“ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ မီဒီယာ မိတ်ဆက်ပွဲ





Bo Bo File Production က ထုတ်လုပ်ပြီး ဒါရိုက်တာ မေဘရဏီသော် နဲ့ စိုးမိုးမင်း တို့ ပုံဖော်ရိုက်ကူးသွားမဲ့ ” ခေါ်သံ ” ရှင်ရှင်ဇာတ်ကားကြီးကို ဒီကနေ့ ဂျူလိုင်လ ၉ ရက်နေ့မှာ မီဒီယာမိတ်ဆက်ပွဲပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။”ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ကန်တော့ပွဲကို ရွှေတိဂုံဘုရား အောင်မြေမှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေ အတွက်” ခေါ်သံ ” ရုပ်ရှင်ဇာတ်ကားကြီး မိတ်ဆက်ပွဲမှ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။



“ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ထွန်းထွန်း ၊ ကျော်ကျော်ဗို ၊ ရဲတိုက် ၊အောင်မြင့်မြတ်၊ရဲရင့်အော့င်၊ခင်လှိုင်၊အိချောပို၊ရွှေအိမ်စည် နှင့် မေမြင့်မိုရ်တို့က ပါဝင်သရုပ်ဆောင် ရိုက်ကူးသွားကြမှာပဲဖြစ်ပါတယ်။

” ခေါ်သံ ” ရုပ်ရှင်ဇာတ်ကားကြီးက ပရိသတ်တွေကို သဲထိပ်ရင်ဖိုဖြစ်စေမယ့် ဇာတ်လမ်းမျိုး ဖြစ်ပြီး ပါဝင်တဲ့ အနုပညာရှင်တွေက ” ခေါ်သံ” ရုပ်ရှင်ဇာတ်ကားမှာ ပရိသတ်တွေကို ဘယ်လိုမျိုး စိတ်ဝင်စား စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဆွဲဆောင်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ ။



“ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီး မီဒီယာ မိတ်ဆက်ပွဲမှ အနုပညာရှင်တွေရဲ့ပုံရိပ်



” ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီး ရဲ့ မီဒီယာ မိတ်ဆက်ပွဲမှ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ တွေ့မြင်ရလောက်ပြီထင်ပါတယ်။ ပရိသတ်ကြီးကလည်း ” ခေါ်သံ” ရုပ်ရှင်ဇာတ်ကားကြီးကိုစောင့်မျှော်အားပေး ကြဖို့ မမေ့နဲ့နော်။

Credit  \\  original

Recent Updates

Recent Posts Widget