ကားထဲမွာသရဲေတြ႕လုိ႔ အထိတ္တလန္႔ အကူအညီေတာင္းေနတဲ့ အမ်ိဳးသားတစ္ဦး (႐ုပ္သံ)





မေလးရွားႏုိင္ငံ၊ ကြာလာလမ္ပူၿမိဳ႕က လမ္းခုလတ္တစ္ေနရာမွာ ကားသမားတစ္ေယာက္ဟာ ကားေမာင္းေနရင္းနဲ႔ အထိတ္တလန္႔ သရဲေတြ႕လုိက္တယ္ဆုိၿပီး ပြက္ေလာညံသြားခဲ့ပါတယ္။ သူဟာ ကားကို လမ္းလယ္ကၽြန္းေဘး ကပ္ရပ္ၿပီး၊ ေအာ္ႀကီးဟစ္က်ယ္ အကူအညီေတာင္းေနတာပါ။


ဒီအျဖစ္အပ်က္ဟာ ဇြန္လ (၂၁)ရက္ေန႔မွာ ျဖစ္ခဲ့တာပါ။ တစ္ခ်ိဳ႕ကလည္း ဒီလူ တမင္တကာ ေနာက္ေျပာင္ေနတာလုိ႔ ထင္ေနၾကပါတယ္။ ဒါေပမယ့္ သူရဲ႕ အသံဟာ တကယ္ကို ငယ္သံပါေအာင္ ေအာ္ေနတာျဖစ္ၿပီး၊ ေနာက္ဆုံး ကားထဲကေန ေၾကာက္လန္႔တၾကား ျပဳတ္က်တဲ့အထိပါ။

သူ႕စကားအရ သရဲဟာ သူရဲ႕ကားထဲကို လုိက္လာတယ္လုိ႔ အဓိပၸါယ္ရပါတယ္။ သူဟာ ကားထဲကေန တံခါးဖြင့္ထြက္ဖုိ႔အထိကို ေမ့ေလွ်ာ့ေနၿပီး ” လာၾကပါဦး .. သရဲ .. ကၽြန္ေတာ့္ကားထဲမွာ သရဲပါလာလုိ႔ “ဆုိၿပီး အသံကုန္ဟစ္ေအာ္ေနပါတယ္။

ေနာက္မွ တံးခါက ပြင့္သြားခဲ့ၿပီး၊ သူဟာ ျပဳတ္က်သြားခဲ့တာပါ။ သူ႕ဆီကုိ ဆုိင္ကယ္သမားတစ္ေယာက္ ေျပးသြားၿပီး အကူအညီ ေပးခဲ့ပါတယ္။ သူဟာ ကန္တုံဘာသာစကားနဲ႔ ေအာ္ဟစ္ခဲ့တာျဖစ္လုိ႔ တ႐ုတ္လူမ်ိဳးတစ္ေယာက္လုိ႔ ယူဆရပါတယ္။

ဒီအျဖစ္အပ်က္ဟာ မေလးရွားႏုိင္ငံ၊ ကြာလာလမ္ပူၿမိဳ႕၊ Jalan Duta ရပ္ကြက္၊ Masjid Wilayah Persekutuan အနီးအနားမွာ ျဖစ္ခဲ့တာလုိ႔ သိရပါတယ္။ တစ္ခ်ိဳ႕ကလည္း ဒီအမ်ိဳးသားဟာ Schizophrenia လုိ႔ေခၚတဲ့ စိတ္ကဆင့္ကလ်ားေရာဂါ ျဖစ္ေနပုံရတယ္လုိ႔ ဆုိေနၾကပါတယ္။



Credit  \\  original

ယူနီကုဒ်ဖြင့် ဖတ်ရန်-

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က လမ်းခုလတ်တစ်နေရာမှာ ကားသမားတစ်ယောက်ဟာ ကားမောင်းနေရင်းနဲ့ အထိတ်တလန့် သရဲတွေ့လိုက်တယ်ဆိုပြီး ပွက်လောညံသွားခဲ့ပါတယ်။ သူဟာ ကားကို လမ်းလယ်ကျွန်းဘေး ကပ်ရပ်ပြီး၊ အော်ကြီးဟစ်ကျယ် အကူအညီတောင်းနေတာပါ။

ဒီအဖြစ်အပျက်ဟာ ဇွန်လ (၂၁)ရက်နေ့မှာ ဖြစ်ခဲ့တာပါ။ တစ်ချို့ကလည်း ဒီလူ တမင်တကာ နောက်ပြောင်နေတာလို့ ထင်နေကြပါတယ်။ ဒါပေမယ့် သူရဲ့ အသံဟာ တကယ်ကို ငယ်သံပါအောင် အော်နေတာဖြစ်ပြီး၊ နောက်ဆုံး ကားထဲကနေ ကြောက်လန့်တကြား ပြုတ်ကျတဲ့အထိပါ။

သူ့စကားအရ သရဲဟာ သူရဲ့ကားထဲကို လိုက်လာတယ်လို့ အဓိပ္ပါယ်ရပါတယ်။ သူဟာ ကားထဲကနေ တံခါးဖွင့်ထွက်ဖို့အထိကို မေ့လျှော့နေပြီး ” လာကြပါဦး .. သရဲ .. ကျွန်တော့်ကားထဲမှာ သရဲပါလာလို့ “ဆိုပြီး အသံကုန်ဟစ်အော်နေပါတယ်။

နောက်မှ တံးခါက ပွင့်သွားခဲ့ပြီး၊ သူဟာ ပြုတ်ကျသွားခဲ့တာပါ။ သူ့ဆီကို ဆိုင်ကယ်သမားတစ်ယောက် ပြေးသွားပြီး အကူအညီ ပေးခဲ့ပါတယ်။ သူဟာ ကန်တုံဘာသာစကားနဲ့ အော်ဟစ်ခဲ့တာဖြစ်လို့ တရုတ်လူမျိုးတစ်ယောက်လို့ ယူဆရပါတယ်။

ဒီအဖြစ်အပျက်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ Jalan Duta ရပ်ကွက်၊ Masjid Wilayah Persekutuan အနီးအနားမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ တစ်ချို့ကလည်း ဒီအမျိုးသားဟာ Schizophrenia လို့ခေါ်တဲ့ စိတ်ကဆင့်ကလျားရောဂါ ဖြစ်နေပုံရတယ်လို့ ဆိုနေကြပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget