ဂျပန်နိုင်ငံနဲ့ ရုပ်ရှင်တွဲရိုက်မယ့် အကြောင်းေ ပြာပြတဲ့ ကိုပေါက်
ပရိသတ်တွေကိုရယ်မောပျော်ရွှင်အောင် ဟာသရူပ်ဆောင်အဖြစ်ရော ဗီလိန်သရုပ်တောင်အဖြစ်ရော သရုပ်ဆောင်ခဲ့တဲ့အပြင် နောက်ပိုင်းမှာတော့ ဒါရိုက်တာလိုင်းဘက်ကို ပြောင်းလာတဲ့ သရုပ်ဆောင်နဲ့ဒါရိုက်တာ ကိုပေါက်ကတော့ ဂျပန်မှာ ရိုက်မယ့်ရုပ်ရှင်အကြောင်းကို ပြောခဲ့ပြီး အဲ့ကားရဲ့ ၉၀ရာခိုင်နှုန်းလောက်ကိုလည်း ဂျပန်မှာပဲ သွားရိုက်မယ်လို့ ပြောသွားခဲ့ပါတယ်။ကိုပေါက်က “ကျွန်တော် ဂျပန်သွားတဲ့ ခရီးစဉ် နှစ်ခုရှိပါတယ်။ တစ်ခုက ဘာလဲဆိုတော့ အိုဆာကာ ခရီးစဉ်နဲ့ တိုကျိုခရီးစဉ်ပေါ့နော်။ အိုဆာကာ ခရီးစဉ်ကတော့ ကျွန်တော့်အမျိုးသမီး ဒီနှစ်ထဲမှာသွင်းမဲ့ Cosmetic ပေါ့။ Cosmetic တစ်ခုကို ဗမာပြည်မှာ သွင်းဖို့အတွက် စာချုပ်ချုပ်ဖို့ကိစ္စနဲ့သွားတာပေါ့ အမျိုးသမီးက ကျွန်တော်ကကျတော့ တိုကျိုမှာ နောက် ၂၀၂၀ ထဲမှာ ရိုက်မယ့် ဂျပန်နဲ့ မြန်မာနဲ့ ရိုက်မယ့် ရုပ်ရှင်အတွက်သွားခဲ့တာပါ။ ကျွန်တော်ရဲ့ တိုကျို ခရီးစဉ်ကတော့ ရုပ်ရှင် အတွက် အဓိက ထားပြောတာ။ဟိုဘက်က ကျွန်တော်တို့နဲ့ အတူတူ ပူးပေါင်းပြီး လုပ်မယ့် Company ကလည်း အခုမှ ပူပူနွေးနွေး သူတို့ရဲ့ ရုပ်ရှင်ပွဲတော် ၅ ခုလောက်နေ ဆုတွေရထားတဲ့ Company။ အဲ့မှာပါတဲ့ မင်းသမီးပေါ့နော် ကျွန်တော်က ရိုက်မယ့် ဇာတ်ပေါ့နော် အားလုံးကတော့ ကျွန်တော်က ဂျပန်မှာပဲ သွားရိုက်မယ်။ ဇာတ်ကားရဲ့ ရာခိုင်နှုန်းပြောရမယ်ဆိုရင် ၉၀ ရာခိုင်နှုန်းလောက်က ဂျပန်မှာ ရိုက်ရမယ့် ဇာတ် Flashback သဘောလောက်ပဲ မြန်မာပြည်ရဲ့ ပုဂံတို့ အင်းလေးတို့ ချင်းတောင်တို့ လို့နေရာတွေမှာ ရိုက်ရမယ့် ဇာတ်မျိုး။
အဲ့လိုဟာမျိုးတွေနဲ့ ဆွေးနွေးဖြစ်တာပေါ့ ဆွေးနွေးဖြစ်တော့ ဟိုဘက်က မင်းသမီးကကျတော့ ဒရမ်မာ အရမ်းကောင်းတဲ့ မင်းသမီး ကျွန်တော်ရိုက်မယ့် ဇာတ်မှာ ဒရမ်မာလည်းပါမယ် အက်ရှင်လည်းပါတယ် Comedian လည်းပါတယ် အဓိကတော့ Entertainment အတွက်ကို ရည်ရွယ်ပြီးတော့ ရိုက်မယ့်ဇာတ်ပေါ့နော်။ အဲ့အထဲမှာမှ ကျွန်တော်ပေးချင်တဲ့ Message လေးတစ်ခုပါမှာပေါ့လေ အဲ့လိုတွေ ဆွေးနွေးခဲ့တယ်။”လို့ ပြောသွားခဲ့ပါတယ်။သူတို့တွေနဲ့ လက်တွဲပြီးလုပ်တော့
ဘယ်လိုပညာတွေရလဲလို့ မေးမြန်းရာ “နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ ပူးပေါင်းပြီး ရိုက်ကြတဲ့ အချိန်မှာ သူတို့နိုင်ငံတွေရဲ့ ရိုက်ရိုးရိုက်စဉ် ထုံးစံပေါ့ သူတို့ရဲ့ Procedure သူတို့ရဲ့ Process တွေက ကျွန်တော်တို့နဲ့ မတူဘူးလေ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့လည်း ရုပ်ရှင်ပညာကို စနစ်တကျသင်လာတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ဝန်ခံပါတယ် သိပ်သိလှပြီ တတ်လှပြီထဲမှာ ကျွန်တော်မပါဘူး ဒါပေမဲ့ ကျွန်တော်တို့က ရုပ်ရှင်ကိုချစ်တယ် ရုပ်ရှင်ကို ဖန်တီးချင်တဲ့စိတ် ကျွန်တော်တို့မှာဒါပဲရှိတယ်။သူများတွေလို စနစ်တကျသင်လာတဲ့လူမျိုးမဟုတ်ဘူး အတွေ့အကြုံနဲ့ နောက်ပြီးတော့ ကိုယ့်ရဲ့ ဆရာတွေပေါ့ ကျွန်တော်ဆိုမောင်တင်ဦးဆီမှာ နေခဲ့ဖူးတယ် သူဘယ်လိုရိုက်လဲ ဒီလိုမျိုးသင်ယူခဲ့ရတာ။ ကျွန်တော်တို့ကတော့ စနစ်တကျ ဒါကဒီလိုရိုက်ရတယ် ဒီဇာတ်ညွန်းကို ဒီလိုရေးဏတယ်ကွ အဲ့တာတွေကို သင်ခဲ့တာမဟုတ်ဘူး။ သူတို့ရိုက်တာတွေကြည့်ပြီး ကိုယ်သိချင်တာမေးမှ သူတို့က ပြန်ရှင်းပြတာ။ အဲ့တော့ ကျွန်တော်တို့သည် စနစ်တကျမသင်လာရတော့ ဗရမ်းပတာ ဖြစ်နေတာပေါ့၊ စနစ်ကျချင်လည်းကျမယ် မကျချင်လည်း မကျဘူးပေါ့ အဲ့လိုတွေဖြစ်နေတာပေါ့။ သူတို့တွေက စနစ်တကျလုပ်လာတဲ့သူတွေဆိုတော့ ကျွန်တော်တို့သည် သူတို့ဆီက သင်ယူရတာ။”လို့ပြောသွားခဲ့ပါတယ်။
Credit \\ original





