ထူးထူးဆန်းဆန်း ရေသူထီးဝတ်စုံဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့တဲ့ မရိမ်းတပ်သား




ရေသူမသေးသေးလေးတော့မဟုတ်ဘူး! မရင်းတပ်သားတစ်ဦးဟာ နိုင်ငံရပ်ခြားမှာတာဝန်ကျနေတဲ့ စစ်သားတွေကိုအားပေးဖို့အတွက် ကြွက်သားတွေနဲ့တက်တူးရင်ဘတ်ကိုပြကာ ရေသူမပုံစံဝတ်ပီးဓာတ်ပုံတွေရိုက်ကူး

ဖလော်ရီဒါပြည်နယ်မှ မရင်းတပ်သားတစ်ဦးဟာ သူ့အဖော်စစ်သားတွေကိုအားတက်အောင်လုပ်ပေးဖို့ရာအတွက် ရေသူမဝတ်စုံကိုဝတ်ကာ ဓာတ်ပုံရိုက်ခဲ့ပီး အခုအဲ့ဓာတ်ပုံတွေက အွန်လိုင်းမှာနာမည်ကြီးလို့နေပါတယ်။



တက်တူးထိုးထားတဲ့ တပ်သားဖြစ်သူ ဘယူရှိပ်ဟာ့ဒ် ဟာအပြာရောင်နဲ့ရွှေရောင်ရောစပ်ထားတဲ့အမြီးနဲ့ ပြောက်ကျားဦးထုပ်ကိုဝတ်ဆင်ကာ ထူးဆန်းတဲ့ရိုက်ချက်တွေကိုအရယူခဲ့ပါတယ်။



“မရင်းတပ်မှာကျွန်တော့ရဲ့အလုပ်က ကုန်းရေနှစ်သွယ်လှုပ်ရှားနေရတာဖြစ်ပါတယ်။ ဒါကြောင့်လဲ ကျွန်တော်ဒီလိုလုပ်ဖို့စိတ်ကူးရခဲ့တာပါ။ အဓိကကတော့ ကျွန်တော့မရင်းတပ်သားတွေကို ရူးသွပ်တဲ့အရာတစ်ခုမှာရယ်မောစေချင်တဲ့အတွက် ဟာသအနေနဲ့တစ်ခုခုကိုလုပ်ချင်နေခဲ့တာပါ။”

ရှိပ်ဟာ့ဒ်ဟာ ဓာတ်ပုံဆရာ ဂျက်ကွာလင်းအီလွိုက်နဲ့ပူးပေါင်းပီး သူတို့တပ်သားအချင်းချင်းသာသိနိုင်လောက်မယ့်ဟာသလေးတွေဖြစ်အောင် ဇာတ်လမ်းလေးတွေဆင်ပီး ဓာတ်ပုံရိုက်ကူးဖြစ်ခဲ့တာဖြစ်ပါတယ်။

“Crayons တွေကဘာလို့လဲဆိုတော့ အခြားအဖွဲ့ခွဲကလူတွေက ကျွန်တော်တို့ကို crayon eaters တွေဆိုပီးစနောက်ကြပါတယ်။ ဒါကြောင့် အဲ့ဒါကိုသရော်တဲ့အနေနဲ့ ပြန်တိုက်ခိုက်ချင်ခဲ့တာပါ။”

ဓာတ်ပုံဆရာဟာအဆိုပါဓာတ်ပုံတွေကို သူမဖေ့စ်ဘွတ်မှာတင်ခဲ့ပါတယ်။ ဒါပေမဲ့လဲ ဝမ်းနည်းစရာကောင်းတာက သူ့ရဲ့အထက်အရာရှိတွေကြောင့် ပြန်ပီးပို့စ်ကိုဖျက်ချခဲ့ရပါတယ်။

ကြာသပတေးနေ့မှာတင်ပဲ ပို့စ်ဟာ share တဲ့အရေအတွက်ပေါင်း ၄၅၀၀ ရှိနေပီဖြစ်ပါတယ်။

ရှိပ်ဟာ့ဒ်ရဲ့ဓာတ်ပုံတွေဟာ သူ့ဇနီးနဲ့ကလေးကိုလဲရယ်မောစေခဲ့ပါတယ်။

“ကျွန်တော့သမီးက ဒါကမိုက်ပီးရယ်ရတယ်လို့ထင်ပါတယ်တဲ့။ အခုဆိုရင် ကျွန်တော့ရဲ့ရေသူထီးဓာတ်ပုံကို သူမရရှိခဲ့ပီဖြစ်ပါတယ်။”

နဂိုမူရင်းပို့စ်ကိုမြင်ပီးတဲ့အချိန်မှာ သူမရဲ့ကိုယ်ပိုင်ဝဘ်ဆိုက်ဒ်မှာ လင့်ခ်ကိုရှဲကာ “ရေသူထီးရှိပီးသားဆိုတော့ရေသူမကဘာလုပ်ရမှာလဲ” ဆိုပီးရေးသားခဲ့ပါတယ်။

အီလွိုက်ကလဲအခုလိုပြောထားပါသေးတယ်။ “ဒါကလူတွေကိုရယ်မောပျော်ရွှင်စေတယ်ဆိုတော့ကျွန်မဝမ်းသာပါတယ်။ ဘဝကတိုတောင်းပါတယ်။ ရယ်မောဖို့ ပျော်ရွှင်ဖို့ကိုအချိန်ယူသင့်ပါတယ်။ ကျွန်မအလုပ်ကိုအရမ်းနှစ်သက်ပါတယ်။ ဓာတ်ပုံနဲ့အတူလူတွေကိုရယ်မောပျော်ရွှင်နိုင်အောင်လုပ်ပေးနိုင်တယ်လေ”

တပ်သားတွေဟာဒီဓာတ်ပုံတွေကိုဘယ်လိုတောင်နှစ်သက်နေတယ်ဆိုပီးရှဲထားတာတွေအများကြီးရှိပါတယ်။

ရေနာပျူတီကလဲအခုလိုပို့စ်တင်ထားပါသေးတယ်။ “ကျွန်တော်လဲမရင်းတပ်သားတစ်ဦးပါတယ်။ ဒီဓာတ်ပုံတွေကိုကျွန်တော်နှစ်သက်ပါတယ်။ ဘယ်သူတွေကဘာလို့ဒီဓာတ်ပုံတွေကိုဖျက်ချခိုင်းတာပါလိမ့်?

ဂျွန်အန်ရှလွန်ကလဲအခုလိုပို့စ်တင်ခဲ့ပါတယ်။ “ကျွန်မခင်ပွန်းကလဲ မရင်းတပ်သားတစ်ဦးဖြစ်ပါတယ်။ဒါအရမ်းမိုက်တယ်လို့ထင်ပါတယ်”

“ကျွန်မသားကလဲမရင်းတပ်သားတစ်ဦးဖြစ်ပါတယ်။ သူဆိုရင်လဲဒီလိုလုပ်လောက်ပါတယ်” ဆိုပီးတစ်ဦးကပြောထားပါတယ်။

“ကျွန်မခင်ပွန်းက အငြိမ်းစားမရင်းတပ်သားတစ်ဦးပါ။ သူကိုယ်တိုင်ကလဲ ဒါမိုက်တယ်လို့ထင်ပါတယ်။ ပျော်ပျော်နေတတ်တဲ့သူတွေရှိနေသေးပါလား!”ဆိုပီးနောက်တစ်ဦးကလဲရေးသားထားပါတယ်။

အခြားသူတွေကလဲ သူတို့ခင်ပွန်းတွေကိုအခုလိုအကြံပေးချင်နေကြပါတယ်။” ကျွန်မမြင်ခဲ့တဲ့ဟာကိုကျွန်မခင်ပွန်းကိုပြခဲ့ပါတယ်။ သူကလဲမရင်းတပ်သားတစ်ဦးပါပဲ။ သူ့ကိုလဲအခုလိုလုပ်စေချင်ပါတယ်။ လွန်ခဲ့တဲ့ ၉ပတ်က သမီးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် သမီးလေးအခန်းတစ်ခုလုံးက ရေသူမဒီဇိုင်းတွေချည်းပဲဖြစ်ပါတယ်။

အခုဆိုရင် ဂျက်ကီလို့ခေါ်တဲ့ ဓာတ်ပုံဆရာကလဲ ပရဟိတပြက္ခဒိန်တစ်ခုအတွက် ရှိပ်ဟာ့ဒ်နဲ့ပူးပေါင်းဖို့လုပ်ဆောင်နေပါတယ်။

အဲ့အပြင်သူမဟာအခုလိုလဲပြောကြားခဲ့ပါသေးတယ်။ “ဒါကျွန်မတို့တပ်သားတွေက amazing ဖြစ်တယ်ဆိုတာကိုပြသဖို့ရာအတွက်နည်းလမ်းကောင်းဖြစ်တယ်လို့ထင်ပါတယ်။”

“ရယ်စရာဆိုတာ လူတွေအခက်အခဲဆုံးအချိန်မှာ ကူညီပေးတဲ့အရာဖြစ်ပါတယ်။ ဒီအရာကမှရယ်စရာမကောင်းဘူးဆိုရင် ဘာကရယ်စရာကောင်းတာလဲဆိုတာမသိတော့ပါဘူး။ ”

Writer -Min Thu (Daily Hot News )

Credit  \\  original

Recent Updates

Recent Posts Widget