သမီးလေး Victoria သက်ငယ်မုဒိန်းမှုမှာ ရပ်တည်ဖြစ်ခဲ့တဲ့ အကြောင်းကို ၀မ်းနည်းစွာပြောလာတဲ့ ချစ်သုဝေ….





နိုင်ငံကျော် သရုပ်ဆောင်အဆိုတော်မလေး ချစ်သုဝေဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပါ။ သူမက အနုပညာအလုပ်တွေထက် လက်ရှိမှာ ချစ်စရာသမီးလေး နှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ကို အချိန်ပေးရင်း မိသားစုလေးနဲ့ အတူဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ချစ်သုဝေ က နေပြည်တော် မှ Victoria ရဲ့ သက်ငယ်မုဒိန်းမှု ကို ရပ်တည်ပေးတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။



ချစ်သုဝေ က နေပြည်တော်မှ သက်ငယ်မုဒိန်းမှုနဲ့ ပတ်သက်ပြီး ” အစ်မကပဲ ကိုလင်းကို ပြောလိုက်တာ သူက မန္တလေးက ပြန်လာနေတာဆိုတော့ ဖေရယ် ဒီအမှုကအရမ်းကြာနေပြီး ပြီးတော့ အရွယ်လေးကလည်း သမီးလေးတွေ အရွယ်ဆိုတော့ တော်တော်စိတ်မကောင်းဘူး ဒီကိစ္စတွေအရမ်းများကြီးရှိတယ် အစ်မတို့မသိတဲ့ အိမ်တွင်းမုဒိန်းမှု တွေ၊ မုဒိန်းမှုမမြောက်တဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေလည်း ရှိတယ် မမတို့ကတော့ ရပ်တည်သွားမယ် အစွမ်းကုန်ကြိုးစားသွားမယ်။”



ပြီးတော့ မုဒိန်းမှုကျင့်တဲ့ ပြစ်မှုကျူးလွန်တဲ့ သူတွေ လွတ်နေတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး၊အလုပ်ကိုရိုးသားစွာ ဖြောင့်မတ်စွာ လုပ်ဖို့တွေလိုနေပြီ၊ ကိစ္စတစ်ခု က ဖြစ်သွားပြီဆိုရင် ကလေးအတွက်က အရမ်းနစ်နာတယ် သူတို့ရဲ့ စိတ်ဒဏ်ရာတွေ ပြန်ပြီးအရင်အတိုင်း ပြန်ဖြစ်ဖို့ မလွယ်ဘူး၊ မိဘတွေကလည်း သူတို့ ကောင်းကောင်းမစောင့်ရှောက်နိုင်လို့ ဆိုပြီး ကိုယ့်ကိုယ်အပြစ်တင်ကြမယ် ဒါတွေကြောင့် အပြစ်ကျူလွန်တဲ့သူတွေကို နောင်ကြဉ်သွားအောင် အပြစ်ပေးဖို့လိုနေပြီ ၊ အာဏာပိုင်းတွေကလည်း ကိုယ့်ရဲ့တာဝန်တွေကို ကျေအောင်လုပ်ဖို့လိုတယ်” ဆိုပြီး ၀မ်းနည်းမျက်ရည်ကျပြီးပြောသွားပါတယ်။



ချစ်သုဝေက သမီးလေးတွေ မွေးထားတဲ့ မိခင်ဖြစ်တာကြောင့် သားသမီးချင်းစာနာတာကြောင့် ခုဖြစ်နေတဲ့ သက်ငယ်မုဒိန်းမှုတွေမှာ ရပ်တည်ပြီး အဖြေရှာသွားမယ်။ ပြစ်မှုကျူးလွန်တဲ့ သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးရမယ်လို့ ပြောသွားပါတယ်။



ချစ်သုဝေက သက်ငယ်မုဒိန်မှုးနဲ့ပတ်သက်ပြီး ရပ်တည်သွားမယ့်အကြာင်း ကိုပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ကြည့်ရှုပေးကြတဲ့ မိုမိုလေးပရိသတ်ကြီးကို ကျေးဇူးအထူး တင်ရှိပါတယ်နော်။

Moekalay
Source; momolay

credit  \\  original

Recent Updates

Recent Posts Widget