မြန်မာနိုင်ငံသားများ လိုက်ပါလာသည့် နှစ်ထပ်ကား မဲဆောက်မြို့ အ၀င်မှာ မီးလောင်နေတဲ့ ဗွီဒီယိုဖိုင်
မြန်မာနိုင်ငံသားများလိုက်ပါလာသည့် နှစ်ထပ်ကား မဲဆောက်မြို့ အ၀င်မှာ မီးလောင်နေတဲ့ ဗွီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့လာခဲ့ကြောင်းတွေ့ရ
ဒီနေ့ June 30,2019 ညနေပိုင်းအချိန်မှာ ဖြစ်ပွားခဲ့ကြောင်း နှင့် ကားပေါ်လိုက်ပါလာသူများ အသက်ဘေးမှလွတ်မြောက်ကြကြောင်းလည်း ကြားသိရပါသည်။
ဒီကနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ တောင်ပိုင်း နရ သီဝ ခရိုင် လူဝင်မှုကြီးကြပ်ရေးအချုပ်ကနေ ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့  ကို ပြန်ပို့ တဲ့ မြန်မာနိုင်ငံသား (ကျား ၅၃ မ ၁၁ကလေး၁ဦး) လိုက်ပါလာတဲ့ နှစ်ထပ်ကားဟာ နေ့လည် ၂နာရီကျော်အချိန် မဲဆောက်မြို့ အ၀င် အာရှ လမ်းမကြီး မိုဆယ်ဈေးအနီး မှာ မီးလောင်ခဲ့ကြောင်း သိရပါတယ်။
ကားပေါ်မှာ လိုက်ပါလာတဲ့  မြန်မာနိုင်ငံသားတွေဟာ ထိုင်းတောင်ပိုင်း လ၀က က ဖမ်မိခဲ့ပြီး နာရာသီဝ ခရိုင် လ၀က အချုပ်မှနေ ထိုင်းမြန်မာနယ်စပ်ကို ကားနှစ်စီး နဲ့  ဇွန်လ ၂၉ ရက်နေ့ ညပိုင်းက ပြန်ပို့ ခဲ့တာဖြစ်ပါတယိ.
ကားပေါ်မှာ လိုက်ပါလူသူ အားလုံး အသက်ဘေးကနေ လွတ်မြော က်ခဲ့ကြောင်း သိရပါတယ်။
Source – SAW
Credit \\ original




