အလြဲသံုးစားျပဳလုပ္ခံရေသာက်ပ္သိန္းရွစ္ေထာင္ေက်ာ္ကုိ UAB ဘဏ္က စုိက္ထုတ္ေပးမည္
အလွဲသုံးစားပြုလုပ်ခံရသောကျပ်သိန်းရှစ်ထောင်ကျော်ကို UAB ဘဏ်က စိုက်ထုတ်ပေးမည်
အလွဲသုံးစားပြုလုပ်ခံရ သော ကျပ်သိန်းရှစ်ထောင်ကျော် ကို ဘဏ်ကတာဝန်ယူစိုက်ထုတ် ဖြေရှင်းပေးမည်ဟု ယူနိုက်တက် အမရဘဏ်(UAB) ဒါရိုက်တာ ဦးသန်းဝင်းဆွေက ပြောကြားသည်။
ငွေအပ်သူနှင့် ဘဏ်ခွဲမန်နေဂျာတို့အကြား ရင်းနှီးမှုကို အခြေခံပြီး ဖြစ်ပေါ်လာသော မန္တလေး မြို့ ချမ်းအေးသာဇံမြို့နယ် UAB ဘဏ်ခွဲ အကြီးတန်းမန်နေဂျာ၏ ကျပ်သိန်းရှစ်ထောင်ကျော် ငွေကြေးအလွဲသုံးစားပြုလုပ်မှုတွင် ဘဏ်အမည် ပါဝင်နေခြင်း ကြောင့် ငွေအပ်သူစိုးရိမ်မှုမရှိစေ ရန် ဘဏ်ကတာဝန်ယူမည်ဟု ၎င်းကပြောသည်။
ငွေအပ်သူက ဇွန်လ ၁၀ ရက်တွင် ဘဏ်ရုံးခွဲတာဝန်ရှိသူ များထံသို့ သွားရောက်တိုင်ကြား သဖြင့် အကြီးတန်း ဘဏ်ခွဲ မန်နေဂျာ၏ငွေကြေးအလွဲသုံးစားမှုပေါ် ပေါက်ခဲ့ကြောင်း UAB ဘဏ်က ဇွန်လ ၂၀ ရက်ညနေတွင်သတင်း ထုတ်ပြန် အတည်ပြုခဲ့သည်။
ငွေကြေးအလွဲသုံးစား ပြု လုပ်ခဲ့သည့် အကြီးတန်းဘဏ်ခွဲ မန်နေဂျာ ဦးရန်နိုင်မျိုးဆွေသည် ထွက်ပြေး တိမ်းရှောင်နေသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။ ငွေအပ်သူနှင့် ဘဏ်ပူး ပေါင်းပြီး ၎င်းကိုဖမ်းဆီး ရမိ ရေး ဆောင်ရွက်နေသည်ဟု ဦးသန်း ဝင်းဆွေက ပြောသည်။
အကြီးတန်းဘဏ်ခွဲမန်နေဂျာသည် ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်ခဲ့ခြင်း သိသာထင်ရှားနေခြင်းကြောင့် ဇွန်လ ၁၈ ရက် တွင် ချမ်းအေးသာဇံမြို့နယ်အ မှတ်(၈)ရဲစခန်း၌ (ပ)၅၄၉/ ၂၀၁၉၊ တည်ဆဲပြစ်မှုဆိုင်ရာဥပ ဒေပုဒ်မ ၄၀၈၊ ၄၆၈ တို့ဖြင့် UAB ဘဏ်ကအမှုဖွင့်ထားသည်ဟု လည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ငွေကြေးအလွဲသုံးစားပြုလုပ်သူနှင့် ပတ်သက်၍ အလားတူဖြစ်ရပ်များ ကြုံတွေ့ပါက နီးစပ်ရာရဲစခန်းသို့ အကြောင်း ကြားပေးပါရန် မေတ္တာရပ်ခံ ကြောင်း သတင်းထုတ်ပြန်ချက် တွင် ထည့်သွင်းဖော်ပြထားသည်။
မြန်မာ့စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုအစီရင်ခံစာတွင် ယူနိုက်တက်အမရ ဘဏ်က အဆင့်(၅)တွင်ရှိနေပြီး မြန်မာနိုင်ငံ၏ မြို့နယ် ၄၇ ခုတွင် ဘဏ်ခွဲ ၇၈ ခုဖွင့်လှစ်ထားသည်။ ယူနိုက်တက် အမရဘဏ်ကို ၂၀၁၀ တွင် စတင် ဖွင့်လှစ်ခဲ့ သည်။
Credit \\ original
အလြဲသံုးစားျပဳလုပ္ခံရေသာက်ပ္သိန္းရွစ္ေထာင္ေက်ာ္ကုိ UAB ဘဏ္က စုိက္ထုတ္ေပးမည္
အလဲြသုံးစားျပဳလုပ္ခံရ ေသာ က်ပ္သိန္းရွစ္ေထာင္ေက်ာ္ ကုိ ဘဏ္ကတာ၀န္ယူစိုက္ထုတ္ ေျဖရွင္းေပးမည္ဟု ယူႏုိက္တက္ အမရဘဏ္(UAB) ဒါ႐ုိက္တာ ဦးသန္း၀င္းေဆြက ေျပာၾကားသည္။
ေငြအပ္သူႏွင့္ ဘဏ္ခြဲမန္ေနဂ်ာတုိ႔အၾကား ရင္းႏွီးမႈကုိ အေျခခံၿပီး ျဖစ္ေပၚလာေသာ မႏၲေလး ၿမိဳ႕ ခ်မ္းေအးသာဇံၿမိဳ႕နယ္ UAB ဘဏ္ခြဲ အႀကီးတန္းမန္ေနဂ်ာ၏ က်ပ္သိန္းရွစ္ေထာင္ေက်ာ္ ေငြေၾကးအလြဲသုံးစားျပဳလုပ္မႈတြင္ ဘဏ္အမည္ ပါ၀င္ေနျခင္း ေၾကာင့္ ေငြအပ္သူစုိးရိမ္မႈမရွိေစ ရန္ ဘဏ္ကတာ၀န္ယူမည္ဟု ၎ကေျပာသည္။
ေငြအပ္သူက ဇြန္လ ၁၀ ရက္တြင္ ဘဏ္႐ုံးခြဲတာ၀န္ရွိသူ မ်ားထံသုိ႔ သြားေရာက္တိုင္ၾကား သျဖင့္ အႀကီးတန္း ဘဏ္ခြဲ မန္ေနဂ်ာ၏ေငြေၾကးအလြဲသုံးစားမႈေပၚ ေပါက္ခဲ့ေၾကာင္း UAB ဘဏ္က ဇြန္လ ၂၀ ရက္ညေနတြင္သတင္း ထုတ္ျပန္ အတည္ျပဳခဲ့သည္။
ssg29
ေငြေၾကးအလြဲသုံးစား ျပဳ လုပ္ခဲ့သည့္ အႀကီးတန္းဘဏ္ခြဲ မန္ေနဂ်ာ ဦးရန္ႏုိင္မ်ိဳးေဆြသည္ ထြက္ေျပး တိမ္းေရွာင္ေနသည္ဟု သတင္းထုတ္ျပန္ခ်က္တြင္ေဖာ္ျပ ထားသည္။ ေငြအပ္သူႏွင့္ ဘဏ္ပူး ေပါင္းၿပီး ၎ကုိဖမ္းဆီး ရမိ ေရး ေဆာင္ရြက္ေနသည္ဟု ဦးသန္း ၀င္းေဆြက ေျပာသည္။
အႀကီးတန္းဘဏ္ခြဲမန္ေနဂ်ာသည္ ကုိယ္က်ိဳးအတြက္ အလြဲသုံးစားလုပ္ခဲ့ျခင္း သိသာထင္ရွားေနျခင္းေၾကာင့္ ဇြန္လ ၁၈ ရက္ တြင္ ခ်မ္းေအးသာဇံၿမိဳ႕နယ္အ မွတ္(၈)ရဲစခန္း၌ (ပ)၅၄၉/ ၂၀၁၉၊ တည္ဆဲျပစ္မႈဆုိင္ရာဥပ ေဒပုဒ္မ ၄၀၈၊ ၄၆၈ တို႔ျဖင့္ UAB ဘဏ္ကအမႈဖြင့္ထားသည္ဟု လည္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထုိ႔အျပင္ ေငြေၾကးအလြဲသုံးစားျပဳလုပ္သူႏွင့္ ပတ္သက္၍ အလားတူျဖစ္ရပ္မ်ား ႀကံဳေတြ႕ပါက နီးစပ္ရာရဲစခန္းသုိ႔ အေၾကာင္း ၾကားေပးပါရန္ ေမတၱာရပ္ခံ ေၾကာင္း သတင္းထုတ္ျပန္ခ်က္ တြင္ ထည့္သြင္းေဖာ္ျပထားသည္။
ျမန္မာ့စီးပြားေရးလုပ္ငန္းမ်ား၏ ပြင့္လင္းျမင္သာမႈအစီရင္ခံစာတြင္ ယူႏုိက္တက္အမရ ဘဏ္က အဆင့္(၅)တြင္ရွိေနၿပီး ျမန္မာႏုိင္ငံ၏ ၿမိဳ႕နယ္ ၄၇ ခုတြင္ ဘဏ္ခြဲ ၇၈ ခုဖြင့္လွစ္ထားသည္။ ယူႏုိက္တက္ အမရဘဏ္ကုိ ၂၀၁၀ တြင္ စတင္ ဖြင့္လွစ္ခဲ့ သည္။
Credit \\ original



