“နတ်သားပုံပြင်”သီချင်းအတွက် အသံသွင်းသရုပ်ဖော်နေပြီဖြစ်တဲ့ မေလသံစဉ်ရဲ့ ဗီဒီယို
ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါလွန်းတာကြောင့် ကိုယ်တိုင်စန္ဒယားတီးပြီး cover song တွေဆိုရင်း လူသိများလာခဲ့တဲ့ အဆိုတော်မလေး မေလသံစဉ်က ကြည်လင်ပြတ်သားတဲ့ အသံလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သူလေးပဲ ဖြစ်ပါတယ်။ အခုဆိုရင် မေလသံစဉ်က သူမကို အားပေးတဲ့ ပရိသတ်တွေနဲ့ လူကြိုက်များထင်ရှားတဲ့ အဆိုတော်လေးဖြစ်လို့နေပါပြီ။
“သူကြီးသမီး” သီချင်းနဲ့ စတင်ပြီး လူသိများလာခဲ့တဲ့ သူမကတော့ လတ်တလောမှာလည်း နောက်ထွက်မယ့် single song အတွက် ကြိုးစားရိုက်ကူးပေးနေပြီပဲ ဖြစ်ပါတယ်။ နောက်ထွက်မယ့်သီချင်းအတွက် ရိုက်ကူးပေးနေပြီဖြစ်တဲ့ မေလသံစဉ်ကတော့ ရိုက်ကွင်းပေါ်မှ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
မေလသံစဉ်ကတော့ ” နတ်သားပုံပြင် သီချင်းအသစ်လေး အသံသွင်းနေပါပြီ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ မေလသံစဉ်ရဲ့ သီချင်းလေးကတော့ သီချင်းမထွက်ခင်အချိန်မှာကတည်းက TikTok အရမ်းပေါက်ခဲ့တဲ့ သီချင်းကောင်းလေး တစ်ပုဒ်ပါ။
“နတ်သားပုံပြင်” သီချင်းအတွက် ရိုက်ကူးရေးလုပ်နေတဲ့ မေလသံစဉ်ရဲ့ video
မေလသံစဉ် ရဲ့ ရိုက်ကွင်းပေါ်က ဗီဒီယိုလေးကို ကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ အနုပညာအလုပ်တွေကို အကောင်းဆုံး ပုံဖော်ရိုက်ကူးပေးနေတဲ့ မေလသံစဉ်ကို ဆက်လက်ပြီး ချစ်ပေး အားပေးကြပါဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။
Kay Kay
Ref : မေလသံစဉ်ဖေ့ဘုတ်
Credit \\ original





