ကမၻာ့အၾကီးဆံုး တစ္ခုျဖစ္သည့္…စင္ကာပူမွ Solar Panel Systems





ကမၻာ့အၾကီးဆုံးထဲမွ တစ္ခုျဖစ္လာမည့္ ေရေပၚ Solar Panel Systems စင္ကာပူတြင္ တည္ေဆာက္~

စင္ကာပူ အစုိးရအဖြဲ႔အစည္း PUB သည္ ကမၻာ့အၾကီဆုုံးထဲမွ တစ္ခုျဖစ္လာမည့္ ေနေရာင္ျခည္စြမ္းအင္သုံး ေရေပၚ Solar Panel Systems တစ္ခုကို စင္ကာပူႏုိင္ငံ Chua Chu Kang အရပ္ရွိ Tengeh ေရေလွာင္တမံထဲတြင္ တပ္ဆင္ေဆာက္လုပ္ရန္စီစဥ္လ်က္ရွိသည္။


၂၀၂၁ ခုႏွစ္တြင္ အဆင္သင့္ျဖစ္ရန္ ရည္ရြယ္ထားျပီး ျပီးစီးခဲ့ပါက ႏွစ္စဥ္ တစ္ခန္းလွ်င္ အခန္း ၄ ခန္းပါ HDB တိုက္ခန္းၾကီးေပါင္း တစ္ေသာင္းသုံးေထာင္ငါးရာခန္႔ (အခန္းငယ္ ငါးေသာင္းေလးေထာင္ခန္႔) အထိ မီးေပးႏိုင္မွာျဖစ္ေၾကာင္းသိရသည္။



အက်ိဳးေက်းဇူးအေနျဖင့္~
တစ္ႏိုင္ငံလုံးရွိ HDB တိုက္ခန္းမ်ား၏ ႏွစ္စဥ္ လွ်စ္စစ္ဓာတ္အားလုိအပ္ခ်က္ ခုႏွစ္ရာခုိင္ႏႈန္း ေလွ်ာ့ခ်ေပးႏုိင္မည္။
ကာဗြန္ဒုိင္ေအာက္ဆိုဒ္ ထုတ္လႊတ္မႈ ႏွစ္စဥ္ တန္ခ်ိန္ ႏွစ္ေသာင္းရွစ္ေထာင္ ခန္႔ ေလွ်ာ့ခ်ႏိုင္မည္။


အဆုိပါ ပမာဏသည္ ကားအစီးေရ ေျခာက္ေထာင္ခန္႔ ကားလမ္းမေပၚမွ ဖယ္ရွာလုိက္သည္ႏွင့္ ညီမွ်မည္။

Credit- စလံုး

Unicode Version
ကမ္ဘာ့အကြီးဆုံးထဲမှ တစ်ခုဖြစ်လာမည့် ရေပေါ် Solar Panel Systems စင်ကာပူတွင် တည်ဆောက်~

စင်ကာပူ အစိုးရအဖွဲ့အစည်း PUB သည် ကမ္ဘာ့အကြီဆုံးထဲမှ တစ်ခုဖြစ်လာမည့် နေရောင်ခြည်စွမ်းအင်သုံး ရေပေါ် Solar Panel Systems တစ်ခုကို စင်ကာပူနိုင်ငံ Chua Chu Kang အရပ်ရှိ Tengeh ရေလှောင်တမံထဲတွင် တပ်ဆင်ဆောက်လုပ်ရန်စီစဉ်လျက်ရှိသည်။
၂၀၂၁ ခုနှစ်တွင် အဆင်သင့်ဖြစ်ရန် ရည်ရွယ်ထားပြီး ပြီးစီးခဲ့ပါက နှစ်စဉ် တစ်ခန်းလျှင် အခန်း ၄ ခန်းပါ HDB တိုက်ခန်းကြီးပေါင်း တစ်သောင်းသုံးထောင်ငါးရာခန့် (အခန်းငယ် ငါးသောင်းလေးထောင်ခန့်) အထိ မီးပေးနိုင်မှာဖြစ်ကြောင်းသိရသည်။
အကျိုးကျေးဇူးအနေဖြင့်~
တစ်နိုင်ငံလုံးရှိ HDB တိုက်ခန်းများ၏ နှစ်စဉ် လျှစ်စစ်ဓာတ်အားလိုအပ်ချက် ခုနှစ်ရာခိုင်နှုန်း လျှော့ချပေးနိုင်မည်။
ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု နှစ်စဉ် တန်ချိန် နှစ်သောင်းရှစ်ထောင် ခန့် လျှော့ချနိုင်မည်။
အဆိုပါ ပမာဏသည် ကားအစီးရေ ခြောက်ထောင်ခန့် ကားလမ်းမပေါ်မှ ဖယ်ရှာလိုက်သည်နှင့် ညီမျှမည်။

Credit- စလုံး

Recent Updates

Recent Posts Widget