(၂၀၂၀)ခုနှစ် ပြက္ခဒိန်အတွက် ရိုက်ကူးရေးတွေ လုပ်နေပြီဖြစ်တဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်




ပရိသတ်တွေ ချစ်ကြတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ နေတိုးနဲ့ ဝတ်မှုံရွှေရည်က ရုပ်ရှင်ဗီဒီယိုဇာတ်ကားတွေများစွာ ရိုက်ကူးခဲ့ကြသလို အခြားသော အနုပညာလုပ်ငန်းတွေကိုလည်း တွဲဖက်လုပ်ကိုင်ခဲ့ကြပါတယ်။ ပရိသတ်တွေကလည်း နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ တွဲဖက်သရုပ်ဆောင်တဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးကြတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က မြန်မာနိုင်ငံက အအောင်မြင်ဆုံး သရုပ်ဆောင်နှစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်တာကို တွေ့ရပါတယ်။



မနေ့က ဇွန်လ(၂၆) ရက်နေ့မှာတော့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က 2020 Calendar အတွက် ရိုက်ကူးရေးတစ်ခုကို အတူတူ ရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ရဲ့ ရိုက်ကွင်းပေါ်မှ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။



နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့က ချစ်စရာလေးနော်


ဝတ်မှုံရွှေရည်က နေတိုးနဲ့ အတူတူ ရိုက်ကူးတာ ဘာဖြစ်မလဲဆိုတာကို လျှို့ဝှက်ထားပါသေးတယ်။


ဝတ်မှုံရွှေရည်နဲ့ နေတိုးကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း တရုတ်ဝတ်စုံကြီးတွေနဲ့ ရိုက်ကူးရေးလုပ်ခဲ့ပါသေးတယ်။ အခုတလော နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့အတူတူ ရိုက်ကူးနေတဲ့ 2020 Calendar လေးထွက်ရှိလာရင်လည်း အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: Wutt Hmone Shwe Yi’s ig & Moe Ko Oo’s fb

Credit  \\   original

Recent Updates

Recent Posts Widget