ဆုမြတ်နိုးဦး နဲ့အပြိုင်လှနေကြတဲ့ ညီထွဋ်ခေါင်နဲ့ ကျော်ကျော်





သွားလေရာမှာ တစ်တွဲတွဲနဲ့ အတွဲညီပြီး ပျော်ပျော်ပါးပါး ရှိကြလွန်းတဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့ သူငယ်ချင်း သုံးယောက်ဟာဆိုရင် အရမ်းကို ပွင့်လင်းပြီး ချစ်စရာကောင်းလွန်းကြတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ သူတို့ သူငယ်ချင်း သုံးယောက်ဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက် နေထိုင်ရာ နေရာဒေသချင်း မတူညီခဲ့ကြပေမယ့်လည်း အနုပညာလုပ်ရှားပုံချင်း တူညီပြီး စိတ်ချင်းတူခဲ့တာကြောင့် အတွဲညီညီ ပေါင်းဖော်ဖြစ်ခဲ့ကြတာပဲဖြစ်ပါတယ်။



အရမ်းကို ချစ်စရာကောင်းလွန်းတဲ့ သူတို့ သူငယ်ချင်းသုံးယောက်လုံးကတော့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ စီစဉ်တက်ဆက်တဲ့ ရှုတိုင်းယဉ် ဆင်တိုင်းလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲမှာ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ ညီထွဋ်ခေါင်နဲ့ ကျော်ကျော်တို့ သူငယ်ချင်းနှစ်ယောက်ကလည်း အမျိုးသမီးတွေလို ဝတ်စားဆင်ယင်ရင်း ဆုမြတ်နိုးဦးနဲ့ အပြိုင်ကို လှနေခဲ့ကြတာပါ။


မိန်းကလေးတစ်ယောက်လိုဆင်မြန်းထားရင်း အမျိုးသမီးများနေ့ကို ဂုဏ်ပြုလိုက်တဲ့ သူတို့သူငယ်ချင်းသုံးယောက်ကတော့ ” မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုပါတယ်ရှင် ဗျာ 😁😁😁 ” ဆိုပြီး သူတို့သူငယ်ချင်းသုံးယောက်ရဲ့ လူမှုကွန်ယက်ပေါ်ကနေ မျှဝေဖော်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ညီထွဋ်ခေါင်၊ ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက်ရဲ့ ပုံရိပ်လေးတွေကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော်။



သူတို့သူငယ်ချင်းသုံးယောက်လုံးကတော့ ရုပ်ရှင်ကားကြီးတွေတစ်ကားထဲမှာ ပါဝင်သရုပ်ဆောင်မှု နည်းပါးခဲ့ကြပေမယ့်လည်း ကိုယ်စီကိုယ်စီတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ပေးနေမြဲပဲ ဖြစ်ပါတယ်။

ညီထွဋ်ခေါင်၊ ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့ သူငယ်ချင်း သုံးယောက်ရဲ့ အရမ်းကို ချစ်စရာကောင်းနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။ မိန်းကလေးလိုဆင်မြန်းပြီး ဆုမြတ်နိုးဦးနဲ့အပြိုင်လှနေကြတဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော်တို့ရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း သဘောကျ အချစ်ပိုမိတယ်ဆိုရင် မျှဝေပြီး အားပေးသွားကြပါဦးနော် ပရိသတ်ကြီးရေ။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Kay Kay
Ref : NHK’s Facebook

Credit  \\  original

Recent Updates

Recent Posts Widget