“ခ်စ္သူသက္တမ္း (၂)ႏွစ္ျပည့္သြားၿပီျဖစ္တဲ့ G Fatt နဲ႔ နန္းဆုရတီစိုး”




အႏုပညာရွင္စံုတြဲေတြက တစ္တြဲအပါအဝင္ျဖစ္တဲ့ G Fatt နဲ႕ နန္းဆုရတီစိုးတို႕ စံုတြဲေလးက ခ်စ္သူသက္တမ္း (၂)ႏွစ္ျပည့္သြားခဲ့ပါၿပီ။ ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္တဲ့ ပရိသတ္ေတြ အားက်ရတဲ့ စံုတြဲေလးပါ။

G Fatt နဲ႕ နန္းဆုရတီစိုးတို႕ ခ်စ္သူစံုတြဲေလးဟာ ပရိသတ္ေတြရဲ႕ ခ်စ္ခင္အားေပးမႈကို ရရွိထားတဲ့ စံုတြဲေလး ျဖစ္ပါတယ္။ သူတို႕စံုတြဲေလးက ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္တဲ့ ခ်စ္သူဘဝေလးကို ျဖတ္သန္းလာခဲ့ရာ ဇြန္လ(၅)ရက္ေန႕က ခ်စ္သူသက္တမ္း (၂)ႏွစ္ျပည့္လုိ႕သြားခဲ့ပါၿပီ။

ခ်စ္သူသက္တမ္း(၂)ႏွစ္ျပည့္တဲ့ေန႕ေလးမွာ G Fatt က လူမႈကြန္ယက္ေဖ့စ္ဘြတ္စာမ်က္ေပၚကေန ခ်စ္သူကို ဘယ္ေလာက္ခ်စ္ေၾကာင္း ထုတ္ေျပာခဲ့ပါေသးတယ္။

“ဒီအခ်စ္က မင္းအေပၚ ထာဝရထက္ တစ္ရက္ ပိုၿပီ း ေနာက္ဘဝေတြထိ “ ဆိုၿပီး ဇြန္လ(၅) ရက္ေန႕က ေျပာခဲ့တာပါ။

သူတို႕ခ်စ္သူႏွစ္ဦးဟာ ဝါသနာတူ၊အႀကိဳက္တူတဲ့စံုတြဲေလးလည္း ျဖစ္ပါတယ္။ အႏုပညာကို ဝါသနာပါတာခ်င္း တူသလို ခရီးသြားရတာကိုလည္း ဝါသနာပါတဲ့သူႏွစ္ဦးပါ။

ႏွစ္ေယာက္က ခရီးသြားျဖစ္ၾကတာ မ်ားတယ္၊ အ့ဲဒီအတြက္လည္း အမွတ္တရေတြ အမ်ားႀကီးျဖစ္တယ္။ ၿပီးေတာ့ ႏွစ္ေယာက္စလုံးကလည္း ခရီးသြားရတာ ဝါသနာလည္းပါတယ္၊ ႀကိဳက္လည္း ႀကိဳက္ၾကတယ္” ဆုိၿပီးေတာ့

G Fatt က သူ႕ရဲ႕ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲအတြက္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။

G Fatt ဟာ ခ်စ္သူေလးအတြက္ သီခ်င္းေလးေတြ ဖန္းတီးေပးေလ့ရွိသူပါ။ နန္းဆုအတြက္ သူဖန္တီးေပးထားတဲ့ ပထမဦးသီခ်င္းေလးျဖစ္တဲ့ “ရူးေအာင္ခ်စ္ရသူ” သီခ်င္းေလးဟာလည္း ပရိသတ္ေတြၾကား ေအာင္ျမင္ခဲ့တဲ့ သီခ်င္းေလး ျဖစ္ခဲ့ပါတယ္။ အဲဒီ သီခ်င္းေလးထြက္ရွိၿပီးေနာက္ပိုင္း သူတို႕ႏွစ္ဦးရဲ႕ အခ်စ္ေရးနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ စသိခဲ့တာလည္း ျဖစ္ပါတယ္။

Fatt က နန္းဆုအတြက္ ေနာက္ထပ္ သီခ်င္းသစ္တစ္ပုဒ္ကို ၿပီးခဲ့တဲ့ လပိုင္းေလာက္က ထပ္ၿပီး ဖန္တီးေပးခဲ့ပါေသးတယ္။ သီခ်င္းနာမည္က “ကမ္းမဲ့ေလွ”ျဖစ္ပါတယ္။ အဲဒီသီခ်င္းေလးအတြက္ကိုလည္း အေသးစိတ္ ရိုက္ကူးေရးကအစ G Fatt က ပံ့ပိုးကူညီေပးခဲ့တာပါ။ အဲဒီ သီခ်င္းေလးလည္း ပရိသတ္ေတြၾကားမွာ ေတာ္ေတာ္ေပါက္သြားခဲ့ပါေသးတယ္။

G Fatt က နန္းဆုရတီစိုးအတြက္ သူမရဲ႕ အႏုပညာအလုပ္ေတြကို ပံ့ပိုးေပးသလို နန္းဆုကလည္း G Fatt အတြက္ လိုအပ္တဲ့ အရာေတြကို ပံ့ပိုးေပးတဲ့ ခ်စ္သူတစ္ဦးပါ။ သူတို႕စံုတြဲေလးဟာ အႏုပညာနယ္ပယ္မွာ ေအာင္ျမင္မႈ ကိုယ္စီ ရရွိထားသူေတြပါ။

G Fatt ဆုိရင္လည္း မိန္းကေလး ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာရရွိထားတဲ့ လူငယ္အဆိုေတာ္ တစ္ဦးျဖစ္ၿပီး သူကိုယ္တိုင္ ေရးတဲ့ သီခ်င္းမ်ားနဲ ေအာင္ျမင္မႈ ရရွိထားတဲ့ အဆိုေတာ္တစ္ဦးပါ။ ဒီလုိပဲ နန္းဆုရတီစုိးဟာ သရုပ္ေဆာင္ေလာကမွာသာမက အဆိုပိုင္းမွာလည္း ေအာင္ျမင္မႈ ရရွိထားတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။

Credit: Duwun

Unicode Version

အနုပညာရှင်စုံတွဲတွေက တစ်တွဲအပါအဝင်ဖြစ်တဲ့ G Fatt နဲ့ နန်းဆုရတီစိုးတို့ စုံတွဲလေးက ချစ်သူသက်တမ်း (၂)နှစ်ပြည့်သွားခဲ့ပါပြီ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ပရိသတ်တွေ အားကျရတဲ့ စုံတွဲလေးပါ။
G Fatt နဲ့ နန်းဆုရတီစိုးတို့ ချစ်သူစုံတွဲလေးဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ စုံတွဲလေး ဖြစ်ပါတယ်။ သူတို့စုံတွဲလေးက ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တဲ့ ချစ်သူဘဝလေးကို ဖြတ်သန်းလာခဲ့ရာ ဇွန်လ(၅)ရက်နေ့က ချစ်သူသက်တမ်း (၂)နှစ်ပြည့်လို့သွားခဲ့ပါပြီ။

ချစ်သူသက်တမ်း(၂)နှစ်ပြည့်တဲ့နေ့လေးမှာ G Fatt က လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်ပေါ်ကနေ ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ထုတ်ပြောခဲ့ပါသေးတယ်။

“ဒီအချစ်က မင်းအပေါ် ထာဝရထက် တစ်ရက် ပိုပြီ း နောက်ဘဝတွေထိ “ ဆိုပြီး ဇွန်လ(၅) ရက်နေ့က ပြောခဲ့တာပါ။

သူတို့ချစ်သူနှစ်ဦးဟာ ဝါသနာတူ၊အကြိုက်တူတဲ့စုံတွဲလေးလည်း ဖြစ်ပါတယ်။ အနုပညာကို ဝါသနာပါတာချင်း တူသလို ခရီးသွားရတာကိုလည်း ဝါသနာပါတဲ့သူနှစ်ဦးပါ။
နှစ်ယောက်က ခရီးသွားဖြစ်ကြတာ များတယ်၊ အဲ့ဒီအတွက်လည်း အမှတ်တရတွေ အများကြီးဖြစ်တယ်။ ပြီးတော့ နှစ်ယောက်စလုံးကလည်း ခရီးသွားရတာ ဝါသနာလည်းပါတယ်၊ ကြိုက်လည်း ကြိုက်ကြတယ်” ဆိုပြီးတော့

G Fatt က သူ့ရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

G Fatt ဟာ ချစ်သူလေးအတွက် သီချင်းလေးတွေ ဖန်းတီးပေးလေ့ရှိသူပါ။ နန်းဆုအတွက် သူဖန်တီးပေးထားတဲ့ ပထမဦးသီချင်းလေးဖြစ်တဲ့ “ရူးအောင်ချစ်ရသူ” သီချင်းလေးဟာလည်း ပရိသတ်တွေကြား အောင်မြင်ခဲ့တဲ့ သီချင်းလေး ဖြစ်ခဲ့ပါတယ်။ အဲဒီ သီချင်းလေးထွက်ရှိပြီးနောက်ပိုင်း သူတို့နှစ်ဦးရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စသိခဲ့တာလည်း ဖြစ်ပါတယ်။
Fatt က နန်းဆုအတွက် နောက်ထပ် သီချင်းသစ်တစ်ပုဒ်ကို ပြီးခဲ့တဲ့ လပိုင်းလောက်က ထပ်ပြီး ဖန်တီးပေးခဲ့ပါသေးတယ်။ သီချင်းနာမည်က “ကမ်းမဲ့လှေ”ဖြစ်ပါတယ်။ အဲဒီသီချင်းလေးအတွက်ကိုလည်း အသေးစိတ် ရိုက်ကူးရေးကအစ G Fatt က ပံ့ပိုးကူညီပေးခဲ့တာပါ။ အဲဒီ သီချင်းလေးလည်း ပရိသတ်တွေကြားမှာ တော်တော်ပေါက်သွားခဲ့ပါသေးတယ်။

G Fatt က နန်းဆုရတီစိုးအတွက် သူမရဲ့ အနုပညာအလုပ်တွေကို ပံ့ပိုးပေးသလို နန်းဆုကလည်း G Fatt အတွက် လိုအပ်တဲ့ အရာတွေကို ပံ့ပိုးပေးတဲ့ ချစ်သူတစ်ဦးပါ။ သူတို့စုံတွဲလေးဟာ အနုပညာနယ်ပယ်မှာ အောင်မြင်မှု ကိုယ်စီ ရရှိထားသူတွေပါ။
G Fatt ဆိုရင်လည်း မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ လူငယ်အဆိုတော် တစ်ဦးဖြစ်ပြီး သူကိုယ်တိုင် ရေးတဲ့ သီချင်းများနဲ အောင်မြင်မှု ရရှိထားတဲ့ အဆိုတော်တစ်ဦးပါ။ ဒီလိုပဲ နန်းဆုရတီစိုးဟာ သရုပ်ဆောင်လောကမှာသာမက အဆိုပိုင်းမှာလည်း အောင်မြင်မှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

Credit: Duwun

Recent Updates

Recent Posts Widget