“ကံေကာင္းျခင္းေတြ ကိုယ့္ဆီေရာက္လာဖို႕ ေန႕တိုင္း လုပ္ေပးရမယ့္ အခ်က္ (၇) ခ်က္”
“ကံေကာင္းျခင္းေတြ ကိုယ့္ဆီေရာက္လာဖို႕ ေန႕တိုင္း လုပ္ေပးရမယ့္ အခ်က္ (၇) ခ်က္”
ကံေကာင္းျခင္းဆိုတာ သူ႕အလိုလိုျဖစ္လာတဲ့ အရာလား၊ လုပ္ယူလို႕ရတဲ့အရာလားလို႕ေမးရင္ ဘယ္လိုေျဖမွာပါလဲ။ တကယ္ေတာ့ ကံေကာင္းတယ္ဆိုတာကို လုပ္ယူလို႕ရပါတယ္။
ကံေကာင္းေအာင္ လုပ္ယူလို႕ရမယ့္ နည္းလမ္းေလးေတြကိုေတာ့ အခုပဲဖတ္ျပီး တကယ္ျဖစ္မျဖစ္ လိုက္လုပ္ၾကည့္လိုက္ေနာ္။
(1)- စိတ္ရွင္းေအာင္ေနပါ
စိတ္ထဲမွာမရွင္းတာမိ်ဳး၊ စိတ္ဖိစီးမႈ မ်ားေနတာမ်ိဳး၊ စိတ္ခံစားခ်က္ေတြ မ်ားေနတာမ်ိဳး ျဖစ္ေနတဲ့အခါ ကိုယ့္ရဲ႕စိတ္ကညစ္ႏြမ္းေနျပီး ေကာင္းမြန္တဲ့ အေတြးေတြကို မေတြးနိုင္ေတာ့ပါဘူး။
မေကာင္းတဲ့ အေတြးေတြက ကံေကာင္းျခင္းေတြ ကိုယ့္ဆီ ေရာက္မလာေအာင္ တားဆီးနိုင္တာေၾကာင့္ တတ္နိုင္သေလာက္ စိတ္ကိုရွင္းေအာင္ေနပါ။
(2)- အျမဲ သပ္သပ္ရပ္ရပ္ ဝတ္စားပါ
အဝတ္အစား အျပင္အဆင္ေတြက အေပၚယံေတြလို႕ ထင္ၾကပါလိမ့္မယ္။ အဲ့ဒါထက္ပိုပါတယ္။ အဝတ္အစား သပ္သပ္ရပ္ရပ္ဝတ္တာက စိတ္ကိုၾကည္လင္ေစျပီး ကိုယ့္ရဲ႕အလုပ္လုပ္နိုင္တဲ့စြမ္းရည္ကိုပါ တိုးတက္ေစပါတယ္။
စိတ္ၾကည္လင္ေနေတာ့ မေကာင္းတဲ့အေတြးေတြ မေတြးမိေအာင္ တားေပးနိုင္ပါတယ္္။
(3)- ေကာင္းတာေတြျဖစ္လာမယ္လို႕ေတြးပါ
စိတ္အေတြးေတြက တကယ့္အျဖစ္အပ်က္ေတြကို လႊမ္းမိုးနိုင္ပါတယ္။ ဒါေၾကာင့္ ကံေကာင္းျခင္းရင္ ေကာင္းတာေတြျဖစ္လာမယ္လို႕ ေတြးပါ။
(4)- အေဆာင္ပစၥည္းေလးေတြေဆာင္ထားပါ
အေဆာင္ပစၥည္းေတြက ကံေကာင္းေစနိုင္တယ္လို႕ ေသခ်ာေပါက္မေျပာနိုင္ပါဘူး။ ဒါေပမယ့္ အဲ့ဒီပစၥည္းေလးေတြအေပၚထားတဲ့ယံုၾကည္မႈနဲ႕ စိတ္ခံစားခ်က္က ကံေကာင္းျခင္းေတြျဖစ္လာေအာင္ အေထာက္အကူျဖစ္ေစပါတယ္။
(5)- သူမ်ားဘက္ကေတြးေပးပါ
သူမ်ားဘက္က ေတြးေပးတတ္မွ ကိုယ္ခ်င္းစာစိတ္ရွိမွာပါ။ ကိုယ္ခ်င္းစာစိတ္ရွိတာက ၾကင္နာတတ္တဲ့စိတ္ကိုျဖစ္ေစျပီး မေကာင္းတာေတြ မလုပ္မိေအာင္ တားဆီးနိုင္ပါတယ္။ ဒီေတာ့ ကံေကာင္းတာေတြေပဲျဖစ္လာပါလိမ့္မယ္။
(6)- တစ္ေန႕တာကိုကိုယ့္အတြက္အက်ိဳးရွိေအာင္သံုးပါ
ကံဆိုတာ အလုပ္ဆိုတဲ့ စကားကို ၾကားဖူးမွာပါ။ ဒါေၾကာင့္ ကံေကာင္းခ်င္ရင္ အလုပ္ေတာ့ေကာင္းေကာင္းလုပ္ဖို႕လိုပါတယ္။ အလုပ္လုပ္ရာမွာလည္း ၾကီးၾကီးက်ယ္က်ယ္ေတြ လုပ္ေနမွ မဟုတ္ပါဘူး၊ တစ္ေန႕တာကို အက်ိဳးရွိရွိအသံုးခ်ျပီး ေနနိုင္ရင္ပဲလံုေလာက္ပါျပီ။
(7)- ခြင့္လႊတ္ေပးပါ
သူမ်ားေတြ ကိုယ့္အေပၚက်ဴးလြန္ထားတဲ့ အျပစ္ေတြပဲျဖစ္ျဖစ္၊ ကိုယ္က က်ဴးလြန္ထားတာေတြပဲျဖစ္ျဖစ္ အားလံုးကိုလႊတ္ခ်တတ္ဖို႕လိုပါတယ္။ အဲ့ဒါေတြကို သယ္ေဆာင္သြားမယ္ဆိုရင္ ကိုယ့္အတြက္ေတာက္ေလွ်ာက္ဖိစီးေနနိုင္ျပီး စိတ္ရွင္းရွင္းေနနိုင္မွာမဟုတ္ပါဘူး။ ဒီလိုဆို ကံေကာင္းျခင္းေတြလည္း လြယ္လြယ္နဲ႕ေရာက္လာေတာ့မွာ မဟုတ္ပါဘူး။
ေလးစားစြာျဖင့္ – MAY THAZINHTOO
Unicode
ကံကောင်းခြင်းတွေ ကိုယ့်ဆီရောက်လာဖို့ နေ့တိုင်း လုပ်ပေးရမယ့် အချက် (၇) ချက်
ကံကောင်းခြင်းဆိုတာ သူ့အလိုလိုဖြစ်လာတဲ့ အရာလား၊ လုပ်ယူလို့ရတဲ့အရာလားလို့မေးရင် ဘယ်လိုဖြေမှာပါလဲ။ တကယ်တော့ ကံကောင်းတယ်ဆိုတာကို လုပ်ယူလို့ရပါတယ်။
ကံကောင်းအောင် လုပ်ယူလို့ရမယ့် နည်းလမ်းလေးတွေကိုတော့ အခုပဲဖတ်ပြီး တကယ်ဖြစ်မဖြစ် လိုက်လုပ်ကြည့်လိုက်နော်။
(1)- စိတ်ရှင်းအောင်နေပါ
စိတ်ထဲမှာမရှင်းတာမျိုး၊ စိတ်ဖိစီးမှု များနေတာမျိုး၊ စိတ်ခံစားချက်တွေ များနေတာမျိုး ဖြစ်နေတဲ့အခါ ကိုယ့်ရဲ့စိတ်ကညစ်နွမ်းနေပြီး ကောင်းမွန်တဲ့ အတွေးတွေကို မတွေးနိုင်တော့ပါဘူး။
မကောင်းတဲ့ အတွေးတွေက ကံကောင်းခြင်းတွေ ကိုယ့်ဆီ ရောက်မလာအောင် တားဆီးနိုင်တာကြောင့် တတ်နိုင်သလောက် စိတ်ကိုရှင်းအောင်နေပါ။
(2)- အမြဲ သပ်သပ်ရပ်ရပ် ဝတ်စားပါ
အဝတ်အစား အပြင်အဆင်တွေက အပေါ်ယံတွေလို့ ထင်ကြပါလိမ့်မယ်။ အဲ့ဒါထက်ပိုပါတယ်။ အဝတ်အစား သပ်သပ်ရပ်ရပ်ဝတ်တာက စိတ်ကိုကြည်လင်စေပြီး ကိုယ့်ရဲ့အလုပ်လုပ်နိုင်တဲ့စွမ်းရည်ကိုပါ တိုးတက်စေပါတယ်။
စိတ်ကြည်လင်နေတော့ မကောင်းတဲ့အတွေးတွေ မတွေးမိအောင် တားပေးနိုင်ပါတယ််။
(3)- ကောင်းတာတွေဖြစ်လာမယ်လို့တွေးပါ
စိတ်အတွေးတွေက တကယ့်အဖြစ်အပျက်တွေကို လွှမ်းမိုးနိုင်ပါတယ်။ ဒါကြောင့် ကံကောင်းခြင်းရင် ကောင်းတာတွေဖြစ်လာမယ်လို့ တွေးပါ။
(4)- အဆောင်ပစ္စည်းလေးတွေဆောင်ထားပါ
အဆောင်ပစ္စည်းတွေက ကံကောင်းစေနိုင်တယ်လို့ သေချာပေါက်မပြောနိုင်ပါဘူး။ ဒါပေမယ့် အဲ့ဒီပစ္စည်းလေးတွေအပေါ်ထားတဲ့ယုံကြည်မှုနဲ့ စိတ်ခံစားချက်က ကံကောင်းခြင်းတွေဖြစ်လာအောင် အထောက်အကူဖြစ်စေပါတယ်။
(5)- သူများဘက်ကတွေးပေးပါ
သူများဘက်က တွေးပေးတတ်မှ ကိုယ်ချင်းစာစိတ်ရှိမှာပါ။ ကိုယ်ချင်းစာစိတ်ရှိတာက ကြင်နာတတ်တဲ့စိတ်ကိုဖြစ်စေပြီး မကောင်းတာတွေ မလုပ်မိအောင် တားဆီးနိုင်ပါတယ်။ ဒီတော့ ကံကောင်းတာတွေပေဲဖြစ်လာပါလိမ့်မယ်။
(6)- တစ်နေ့တာကိုကိုယ့်အတွက်အကျိုးရှိအောင်သုံးပါ
ကံဆိုတာ အလုပ်ဆိုတဲ့ စကားကို ကြားဖူးမှာပါ။ ဒါကြောင့် ကံကောင်းချင်ရင် အလုပ်တော့ကောင်းကောင်းလုပ်ဖို့လိုပါတယ်။ အလုပ်လုပ်ရာမှာလည်း ကြီးကြီးကျယ်ကျယ်တွေ လုပ်နေမှ မဟုတ်ပါဘူး၊ တစ်နေ့တာကို အကျိုးရှိရှိအသုံးချပြီး နေနိုင်ရင်ပဲလုံလောက်ပါပြီ။
(7)- ခွင့်လွှတ်ပေးပါ
သူများတွေ ကိုယ့်အပေါ်ကျူးလွန်ထားတဲ့ အပြစ်တွေပဲဖြစ်ဖြစ်၊ ကိုယ်က ကျူးလွန်ထားတာတွေပဲဖြစ်ဖြစ် အားလုံးကိုလွှတ်ချတတ်ဖို့လိုပါတယ်။ အဲ့ဒါတွေကို သယ်ဆောင်သွားမယ်ဆိုရင် ကိုယ့်အတွက်တောက်လျှောက်ဖိစီးနေနိုင်ပြီး စိတ်ရှင်းရှင်းနေနိုင်မှာမဟုတ်ပါဘူး။ ဒီလိုဆို ကံကောင်းခြင်းတွေလည်း လွယ်လွယ်နဲ့ရောက်လာတော့မှာ မဟုတ်ပါဘူး။
လေးစားစွာဖြင့် – MAY THAZINHTOO


