ဝိညာဉ်လောက နှင့် လူ့လောကကြားက ဆက်နွယ်မှုကို တွေ့မြင်ရမယ့် “ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီး OFFICIAL TRAILER
ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုဘဝလေးကို အချိန်မျှတစွာနဲ့ သာယာလှပအောင် တည်ထောင်နေတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ပြေတီဦးနဲ့အတူတူ သာယာလှပတဲ့ မိသားစုဘဝလေးကို ထူထောင်နေတာဖြစ်ပါတယ်။
အခုလာမယ့် ဇူလိုင်လ(၁၈)ရက်နေ့မှာတော့ အိန္ဒြာကျော်ဇင်ရဲ့ နောက်ထပ်အနုပညာခြေလှမ်းအသစ်ဖြစ်တဲ့ “ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် “ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ OFFICIAL TRAILER ကို မျှဝေပေးလိုက်ပါတယ်နော်။
” ကြိမ်နှုန်း – Frequency ” ရုပ်ရှင်ကားကြီး၏ OFFICIAL TRAILER
“ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ခန့်မာန်ထည်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အကယ်ဒမီ ထွန်းအိန္ဒြာဗိုနဲ့ အိန္ဒြာကျော်ဇင်တို့က အပြိုင်အဆိုင် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ “ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးက ၁၉ ရာစုနှစ် အမျိုးသမီးတစ်ယောက်၏ ဘဝဇာတ်ကြောင်းကို အခြေခံထားသောဝိညာဉ်လောက နှင့် လူ့လောကကြားက ပက်သတ်ဆက်နွယ်မှုကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်ရဲ့ မျက်လုံးတွေကို ကြည့်ရုံနဲ့တင် တော်တော်လေးအသက်ဝင်ပြီး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်မယ်ဆိုတာ အသေအချာပါပဲ။ “ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် ဂျူလိုင်လ (၁၈) ရက်နေ့မှာ ရုံတင်ပြသမှာမို့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original




