အသက္ ၁၀၁ႏွစ္ေရာက္တာေတာင္ ဓာတ္ပံုရို္က္ေနဆဲျဖစ္တဲ့ဂ်ပန္ျပည္ရဲ႕ ပထမဆံုးအမ်ိဳးသမီးဓာတ္ပံုဆရာ
အသက္ ၁၀၁ ႏွစ္အရြယ္ ဓာတ္ပံုဂ်ာနယ္လစ္ျဖစ္တဲ့ ဂ်ပန္အမ်ိဳးသမီးႀကီး အဖြား Tsuneko Sasamoto ဟာ ဂ်ပန္ျပည္ရဲ႕ပထမဦးဆံုး အမ်ိဳးသမီးဓာတ္ပံုဂ်ာနယ္လစ္ေတြထဲက တစ္ဦးအပါအဝင္ျဖစ္ခဲ့သူပါ။သူ႕ကို ၁၉၁၄ ခုႏွစ္၊ စက္တင္ဘာ ၁ ရက္ေန႔မွာ ေမြးဖြားခဲ့တာျဖစ္ၿပီး ဂ်ပန္ျပည္ရဲ႕အသက္အႀကီးရင္႔ဆံုး ဓာတ္ပံုပညာ႐ွင္ေတြထဲက တစ္ဦးအပါအဝင္လည္းျဖစ္ပါတယ္။ အဖြားရဲ႕စိတ္ဓာတ္ျပင္းျပပံုက မႏွစ္က လက္တစ္ေခ်ာင္းနဲ႔ ေျခေထာက္ႏွစ္ေခ်ာင္းစလံုးက်ိဳးသြားခဲ့တာေတာင္မွ ဓာတ္ပံုကိုဆက္လက္႐ိုက္ကူးေနဆဲပါ။
အခုအခ်ိန္မွာ ကုသမႈကိုဆက္လက္ခံယူရင္း ကြယ္လြန္ၿပီးၾကတဲ့သူငယ္ခ်င္းေတြအတြက္ အမွတ္တရဂုဏ္ျပဳမႈအျဖစ္ Flower Glow ဆိုတဲ့ ပေရာဂ်က္နဲ႔ ပန္းပြင့္ေလးေတြကုိ ဓာတ္ပံု႐ိုက္ယူေနတာျဖစ္ပါတယ္။အဖြားက ၂၅ ႏွစ္အရြယ္မွာ ပေရာ္ဖက္႐ွင္နယ္ ဓာတ္ပံုပညာ႐ွင္ ျဖစ္လာခဲ့ၿပီး ဂ်ပန္ျပည္ရဲ႕စစ္ႀကိဳေခတ္နဲ႔ စစ္ၿပီးေခတ္ အေျခအေနေတြကို ကင္မရာနဲ့ အထိမိဆံုး မွတ္တမ္းတင္ခဲ့တဲ့ သူရဲ႕ဓာတ္ပံုေတြဟာ ထင္႐ွားခဲ့ပါတယ္။သက္ေတာ္႐ွည္ အဖြားရဲ႕ဘဝခံယူခ်က္ကလည္း မွတ္သားစရာေကာင္းသလို အေတာ္ေလး႐ိုး႐ွင္းလွပါတယ္။ ဒီလိုအသက္အရြယ္အထိ သူ ဘယ္လိုစိတ္ဓာတ္အင္အားေကာင္းေကာင္းနဲ႔ ေနထိုင္ခဲ့လဲဆိုတာ ထင္ဟပ္ေပၚလြင္ေစပါလိမ့္မယ္။
” ဘဝမွာ အေကာင္းျမင္စိတ္ပိုထားႏိုင္ဖို႔ မ႐ွိမျဖစ္ လိုအပ္တယ္“ဘယ္ေတာ့မွ လက္ေလ်ွာ့ေနာက္လွည့္အ႐ွံုးမေပးဖို႔ပဲ ဘယ္ေတာ့မွ ပ်င္းရိထံုထိုင္းမေနပါနဲ႔ကိုယ့္လုပ္ႏိုင္စြမ္းကို အျမဲႏွိိုးဆြေပးေနဖို႔လိုတယ္၊ သတိနဲ႔ အသိစိတိေလးကပ္ၿပီးေနရမယ္ ” ေၾကာက္တာေပါ့။ သိပ္ေၾကာက္တာေပါ့။ ဒါေပမယ့္ စူးစမ္းလိုတယ္။ မႏွစ္ၿမိဳ႕တဲ့အရာေတြကိုေတာင္ ျမင္ေတြ႕စူးစမ္းလိုစိတ္က႐ွိတယ္။ ကမၻာႀကီးကိုအျမဲရင္ဆိုင္ေမ်ွာ္ၾကည့္ၿပီး လူေတြကိုကြၽန္မေတြ႕ျမင္ထားသမ်ွ အရာအားလံုးကို ျပန္မ်ွေဝခ်င္တယ္။ ကြၽန္မဓာတ္ပံုေတြကေနတစ္ဆင့္ေပါ့ ” လို႔ အဖြားကဆိုခဲ့ပါတယ္။
ZAW (H2H)
Credit \\ original
Unicode
အသက် ၁၀၁ နှစ်အရွယ် ဓာတ်ပုံဂျာနယ်လစ်ဖြစ်တဲ့ ဂျပန်အမျိုးသမီးကြီး အဖွား Tsuneko Sasamoto ဟာ ဂျပန်ပြည်ရဲ့ပထမဦးဆုံး အမျိုးသမီးဓာတ်ပုံဂျာနယ်လစ်တွေထဲက တစ်ဦးအပါအဝင်ဖြစ်ခဲ့သူပါ။သူ့ကို ၁၉၁၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ဂျပန်ပြည်ရဲ့အသက်အကြီးရင့်ဆုံး ဓာတ်ပုံပညာရှင်တွေထဲက တစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ အဖွားရဲ့စိတ်ဓာတ်ပြင်းပြပုံက မနှစ်က လက်တစ်ချောင်းနဲ့ ခြေထောက်နှစ်ချောင်းစလုံးကျိုးသွားခဲ့တာတောင်မှ ဓာတ်ပုံကိုဆက်လက်ရိုက်ကူးနေဆဲပါ။
အခုအချိန်မှာ ကုသမှုကိုဆက်လက်ခံယူရင်း ကွယ်လွန်ပြီးကြတဲ့သူငယ်ချင်းတွေအတွက် အမှတ်တရဂုဏ်ပြုမှုအဖြစ် Flower Glow ဆိုတဲ့ ပရောဂျက်နဲ့ ပန်းပွင့်လေးတွေကို ဓာတ်ပုံရိုက်ယူနေတာဖြစ်ပါတယ်။အဖွားက ၂၅ နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ဓာတ်ပုံပညာရှင် ဖြစ်လာခဲ့ပြီး ဂျပန်ပြည်ရဲ့စစ်ကြိုခေတ်နဲ့ စစ်ပြီးခေတ် အခြေအနေတွေကို ကင်မရာနဲ့ အထိမိဆုံး မှတ်တမ်းတင်ခဲ့တဲ့ သူရဲ့ဓာတ်ပုံတွေဟာ ထင်ရှားခဲ့ပါတယ်။သက်တော်ရှည် အဖွားရဲ့ဘဝခံယူချက်ကလည်း မှတ်သားစရာကောင်းသလို အတော်လေးရိုးရှင်းလှပါတယ်။ ဒီလိုအသက်အရွယ်အထိ သူ ဘယ်လိုစိတ်ဓာတ်အင်အားကောင်းကောင်းနဲ့ နေထိုင်ခဲ့လဲဆိုတာ ထင်ဟပ်ပေါ်လွင်စေပါလိမ့်မယ်။
” ဘဝမှာ အကောင်းမြင်စိတ်ပိုထားနိုင်ဖို့ မရှိမဖြစ် လိုအပ်တယ်“ဘယ်တော့မှ လက်လျှော့နောက်လှည့်အရှုံးမပေးဖို့ပဲ ဘယ်တော့မှ ပျင်းရိထုံထိုင်းမနေပါနဲ့ကိုယ့်လုပ်နိုင်စွမ်းကို အမြဲနှိိုးဆွပေးနေဖို့လိုတယ်၊ သတိနဲ့ အသိစိတိလေးကပ်ပြီးနေရမယ် ” ကြောက်တာပေါ့။ သိပ်ကြောက်တာပေါ့။ ဒါပေမယ့် စူးစမ်းလိုတယ်။ မနှစ်မြို့တဲ့အရာတွေကိုတောင် မြင်တွေ့စူးစမ်းလိုစိတ်ကရှိတယ်။ ကမ်ဘာကြီးကိုအမြဲရင်ဆိုင်မျှော်ကြည့်ပြီး လူတွေကိုကျွန်မတွေ့မြင်ထားသမျှ အရာအားလုံးကို ပြန်မျှဝေချင်တယ်။ ကျွန်မဓာတ်ပုံတွေကနေတစ်ဆင့်ပေါ့ ” လို့ အဖွားကဆိုခဲ့ပါတယ်။
ZAW (H2H)
Credit \\ original




