မိုးညွင္းၿမိဳ႕တြင္ လူရာခ်ီၿပီး ဆင္တုပ္ေကြးေရာဂါ ျဖစ္ပြားေန




ကခ်င္ျပည္နယ္တြင္ မိုးညႇင္းၿမိဳ႕တြင္ ဆင္တုပ္ေကြး ျဖစ္ပြားသူမ်ားျပားလ်က္ရွိၿပီး တစ္ရက္လွ်င္ လူနာ ႏွစ္ရာႏွင့္အထက္ကို ေဆးဝါးကုသေပးေနရေၾကာင္း ယင္းၿမိဳ႕ အေထြေထြေဆး႐ုံအုပ္ ေဒါက္တာျမင့္ေက်ာ္က ေျပာၾကားသည္။

“ေဆး႐ုံမွာ အတြင္းလူနာေတာ့ မရွိပါဘူး။ ဓမၼာ႐ုံမွာ ျပင္ပေဆးခန္းဖြင့္ၿပီး ၿမိဳ႕ေပၚနဲ႔ ေက်း႐ြာေတြက လာကုတဲ့သူေတြ ဒီေန႔ (ဇူလိုင္ ရ ရက္) ဆို လူနာသုံးရာေက်ာ္သြားပါၿပီ။ လက္ရွိ ထိန္းခ်ဳပ္ေရးနဲ႔မျဖစ္ေသးတဲ့ရပ္ကြက္ေတြကို ကာကြယ္ေရးလုပ္ငန္းေတြ လုပ္ေနပါတယ္”ဟု ၎က ဆိုသည္။

လတ္တေလာတြင္ မိုးညႇင္းၿမိဳ႕ နားခါးရပ္ကြက္ ဓမၼာ႐ုံတြင္ေဆးခန္းဖြင့္ကာ နံနက္ ၈ နာရီမွ ညေန ၄ နာရီခြဲအထိ ကုသေပးေနသည္မွာ ေလးရက္ရွိၿပီျဖစ္ၿပီး ဆင္တုပ္ေကြးျဖစ္ပြားေသာရပ္ကြက္မ်ားတြင္ ျခင္ေဆးျဖန္းျခင္းမ်ား လုပ္ေဆာင္ေနေၾကာင္း ၎ကရွင္းျပသည္။



ၿပီးခဲ့သည့္ရပ္ပိုင္းက မိုးညႇင္းၿမိဳ႕ အုတ္က်င္း အထက္တန္းေက်ာင္းမွ နဝမတန္းေက်ာင္းသူတစ္ဦး ဆင္တုပ္ေကြးျဖစ္ပြားျခင္းေၾကာင့္ ေသဆုံးသည္ဟု လူမႈကြန္ရက္ စာမ်က္ႏွာမ်ားတြင္ ပ်ံႏွံ႔ခဲ့သည္။

ထိုေသဆုံးမႈႏွင့္ပတ္သက္၍ ေဒါက္တာျမင့္ေက်ာ္ကမူ “ဆင္တုပ္ေကြးနဲ႔ေသတာမဟုတ္ပါဘူး။ ေသတဲ့သူတစ္ေယာက္မွ မရွိေသးပါဘူး။ ဆင္တုပ္ေကြးက လူကို ေသေစေလာက္တဲ့အထိ မျဖစ္ဘူး သုံးေလးရက္ေလာက္ ဖ်ားၿပီး ျပန္ေပ်ာက္ပါတယ္”ဟု ဆိုသည္။



ဆင္တုပ္ေကြးသည္ ျဖစ္သည့္အခ်ိန္တြင္ တစ္ကိုယ္လုံးေညာင္းကိုက္သည့္ ေဝဒနာအျပင္ ေျခေထာက္မ်ား ေယာင္လာၿပီး အဖ်ားမွာ ၁၀၅ ဝန္းက်င္ရွိေၾကာင္း ယင္းေနာက္ အဖ်ားက်သြားသည့္အခ်ိန္တြင္ ခႏၶာကိုယ္ေပၚတြင္ အနီစက္မ်ားက်န္ခဲ့ေၾကာင္း ျဖစ္ပြားခဲ့သူတို႔က ရွင္းျပသည္။

လက္ရွိဆင္တုပ္ေကြး ျဖစ္ပြားေနေသာ အသက္ ၁၉ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးကမူ “ေလးရက္ရွိၿပီ ဘာမွစားလို႔မရဘူး။ ငွက္ေပ်ာသီးမီးဖုတ္ပဲ စားေနရတယ္။ တစ္ကိုယ္လုံးေညာင္းကိုက္ၿပီး ထေတာင္မထႏိုင္ဘူး”ဟု ဆိုသည္။

မိုးညႇင္းၿမိဳ႕နယ္အတြင္း ဆင္တုပ္ေကြးျဖစ္ပြားမႈကို ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနရင္းကပင္ ျဖစ္ပြားမႈ ပ်ံ႕ႏွ႔ံလာေၾကာင္း ေဒါက္တာျမင့္ေက်ာ္က ေျပာၾကားသည္။

Credit  \\  original

Unicode

ကချင်ပြည်နယ်တွင် မိုးညှင်းမြို့တွင် ဆင်တုပ်ကွေး ဖြစ်ပွားသူများပြားလျက်ရှိပြီး တစ်ရက်လျှင် လူနာ နှစ်ရာနှင့်အထက်ကို ဆေးဝါးကုသပေးနေရကြောင်း ယင်းမြို့ အထွေထွေဆေးရုံအုပ် ဒေါက်တာမြင့်ကျော်က ပြောကြားသည်။

“ဆေးရုံမှာ အတွင်းလူနာတော့ မရှိပါဘူး။ ဓမ္မာရုံမှာ ပြင်ပဆေးခန်းဖွင့်ပြီး မြို့ပေါ်နဲ့ ကျေးရွာတွေက လာကုတဲ့သူတွေ ဒီနေ့ (ဇူလိုင် ရ ရက်) ဆို လူနာသုံးရာကျော်သွားပါပြီ။ လက်ရှိ ထိန်းချုပ်ရေးနဲ့မဖြစ်သေးတဲ့ရပ်ကွက်တွေကို ကာကွယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်”ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် မိုးညှင်းမြို့ နားခါးရပ်ကွက် ဓမ္မာရုံတွင်ဆေးခန်းဖွင့်ကာ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ကုသပေးနေသည်မှာ လေးရက်ရှိပြီဖြစ်ပြီး ဆင်တုပ်ကွေးဖြစ်ပွားသောရပ်ကွက်များတွင် ခြင်ဆေးဖြန်းခြင်းများ လုပ်ဆောင်နေကြောင်း ၎င်းကရှင်းပြသည်။
ပြီးခဲ့သည့်ရပ်ပိုင်းက မိုးညှင်းမြို့ အုတ်ကျင်း အထက်တန်းကျောင်းမှ နဝမတန်းကျောင်းသူတစ်ဦး ဆင်တုပ်ကွေးဖြစ်ပွားခြင်းကြောင့် သေဆုံးသည်ဟု လူမှုကွန်ရက် စာမျက်နှာများတွင် ပျံနှံ့ခဲ့သည်။

ထိုသေဆုံးမှုနှင့်ပတ်သက်၍ ဒေါက်တာမြင့်ကျော်ကမူ “ဆင်တုပ်ကွေးနဲ့သေတာမဟုတ်ပါဘူး။ သေတဲ့သူတစ်ယောက်မှ မရှိသေးပါဘူး။ ဆင်တုပ်ကွေးက လူကို သေစေလောက်တဲ့အထိ မဖြစ်ဘူး သုံးလေးရက်လောက် ဖျားပြီး ပြန်ပျောက်ပါတယ်”ဟု ဆိုသည်။
ဆင်တုပ်ကွေးသည် ဖြစ်သည့်အချိန်တွင် တစ်ကိုယ်လုံးညောင်းကိုက်သည့် ဝေဒနာအပြင် ခြေထောက်များ ယောင်လာပြီး အဖျားမှာ ၁၀၅ ဝန်းကျင်ရှိကြောင်း ယင်းနောက် အဖျားကျသွားသည့်အချိန်တွင် ခန္ဓာကိုယ်ပေါ်တွင် အနီစက်များကျန်ခဲ့ကြောင်း ဖြစ်ပွားခဲ့သူတို့က ရှင်းပြသည်။

လက်ရှိဆင်တုပ်ကွေး ဖြစ်ပွားနေသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးကမူ “လေးရက်ရှိပြီ ဘာမှစားလို့မရဘူး။ ငှက်ပျောသီးမီးဖုတ်ပဲ စားနေရတယ်။ တစ်ကိုယ်လုံးညောင်းကိုက်ပြီး ထတောင်မထနိုင်ဘူး”ဟု ဆိုသည်။

မိုးညှင်းမြို့နယ်အတွင်း ဆင်တုပ်ကွေးဖြစ်ပွားမှုကို ထိန်းချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရင်းကပင် ဖြစ်ပွားမှု ပျံ့နှ့ံလာကြောင်း ဒေါက်တာမြင့်ကျော်က ပြောကြားသည်။


Credit  \\  original

Recent Updates

Recent Posts Widget