“ရာသီတုပ္ေကြးေရာဂါ (H1N1pdm09)ေတ႔ြ ရွိသူ ၁၆ဦးရွိၿပီး ေသဆံုးသူ ေျခာက္ဦးရွိလာ”
ျမန္မာႏုိင္ငံရွိ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ေဒသတခ်ဳိ႕တြင္ ရာသီတုပ္ေကြးေရာဂါ( H1N1pdm09 ) ေတြ႕ရွိသူ ၁၆ ဦးရွိၿပီး ေသဆံုးသူ ေျခာက္ဦးရွိကာအဆိုပါေသဆံုးသူမ်ားတြင္ အျခားေရာဂါအခံရွိ လကၡဏာမ်ားေတြ႕ရွိရေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ သိရသည္။အဆိုပါ ရာသီတုပ္ေကြးေရာဂါျဖစ္ပြားသူမ်ားကို ရန္ကုန္တိုင္းေဒသႀကီးတြင္အမ်ားဆံုးေတြ႕ရွိရၿပီး စစ္ကိုင္းတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္(ေျမာက္ပုိင္း)၊ ေနျပည္ေတာ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေတြ႕ရွိရေၾကာင္း၊ ၎င္းေရာဂါေၾကာင့္ ေသဆံုးသူ ေျခာက္ဦး မွာ ရန္ကုန္တိုင္းေဒသႀကီး၌ ငါးဦးႏွင့္စစ္ကိုင္းတိုင္းေဒသႀကီးတြင္ တစ္ဦးတို႔ျဖစ္ၿပီး ေသဆံုးသူမ်ားတြင္ အသက္ႀကီးရင့္သူမ်ားႏွင့္ အသက္ငယ္သည့္ကေလးငယ္မ်ားျဖစ္ေၾကာင္း သိရသည္။
ဒီေရာဂါပိုးနဲ႔ပတ္သက္ၿပီး စစ္ေဆးထားတဲ့လူနာက ၄၈ဦးရွိပါတယ္။ၿပီးေတာ့ေသသြားတဲ့သူ ေျခာက္ဦးမွာလဲအသက္ ၇၅ႏွစ္ေက်ာ္ေတြနဲ႔ လသားအရြယ္ ကေလးငယ္ေတြျဖစ္ၾကပါတယ္။ေသဆုံးတဲ့သူေတြက ရာသီတုပ္ေကြးေရာဂါေၾကာင့္ရယ္လို႔မဟုတ္ဘဲ အျခားေရာဂါအခံရွိေနတာေတြကိုလဲေတြ႕ရပါတယ္။ တခ်ဳိ႕ဒီေရာဂါျဖစ္ၾကပါတယ္။ျပန္ေကာင္းသြားၾကပါတယ္။ အခုေသဆံုးတာကလဲ အဓိကကေရာဂါအခံရွိရင္ေသဆံုးႏိုင္မႈမ်ားပါတယ္။ ျပည္သူေတြအေနနဲ႔လဲ စိုးရိမ္ေနစရာမရွိ ပါဘူး။ဒါက ၀က္တုပ္ေကြးလဲမဟုတ္ပါဘူး။ရာသီတုပ္ေကြးတစ္မ်ဳိးပါပဲ။ လူမ်ားတဲ့ေနရာသြားလာတာေတြေရွာင္ဖို႔နဲ႔ လက္ေဆးၾကဖို႔ကုိ အဓိကလုပ္ဖို႔လိုပါတယ္ဟု က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန ကုသေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသီတာလွက ေျပာျပသည္။
“ဒီရာသီက တုပ္ေကြးရာသီျဖစ္တဲ့အတြက္ စက္တင္ဘာလကုန္ထိဂရုတစုိက္ေနထိုင္ဖုိ႔လိုပါတယ္။ တုပ္ေကြးျဖစ္ဖို႔ အဖ်ားႀကီးလာမယ္၊ သတိလစ္တာေတြထိျဖစ္လာမယ္ဆိုရင္ ေဆးရံုကိုအျမန္တက္ေရာက္ ကုသေစခ်င္ပါတယ္။ ၿပီးေတာ့ အြန္လိုင္းမွာေရးေနၾကသလို ဒီ H1N1pdm09 က ၀က္တုပ္ေကြးမဟုတ္ပါဘူး။သာမာန္ရာသီတုပ္ေကြးတစ္မ်ိဳးပါပဲ။ ဒါ့ေၾကာင့္ ျပည္သူေတြအေနနဲ႔ ထိတ္လန္႔စရာမလိုပါဘူး” ဟု ေဒါက္တာသီတာလွက ေျပာၾကားသည္။
Credit: ရတနာပံုေန႔စဥ္သတင္း
Unicode Version
မြန်မာနိုင်ငံရှိ ရန်ကုန်တိုင်းဒေသကြီးနှင့် ဒေသတချို့တွင် ရာသီတုပ်ကွေးရောဂါ( H1N1pdm09 ) တွေ့ရှိသူ ၁၆ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိကာအဆိုပါသေဆုံးသူများတွင် အခြားရောဂါအခံရှိ လက္ခဏာများတွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူများကို ရန်ကုန်တိုင်းဒေသကြီးတွင်အများဆုံးတွေ့ရှိရပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နေပြည်တော်နှင့် မွန်ပြည်နယ်တို့တွင် တွေ့ရှိရကြောင်း၊ ၎င်းင်းရောဂါကြောင့် သေဆုံးသူ ခြောက်ဦး မှာ ရန်ကုန်တိုင်းဒေသကြီး၌ ငါးဦးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်ဦးတို့ဖြစ်ပြီး သေဆုံးသူများတွင် အသက်ကြီးရင့်သူများနှင့် အသက်ငယ်သည့်ကလေးငယ်များဖြစ်ကြောင်း သိရသည်။
ဒီရောဂါပိုးနဲ့ပတ်သက်ပြီး စစ်ဆေးထားတဲ့လူနာက ၄၈ဦးရှိပါတယ်။ပြီးတော့သေသွားတဲ့သူ ခြောက်ဦးမှာလဲအသက် ၇၅နှစ်ကျော်တွေနဲ့ လသားအရွယ် ကလေးငယ်တွေဖြစ်ကြပါတယ်။သေဆုံးတဲ့သူတွေက ရာသီတုပ်ကွေးရောဂါကြောင့်ရယ်လို့မဟုတ်ဘဲ အခြားရောဂါအခံရှိနေတာတွေကိုလဲတွေ့ရပါတယ်။ တချို့ဒီရောဂါဖြစ်ကြပါတယ်။ပြန်ကောင်းသွားကြပါတယ်။ အခုသေဆုံးတာကလဲ အဓိကကရောဂါအခံရှိရင်သေဆုံးနိုင်မှုများပါတယ်။ ပြည်သူတွေအနေနဲ့လဲ စိုးရိမ်နေစရာမရှိ ပါဘူး။ဒါက ဝက်တုပ်ကွေးလဲမဟုတ်ပါဘူး။ရာသီတုပ်ကွေးတစ်မျိုးပါပဲ။ လူများတဲ့နေရာသွားလာတာတွေရှောင်ဖို့နဲ့ လက်ဆေးကြဖို့ကို အဓိကလုပ်ဖို့လိုပါတယ်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက ပြောပြသည်။
“ဒီရာသီက တုပ်ကွေးရာသီဖြစ်တဲ့အတွက် စက်တင်ဘာလကုန်ထိဂရုတစိုက်နေထိုင်ဖို့လိုပါတယ်။ တုပ်ကွေးဖြစ်ဖို့ အဖျားကြီးလာမယ်၊ သတိလစ်တာတွေထိဖြစ်လာမယ်ဆိုရင် ဆေးရုံကိုအမြန်တက်ရောက် ကုသစေချင်ပါတယ်။ ပြီးတော့ အွန်လိုင်းမှာရေးနေကြသလို ဒီ H1N1pdm09 က ဝက်တုပ်ကွေးမဟုတ်ပါဘူး။သာမာန်ရာသီတုပ်ကွေးတစ်မျိုးပါပဲ။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ ထိတ်လန့်စရာမလိုပါဘူး” ဟု ဒေါက်တာသီတာလှက ပြောကြားသည်။
Credit: ရတနာပုံနေ့စဉ်သတင်း



