာေရးဌာန အတည္ျပဳ

H1N1တုပ္ေကြးေရာဂါျဖင့္ေသဆံုးသူ ၃ ဦးထိ႐ွိလာဟု က်န္းမာေရးဌာန အတည္ျပဳ

ရန္ကုန္တိုင္းေဒသႀကီး၊စမ္းေခ်ာင္း၊ ဒဂုံၿမိဳ႕သစ္ ဆိပ္ကမ္းၿမိဳ႕နယ္နဲ႔ ေကာ့မႉးၿမဳိ႕နယ္တို႔မွာ H1N1 တုပ္ေကြးေရာဂါနဲ႔ လူ ၃ ဦးေသဆုံးသြားတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနကအတည္ျပဳ ေျပာၾကားလိုက္ပါတယ္။ဒီကေန႔ မြန္းလြဲပိုင္းက သတင္းစာရွင္းလင္း ေျပာၾကားလိုက္တာျဖစ္ၿပီး လက္ရွိ ေစာင့္ၾကည့္ေနတဲ့ ေရာဂါသံသယရွိ လူနာ ၇ ဦးရွိေနတယ္လုိ႔လည္း က်န္းမာေရးဌာန တာ၀န္ရွိသူေတြက ေျပာသြားပါတယ္။ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ H1N1 ကူးစက္ေရာဂါနဲ႔ ေသဆံုးသြားတယ္တဲ့ အမ်ိဳးသား တေယာက္ကို ဒီေန႔ ေရေဝး သုႆာန္မွာ မီးသၿဂႋဳဟ္ခဲ့တယ္လို႔ နာေရးကူညီမႈ အသင္း(ရန္ကုန္) က ထုတ္ျပန္ထားပါတယ္။

ဇြန္ ၁၄ ရက္ကလည္း ေကာ့မႉးၿမဳိ႕နယ္က အသက္ ၂၉ ႏွစ္အရြယ္အမ်ိဳးသမီးတေယာက္ H1N1 ေရာဂါနဲ႔ ရန္ကုန္ေဆး႐ံုးႀကီးမွာေသဆံုးခဲ့တယ္လို႔ ရန္ကုန္တိုင္း က်န္းမာေရးဦးစီးမႉးထံကို ေကာ့မႉးၿမဳိ႕နယ္ က်န္းမာေရးဌာနတာ၀န္ရွိသူက ေပးပို႔တဲ့စာတေစာင္မွာ ေတြ႔ရပါတယ္။၂၀၁၇ ခုႏွစ္တုန္းက ျမန္မာႏိုင္ငံမွာ H1N1 ပိုးေတြ႔လူနာ စုစုေပါင္း ၁၅၄ ေယာက္၊ ေသဆုံးသူ စုစုေပါင္း ၁၆ ေယာက္ထိ ရွိခဲ့ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္း၊ ဒဂုံၿမိဳ႕သစ္ ဆိပ္ကမ္းၿမိဳ႕နယ္နဲ႔ ေကာ့မႉးၿမဳိ႕နယ္တို႔မွာ H1N1 တုပ္ေကြးေရာဂါနဲ႔ လူ ၃ ဦးေသဆုံးသြားတယ္လို႔ က်န္းမာေရး၀န္ႀကီးဌာနက အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။ဒီကေန႔ မြန္းလြဲပိုင္းက သတင္းစာရွင္းလင္း ေျပာၾကားလိုက္တာျဖစ္ၿပီး လက္ရွိ ေစာင့္ၾကည့္ေနတဲ့ ေရာဂါသံသယရွိ လူနာ ၇ ဦးရွိေနတယ္လုိ႔လည္း က်န္းမာေရးဌာန တာ၀န္ရွိသူေတြက ေျပာသြားပါတယ္။ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွာ H1N1 ကူးစက္ေရာဂါနဲ႔ ေသဆံုးသြားတယ္တဲ့ အမ်ိဳးသား တေယာက္ကို ဒီေန႔ ေရေဝး သုႆာန္မွာ မီးသၿဂႋဳဟ္ခဲ့တယ္လို႔ နာေရးကူညီမႈ အသင္း(ရန္ကုန္) က ထုတ္ျပန္ထားပါတယ္။

ဇြန္ ၁၄ ရက္ကလည္း ေကာ့မႉးၿမဳိ႕နယ္က အသက္ ၂၉ ႏွစ္အရြယ္အမ်ိဳးသမီးတေယာက္ H1N1 ေရာဂါနဲ႔ ရန္ကုန္ေဆး႐ံုးႀကီးမွာေသဆံုးခဲ့တယ္လို႔ ရန္ကုန္တိုင္း က်န္းမာေရးဦးစီးမႉးထံကို ေကာ့မႉးၿမဳိ႕နယ္ က်န္းမာေရးဌာနတာ၀န္ရွိသူက ေပးပို႔တဲ့စာတေစာင္မွာ ေတြ႔ရပါတယ္။၂၀၁၇ ခုႏွစ္တုန္းက ျမန္မာႏိုင္ငံမွာ H1N1 ပိုးေတြ႔လူနာ စုစုေပါင္း ၁၅၄ ေယာက္၊ ေသဆုံးသူ စုစုေပါင္း ၁၆ ေယာက္ထိ ရွိခဲ့ပါတယ္။
Credit DVB News

Unicode

ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်နဲ့ ကော့မှူးမြို့နယ်တို့မှာ H1N1 တုပ်ကွေးရောဂါနဲ့ လူ ၃ ဦးသေဆုံးသွားတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနကအတည်ပြု ပြောကြားလိုက်ပါတယ်။ဒီကနေ့ မွန်းလွဲပိုင်းက သတင်းစာရှင်းလင်း ပြောကြားလိုက်တာဖြစ်ပြီး လက်ရှိ စောင့်ကြည့်နေတဲ့ ရောဂါသံသယရှိ လူနာ ၇ ဦးရှိနေတယ်လို့လည်း ကျန်းမာရေးဌာန တာ၀န်ရှိသူတွေက ပြောသွားပါတယ်။ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ H1N1 ကူးစက်ရောဂါနဲ့ သေဆုံးသွားတယ်တဲ့ အမျိုးသား တယောက်ကို ဒီနေ့ ရေဝေး သုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ နာရေးကူညီမှု အသင်း(ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၄ ရက်ကလည်း ကော့မှူးမြို့နယ်က အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတယောက် H1N1 ရောဂါနဲ့ ရန်ကုန်ဆေးရုံးကြီးမှာသေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးမှူးထံကို ကော့မှူးမြို့နယ် ကျန်းမာရေးဌာနတာ၀န်ရှိသူက ပေးပို့တဲ့စာတစောင်မှာ တွေ့ရပါတယ်။၂၀၁၇ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ H1N1 ပိုးတွေ့လူနာ စုစုပေါင်း ၁၅၄ ယောက်၊ သေဆုံးသူ စုစုပေါင်း ၁၆ ယောက်ထိ ရှိခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်နဲ့ ကော့မှူးမြို့နယ်တို့မှာ H1N1 တုပ်ကွေးရောဂါနဲ့ လူ ၃ ဦးသေဆုံးသွားတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနက အတည်ပြု ပြောကြားလိုက်ပါတယ်။ဒီကနေ့ မွန်းလွဲပိုင်းက သတင်းစာရှင်းလင်း ပြောကြားလိုက်တာဖြစ်ပြီး လက်ရှိ စောင့်ကြည့်နေတဲ့ ရောဂါသံသယရှိ လူနာ ၇ ဦးရှိနေတယ်လို့လည်း ကျန်းမာရေးဌာန တာ၀န်ရှိသူတွေက ပြောသွားပါတယ်။ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ H1N1 ကူးစက်ရောဂါနဲ့ သေဆုံးသွားတယ်တဲ့ အမျိုးသား တယောက်ကို ဒီနေ့ ရေဝေး သုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ နာရေးကူညီမှု အသင်း(ရန်ကုန်) က ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၄ ရက်ကလည်း ကော့မှူးမြို့နယ်က အသက် ၂၉ နှစ်အရွယ်အမျိုးသမီးတယောက် H1N1 ရောဂါနဲ့ ရန်ကုန်ဆေးရုံးကြီးမှာသေဆုံးခဲ့တယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးမှူးထံကို ကော့မှူးမြို့နယ် ကျန်းမာရေးဌာနတာ၀န်ရှိသူက ပေးပို့တဲ့စာတစောင်မှာ တွေ့ရပါတယ်။၂၀၁၇ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ H1N1 ပိုးတွေ့လူနာ စုစုပေါင်း ၁၅၄ ယောက်၊ သေဆုံးသူ စုစုပေါင်း ၁၆ ယောက်ထိ ရှိခဲ့ပါတယ်။
Credit DVB News

Recent Updates

Recent Posts Widget