“အနည္​းဆံုး မိန္းမနွစ္ေယာက္ မယူရင္ ေထာင္ခ်မယ့္ႏိုင္ငံ”




အနည္​းဆံုး မိန္းမနွစ္ေယာက္ မယူရင္ ေထာင္ခ်မယ့္ႏိုင္ငံ

အဲရစ္ထရီးယားနိုင္ငံ အစိုးရဟာ နိုင္ငံတြင္းက အမိ်ဳးသားေတြကို အနည္းဆံုး မိန္းမနွစ္ေယာက္ယူဖို႔ အမိန္႔ထုတ္ျပန္လိုက္ျပီး မလိုက္နာဘူးဆိုရင္ ေထာင္ခ်မွာျဖစ္ပါတယ္။

အမ်ိဳးသားဦးေရ ျပတ္လပ္မႈကို ၾကံဳေတြ႕ေနရတဲ့ နိုင္ငံရဲ႕အေျခအေနအရပ္ရပ္အရ အဲရစ္ထရီးယားအစိုးရဟာ ေအာက္ပါအခ်က္ေတြကို ထုတ္ျပန္ ေၾကညာလိုက္တယ္ ဆိုျပီး အဆိုပါအမိန္႔ကို႔ ျပီးခဲ့တဲ့ရက္ပိုင္းအတြင္းက ေၾကညာလိုက္တာျဖစ္ပါတယ္

အမ်ိဳးသားတိုင္းဟာ အနညး္ဆံုးမိန္းမနွစ္ေယာက္ယူရမွာျဖစ္ျပီး ပ်က္ကြက္တဲ့အမ်ိဳးသားကို အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္တစ္သက္တစ္ကၽြန္းခ်မွာျဖစ္ပါတယ္။

ခင္ပြန္းျဖစ္သူက ေနာက္ထပ္ အမ်ိဳးသမီးတစ္ဦး လက္ထပ္ရာမွာ တားဆီးပိတ္ပင္မႈေတြ လုပ္ေနတဲ့ အမ်ိဳးသမီးေတြကိုလည္း ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္းခ်မယ္လို႔ အဆိုပါေၾကညာခ်က္မွာ ပါဝင္ပါတယ္။

၁၉၉၈ ခုနွစ္ကေန ၂၀၀၀ ခုနွစ္အတြင္း အဲရစ္ထရီးယားနိုင္ငံဟာ အီသီယိုးပီးယားနိုင္ငံနဲ႕စစ္ျဖစ္ခဲ့ျပီး စစ္သား ၁၅၀၀၀၀ ေသဆံုးခဲ့တာေၾကာင့္ နိုင္ငံရဲ႕ေယာက်္ားေလးဦးေရဟာ သာမန္ထက္ ေလ်ာ့နည္းသြားခဲ့ပါတယ္။

အဲရစ္ထရီးယားဟာ အေရွ႕အာဖရိကမွာတည္ရွိတဲ့ နိုင္ငံတစ္နုိင္ငံျဖစ္ျပီး စုစုေပါင္းလူဦးေရဟာ ၄ သန္းခန္႔သာရွိတာျဖစ္ပါတယ္

Credit: Duwun

Unicode


အနည်​းဆုံး မိန်းမနှစ်ယောက် မယူရင် ထောင်ချမယ့်နိုင်ငံ

အဲရစ်ထရီးယားနိုင်ငံ အစိုးရဟာ နိုင်ငံတွင်းက အမျိုးသားတွေကို အနည်းဆုံး မိန်းမနှစ်ယောက်ယူဖို့ အမိန့်ထုတ်ပြန်လိုက်ပြီး မလိုက်နာဘူးဆိုရင် ထောင်ချမှာဖြစ်ပါတယ်။

အမျိုးသားဦးရေ ပြတ်လပ်မှုကို ကြုံတွေ့နေရတဲ့ နိုင်ငံရဲ့အခြေအနေအရပ်ရပ်အရ အဲရစ်ထရီးယားအစိုးရဟာ အောက်ပါအချက်တွေကို ထုတ်ပြန် ကြေညာလိုက်တယ် ဆိုပြီး အဆိုပါအမိန့်ကို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကြေညာလိုက်တာဖြစ်ပါတယ်

အမျိုးသားတိုင်းဟာ အနညး်ဆုံးမိန်းမနှစ်ယောက်ယူရမှာဖြစ်ပြီး ပျက်ကွက်တဲ့အမျိုးသားကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူက နောက်ထပ် အမျိုးသမီးတစ်ဦး လက်ထပ်ရာမှာ တားဆီးပိတ်ပင်မှုတွေ လုပ်နေတဲ့ အမျိုးသမီးတွေကိုလည်း ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမယ်လို့ အဆိုပါကြေညာချက်မှာ ပါဝင်ပါတယ်။

၁၉၉၈ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း အဲရစ်ထရီးယားနိုင်ငံဟာ အီသီယိုးပီးယားနိုင်ငံနဲ့စစ်ဖြစ်ခဲ့ပြီး စစ်သား ၁၅၀၀၀၀ သေဆုံးခဲ့တာကြောင့် နိုင်ငံရဲ့ယောကျ်ားလေးဦးရေဟာ သာမန်ထက် လျော့နည်းသွားခဲ့ပါတယ်။

အဲရစ်ထရီးယားဟာ အရှေ့အာဖရိကမှာတည်ရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စုစုပေါင်းလူဦးရေဟာ ၄ သန်းခန့်သာရှိတာဖြစ်ပါတယ်

Credit: Duwun

Recent Updates

Recent Posts Widget