အဝတ္အစားစုတ္စုတ္ျပတ္ျပတ္နဲ႔… အေရးလုပ္မခံရသူက …သိန္းႏွစ္ရာေက်ာ္တန္ Harley Dividson ဆိုင္ကယ္ဝယ္ယူသြား
Zawgyi
လူ တစ္ေ ယာက္ ကို အေပၚယံပကာသန အဝတ္အစားေတြၾကည့္ၿပီး ဆုံးျဖတ္လို႔ မရဘူးပါဘူး။ ဒါေပမယ့္ တစ္ကယ္တမ္းလက္ေတြ႕မွာေတာ့ လူအေတာ္မ်ားမ်ားကေတာ့ ဒီလိုအေပၚယံကိုပဲၾကည့္ၿပီး ဆက္ဆံေနၾကဆဲပဲျဖစ္ပါတယ္။ ေနရာတိုင္းနီးပါးမွာ ဝတ္ေကာင္းစားလွ ဝတ္လာသူကို ပိုက္ဆံသုံးႏိုင္တဲ့ သူေဌးလို႔ထင္ၿပီး အဝတ္အစား ခပ္ႏြမ္းႏြမ္းဝတ္ထားရင္ေတာ့ မ်က္ႏွာမြဲတစ္ေယာက္လို အၾကည့္ခံ ေျပာဆိုခံရတတ္ပါတယ္။
ထိုင္ းႏိုင္ ငံ ဆင္းဘူရီေဒသက Maxsingburi Bike ဆိုတဲ့ ေမာ္ေတာ္ဆိုင္ကယ္ေတြ ေရာင္းတဲ့ ဆိုင္ထဲကို အဝတ္အစား ခပ္စုတ္စုတ္နဲ႔ အဘိုးႀကီးတစ္ေယာက္ ဝင္လာပါတယ္၊ အေရာင္းဝန္ထမ္းေတြက ဒီအဖိုးႀကီး မျမင္ဖူးတဲ့ဆိုင္ကယ္ေတြကို လွည့္ပတ္ၾကည့္ေနတာပါကြာဟူေသာ သေဘာျဖင့္သာ မလွမ္းမကမ္းက အကဲခတ္ေနပါတယ္ (ဆိုင္ကပစၥည္းခိုးသြားမွာလည္း စိုးရိမ္ေသးတာေပါ့)။
အ ဘိုး ႀကီး Harley Davidson ဆိုင္ကယ္နားကပ္သြားၿပီး လွည့္ပတ္ၾကည့္ကာ အေရာင္းဝန္ထမ္းေတြကို ေသခ်ာျပေပးဖို႔ ေျပာေပမယ့္ အေရာင္းဝန္ထမ္းေတြက ဖာသိဖာသာ လုပ္ေနၾကပါတယ္။ ပိုက္ဆံဆိုလို႔ ျခဴးတစ္ျပားမွ ရွိပုံမရတဲ့ စုတ္ျပတ္ေနတဲ့ အဘိုးႀကီးက ဘတ္ေငြ ၆၀၀,၀၀၀ တန္ (က်ပ္ ၂၃၃ သိန္းနီးပါး) ရွိတဲ့ ဆိုင္ကယ္အေၾကာင္းေမးေတာ့ မသိခ်င္ေယာင္ပဲ ေဆာင္ေနလိုက္ၾကပါတယ္။
ေနာက္ ဆုံ းေတာ့ အဘိုးႀကီးက မင္းတို႔ဆိုင္ရွင္ေခၚေပးကြာလို႔ ေျပာလာေတာ့ မေနသာေတာ့ပဲ ဆိုင္ရွင္ေခၚေပးခဲ့ရပါတယ္။ ဆိုင္ရွင္လုပ္သူကေတာ့ အဘိုးႀကီးေမးသမွ် သူစိတ္ဝင္စားတဲ့ Harley Davidson ဆိုင္ကယ္အေၾကာင္းကို စိတ္ရွည္ရွည္နဲ႔ ေျဖၾကားခဲ့ေပးခဲ့ပါတယ္။ အဘိုးႀကီးက သေဘာက်သြားၿပီး ဘတ္ ၆သိန္းကို ေငြသားႀကီးပဲ ရွင္းေပးၿပီး ဆိုင္ကယ္ကို ဝယ္ယူလိုက္တဲ့အခါမွာေတာ့ အားလုံးဟာ တစ္အံ့တစ္ၾသ ျဖစ္ကုန္ၾကပါတယ္။ အဲလိုမေမ်ာ္လင့္ထားတဲ့ အျဖစ္ေၾကာင့္ ဝန္ထမ္းအခ်ိဳ႕က သူတို႔ရဲ႕ ေဖ့စ္ဘြခ္မွာတင္လိုက္တဲ့အခါ ဒီသတင္းက ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။
အဘိုးႀကီးရဲ႕ အမည္က Lung Decha ဆိုသူျဖစ္ၿပီး သူဟာ စက္ျပင္ဆရာအလုပ္ကေန အနားယူခဲ့တဲ့သူျဖစ္ေၾကာင္း၊ အလုပ္အလြန္ႀကိဳးစားသူျဖစ္ၿပီး သူ႔ရဲ႕ဘဝအိမ္မက္ကေတာ့ Harley Davidson ဆိုင္ကယ္ ပိုင္ဆိုင္လိုတာပဲျဖစ္ပါတယ္၊ ဒါေၾကာင့္ သူ႔တစ္ေလွ်ာက္လုံး စုေဆာင္းလာတဲ့ ေငြေၾကးနဲ႔ ဝယ္ျဖစ္ေအာင္ဝယ္မယ္လို႔ ဆုံးျဖတ္ခ်က္ခ်ၿပီး ဝယ္ယူခဲ့တာျဖစ္ေၾကာင္း သူ၏ ညီမျဖစ္သူက ေျပာၾကားခဲ့ပါတယ္။
ဆိုင္ကယ္ဝယ္သြားၿပီးေနာက္ အဘိုးႀကီးက ဆိုင္ကို ေနာက္တစ္ေခါက္ျပန္လာၿပီး သူ႔ဆိုင္ကယ္မွာ ဆင္ဖို႔အပိုပစၥည္းေတြ လာတယ္တာျဖစ္ပါတယ္။ ဒီတစ္ခါမွာေတာ့ အရင္လို စုတ္စုတ္ျပတ္ျပတ္ မဟုတ္ေတာ့ပဲ Harley Davidson ဆိုင္ကယ္စီးသမားပုံစံ အလန္းစားျပင္ဆင္ၿပီး ေရာက္လာခဲ့တာျဖစ္ပါတယ္။ဒါေၾကာင့္ လူေတြကို အေပၚယံ အဝတ္အစားၾကည့္ၿပီး အဆင့္အတန္း၊ ပညာအရည္အခ်င္းကို ဆုံးျဖတ္လို႔မရတဲ့အတြက္ လူတစ္ေယာက္ရဲ႕ အေၾကာင္းကို ေသခ်ာမသိေသးပဲ မွတ္ခ်က္ခ် မေစာဖို႔ သင္ခန္းစာျဖစ္ခဲ့ပါတယ္။
Credit – popolay
Unicode Version
လူတစ်ယောက်ကို အပေါ်ယံပကာသန အဝတ်အစားတွေကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးပါဘူး။ ဒါပေမယ့် တစ်ကယ်တမ်းလက်တွေ့မှာတော့ လူအတော်များများကတော့ ဒီလိုအပေါ်ယံကိုပဲကြည့်ပြီး ဆက်ဆံနေကြဆဲပဲဖြစ်ပါတယ်။ နေရာတိုင်းနီးပါးမှာ ဝတ်ကောင်းစားလှ ဝတ်လာသူကို ပိုက်ဆံသုံးနိုင်တဲ့ သူဌေးလို့ထင်ပြီး အဝတ်အစား ခပ်နွမ်းနွမ်းဝတ်ထားရင်တော့ မျက်နှာမွဲတစ်ယောက်လို အကြည့်ခံ ပြောဆိုခံရတတ်ပါတယ်။
ထိုင်းနိုင်ငံ ဆင်းဘူရီဒေသက Maxsingburi Bike ဆိုတဲ့ မော်တော်ဆိုင်ကယ်တွေ ရောင်းတဲ့ ဆိုင်ထဲကို အဝတ်အစား ခပ်စုတ်စုတ်နဲ့ အဘိုးကြီးတစ်ယောက် ဝင်လာပါတယ်၊ အရောင်းဝန်ထမ်းတွေက ဒီအဖိုးကြီး မမြင်ဖူးတဲ့ဆိုင်ကယ်တွေကို လှည့်ပတ်ကြည့်နေတာပါကွာဟူသော သဘောဖြင့်သာ မလှမ်းမကမ်းက အကဲခတ်နေပါတယ် (ဆိုင်ကပစ္စည်းခိုးသွားမှာလည်း စိုးရိမ်သေးတာပေါ့)။
အဘိုးကြီး Harley Davidson ဆိုင်ကယ်နားကပ်သွားပြီး လှည့်ပတ်ကြည့်ကာ အရောင်းဝန်ထမ်းတွေကို သေချာပြပေးဖို့ ပြောပေမယ့် အရောင်းဝန်ထမ်းတွေက ဖာသိဖာသာ လုပ်နေကြပါတယ်။ ပိုက်ဆံဆိုလို့ ခြူးတစ်ပြားမှ ရှိပုံမရတဲ့ စုတ်ပြတ်နေတဲ့ အဘိုးကြီးက ဘတ်ငွေ ၆၀၀,၀၀၀ တန် (ကျပ် ၂၃၃ သိန်းနီးပါး) ရှိတဲ့ ဆိုင်ကယ်အကြောင်းမေးတော့ မသိချင်ယောင်ပဲ ဆောင်နေလိုက်ကြပါတယ်။
နောက်ဆုံးတော့ အဘိုးကြီးက မင်းတို့ဆိုင်ရှင်ခေါ်ပေးကွာလို့ ပြောလာတော့ မနေသာတော့ပဲ ဆိုင်ရှင်ခေါ်ပေးခဲ့ရပါတယ်။ ဆိုင်ရှင်လုပ်သူကတော့ အဘိုးကြီးမေးသမျှ သူစိတ်ဝင်စားတဲ့ Harley Davidson ဆိုင်ကယ်အကြောင်းကို စိတ်ရှည်ရှည်နဲ့ ဖြေကြားခဲ့ပေးခဲ့ပါတယ်။ အဘိုးကြီးက သဘောကျသွားပြီး ဘတ် ၆သိန်းကို ငွေသားကြီးပဲ ရှင်းပေးပြီး ဆိုင်ကယ်ကို ဝယ်ယူလိုက်တဲ့အခါမှာတော့ အားလုံးဟာ တစ်အံ့တစ်သြ ဖြစ်ကုန်ကြပါတယ်။ အဲလိုမမျော်လင့်ထားတဲ့ အဖြစ်ကြောင့် ဝန်ထမ်းအချို့က သူတို့ရဲ့ ဖေ့စ်ဘွခ်မှာတင်လိုက်တဲ့အခါ ဒီသတင်းက ပျံ့နှံ့သွားခဲ့ပါတယ်။
အဘိုးကြီးရဲ့ အမည်က Lung Decha ဆိုသူဖြစ်ပြီး သူဟာ စက်ပြင်ဆရာအလုပ်ကနေ အနားယူခဲ့တဲ့သူဖြစ်ကြောင်း၊ အလုပ်အလွန်ကြိုးစားသူဖြစ်ပြီး သူ့ရဲ့ဘဝအိမ်မက်ကတော့ Harley Davidson ဆိုင်ကယ် ပိုင်ဆိုင်လိုတာပဲဖြစ်ပါတယ်၊ ဒါကြောင့် သူ့တစ်လျှောက်လုံး စုဆောင်းလာတဲ့ ငွေကြေးနဲ့ ဝယ်ဖြစ်အောင်ဝယ်မယ်လို့ ဆုံးဖြတ်ချက်ချပြီး ဝယ်ယူခဲ့တာဖြစ်ကြောင်း သူ၏ ညီမဖြစ်သူက ပြောကြားခဲ့ပါတယ်ဆိုင်ကယ်ဝယ်သွားပြီးနောက် အဘိုးကြီးက ဆိုင်ကို နောက်တစ်ခေါက်ပြန်လာပြီး သူ့ဆိုင်ကယ်မှာ ဆင်ဖို့အပိုပစ္စည်းတွေ လာတယ်တာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အရင်လို စုတ်စုတ်ပြတ်ပြတ် မဟုတ်တော့ပဲ Harley Davidson ဆိုင်ကယ်စီးသမားပုံစံ အလန်းစားပြင်ဆင်ပြီး ရောက်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့် လူတွေကို အပေါ်ယံ အဝတ်အစားကြည့်ပြီး အဆင့်အတန်း၊ ပညာအရည်အချင်းကို ဆုံးဖြတ်လို့မရတဲ့အတွက် လူတစ်ယောက်ရဲ့ အကြောင်းကို သေချာမသိသေးပဲ မှတ်ချက်ချ မစောဖို့ သင်ခန်းစာဖြစ်ခဲ့ပါတယ်။
Credit – popolay




