“ဖုတ်လှိုက် ဖုတ်လှိုက်” သီချင်းကို KTV မှာ အပီအပြင်ဟဲခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယို




ခိုင်မာတဲ့ စိတ်ဓါတ်နဲ့ သူမရဲ့ဘဝကို အကောင်းဆုံးရပ်တည်နေတဲ့ မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ လှပတဲ့ရုပ်ရည်နဲ့ ချစ်စရာကောင်းတဲ့ စိတ်ထားကို ပိုင်ဆိုင်ထားသူလေးပါ။ သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာ ပိုင်တံခွန်တို့နဲ့အတူ Canal+ ရဲ့Fan Meeting ပွဲအတွက် ခရီးတွေထွက်ဖြစ်နေတာပါ။ မနေ့ကတော့ ပိုင်တံခွန်က KTV မှာ အပီအပြင်ဟဲနေတဲ့ အဆိုကောင်းတဲ့ မတ်မတ်သင်ဇာရဲ့ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နဲ့ သီရိဆွေတို့ရဲ့”ဖုတ်လှိုက် ဖုတ်လှိုက်” သီချင်းကို မာန်အပြည့်နဲ့ သီဆိုနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယိုလေးကတော့ အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။


မိုမိုလေးချစ်ပရိသတ်တွေအတွက် ပိုင်တံခွန်တို့နဲ့အတူ KTV မှာ အပီအပြင်သီချင်းဆိုနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ချစ်စရာဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။


ပိုင်တံခွန်ကတော့ အဆိုကောင်းတဲ့ မတ်မတ်သင်ဇာရဲ့ဗီဒီယိုလေးကို မနေ့က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှပေးထားခဲ့တာပဲ ဖြစ်ပါတယ်။



စိုင်းစိုင်းခမ်းလှိုင်ရဲ့”ဖုတ်လှိုက် ဖုတ်လှိုက်” သီချင်းကို KTV မှာ အပီအပြင်ဟဲခဲ့တဲ့ သင်ဇာဝင့်ကျော်ရဲ့ဗီဒီယို


ပိုင်တံခွန်နဲ့ သင်ဇာဝင့်ကျော်တို့ အနုပညာမောင်နှမနှစ်ဦးကတော့ မကြာခင်ကြည့်ရှုကြရတော့မယ့် “ဘယ်သူလဲ” ဆိုတဲ့ ဇာတ်ကားကြီးထဲမှာလည်း အမိုက်စားသရုပ်ဆောင်ထားကြပါသေးတယ်။ သင်ဇာကတော့ လတ်တလောမှာ ခရီးတွေဆက်တိုက် ထွက်ဖြစ်နေပြီး အနုပညာအလုပ်တွေအတွက်လည်း အချိန်ပေးဖြစ်နေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ချိုသာတဲ့ အသံလေးနဲ့ သီချင်းဆိုအရမ်းတော်တဲ့ သင်ဇာဝင့်ကျော်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Paing Takhon’s Facebook

Credit  \  original

Recent Updates

Recent Posts Widget