စိတ်ဓါတ်ကျအားငယ်တိုင်း သမီးလေးကြောင့် ယုံကြည်မှုပြန်ရလာတယ်ဆိုတဲ့ ချမ်းချမ်း






အဆိုတော် မလေး ချမ်းချမ်း ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ရင်းဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ချမ်းချမ်း က သူမရဲ့ သမီးလေး နဲ့ပတ်သက်ပြီးပြောထားတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



ချမ်းချမ်းက နယ်ပွဲတွေ သီချင်းဆိုရင် အနုပညာကို ကြိုးကြိုးစားစား လုပ်ကိုင်နေတာပါ။ လတ်တလောမှာလည်း သူမက သမီးလေး မြမိုးဂင်္ဂါ နဲ့ အတူ အမေရိကားကို ဖျော်ဖြေရေး ခရီးစဉ်အဖြစ်ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။



ဒီနေ့မှာတော့ ချမ်းချမ်းက သူမရဲ့ သမီးလေးကို အရမ်းချစ်ကြောင်းနဲ့ သမီးလေး ရဲ့ အနာဂတ်အတွက် ပိုက်ဆံပိုပြီးရှာရမယ် ဆိုတဲ့အကြောင်းကို ပြောထားပါတယ်။ အားငယ်စိတ်ဓာတ်ကျချိန်မှာလည်း သမီးလေးက သူမအတွက် ခွန်အားဖြစ်စေခဲ့တယ်ဆိုတဲ့ အကြောင်းကို ခုလိုပြောထားပါတယ်။


ချမ်းချမ်း က ” My clone..my beauty angel.ကျမကိုယ်ပွားအသည်းနှလုးံ..အသက်ကလေး..အချိန်တွေကြာလာတာနဲ့အမျှ အမေ့ဘဝလေး…သူအိပ်တာလေးကြည့်ပြီးအတိတ်ကိုလှမ်းကြည့်မိတော့..သမီးရယ်..သမီးလေးကို ဒီ့ထက်ပိုပြီးပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝလေးကိုအမေပေးချင်ဖြတ်သန်းစေချင်တယ်..အမေဒိ့ထက်ပိုက်ဆံတွေရှာမယ်..သမီးကိုပညာတတ်ကြီးဖြစ်အောင်ကျောင်းထားမယ်..အမေ့သမီးလေးအမြဲပြုံးနေတာမြင်ချင်တယ်…အမေ့ဘဝမှာ သမီးက အရေးအကြီးဆုးံလေးပါ…အိပ်မပျော်တဲ့ညတေများခဲ့ပီ…အမေ့အနားအမြဲရှိပေးတဲ့သမီးလေး..အမေပင်ပန်းတိုင်းစိတ်ဓာတ်ကျအားငယ်တိုင်း..ယုံကြည်မှုတေပြန်ပေးတဲ့အမေ့သမီးလေး…အမေဒီဘဝမှာ သမီးလေးနဲ့ ဆုံခွင့် …အမေဖြစ်ခွင့်ရတာ အရမ်းပျော်တယ် ..အမေ့ကိုယ်အမေပြန်မြင်နေရသလိုပဲ…အမေ့ငယ်စဉ်ကသမီးလောက်မချောပေမဲ့ ဆံပင်လေး…ရီပုံလေးတေကအစ အမေမှတ်မိနေသေးတယ်..ဖိုးဖိုးကြီးအမြဲ ချီထားတဲ့ပုံလေးဆို အမေ့မျက်လုးံထဲ အမြဲစွဲနေတယ်..အမေ့ပုံတူလေး..i love u baby girl…” ဆိုပြီးပြောထားပါတယ်။

သမီးလေးကသူမရဲ့ ဘဝ၊ သမီးလေးရဲ့ အနာဂတ်အတွက် ကြိုးစားရမယ်ဆိုတဲ့ ချမ်းချမ်းအကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ မိုမိုလေး ပရိသတ်ကြီးကလည်း ချမ်းချမ်းရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးကြပါဦးနော်။

credit – momolay

Recent Updates

Recent Posts Widget