လက်နှစ်ဖက်စလုံးမရှိပေမယ့် …အသက် ၉၁နှစ်အရွယ်အမေကို …လုပ်ကျွေးပြုစုနေတဲ့ သား
Credit \\ original
Unicode Version
မိ ဘ ဆို၏ကျေးဇူးဆိုတာ မြင့်မိုရ်တောင်ထက်တောင် သာပါတယ်။ မိဘတွေက သားသမီးတွေကို ငယ်ရွယ်စဉ်မှာ ပြုစုစောင့်ရှောက်ပေးခဲ့တာပါ။ ငယ်ငယ်လေးကတည်းက သားသမီးတွေကို အစားအစာတွေပါ ခွံကျွေးခဲ့တာပါ။ ဒါ့ကြောင့် သားသမီးများကလည်း မိဘ၏ကျေးဇူးကို ပြန်လည်ဆပ်သင့်ပါတယ်။
ယခုဖြစ်ရပ်လေးကတော့ အသက်၉၁နှစ်အရွယ်အမေကိုလုပ်ကျွေးပြုစုနေတဲ့ လက်နှစ်ဖက်စလုံးမရှိတဲ့သားဖြစ်ပါတယ်။ သားဖြစ်သူ၏အသက်ကတော့ ၄၈နှစ်ရှိပါပြီ။ သူနာမည်ကတော့ ချန်ဂျန်ယင်းဖြစ်ပါတယ်။ သူတို့က တရုတ်နိုင်ငံ ချွန်ကွမ်းပြည်နယ်မှနေထိုင်ကြတာပါ။
သားဖြစ်သူက မိသားစု၆ယောက်ထဲမှာ အငယ်ဆုံးဖြစ်ကာ လယ်စိုက် ထမင်းဟင်းချက်အကုန်သူပဲ လုပ်ပါတယ်။ သူ့အနေဖြင့် အသက်ရနှစ်သားအရွယ်ကတည်းက မတော်တဆမှုတစ်ခုမှာ လက်နှစ်ဘက်စလုံး ဆုံးရှုံးခဲ့ရတာပါ။
သူကအမေဖြစ်သူကို ဟင်းတွေထမင်းတွေကို သူ့ပါးစပ်မှာ ဇွန်းတပ်ပြီးနေ့တိုင်း ခွံကျွေးလေ့ရှိပါတယ်။ သူ့အကြောင်းဟာ လက်ရှိအချိန်မှာ လူထုကွန်ယက်မှာ ကျော်ကြားနေကာ လူတိုင်းက အမေ့ကိုလုပ်ကျွေးတဲ့သူ့ကို ချီးကျူးထောပနာပြုနေကြပါတယ်။
Credit \\ original




