မင်းသမီးလေးနဲ့ နှိုင်းယှဉ်ပြောဆိုခြင်း သည်းခံပါ လို့ဆိုလိုက်တဲ့ ဒေါက်တာမြဝတ်ရည်
လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ မီးသတ်ရှေ့မှာ ကားရပ်လို့ စကားများကြရာမှာ နာမည်ကြီးလာတဲ့ ဒေါက်တာမလေး မြဝတ်ရည် ဟာဆိုရင် ယခုနောက်ပိုင်းမှာ သူမကို ထောင်ခံအားပေးပြီး ချစ်ကြတဲ့ သူတွေများစွာရရှိထားသူပါ။ လတ်တလောမှာ သူမနဲ့ သရုပ်ဆောင် ခြူးလေးနဲ့ အတူ Tik Tok Video လေးတွေ ရိုက်ပြီး ဖော်ပြလိုက်တာကြောင့် ပရိသတ်တွေ ကြားမှာ အရမ်းကို နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေး ရဲ့ ချစ်ပရိသတ်တွေအတွက် ဒေါက်တာမြ၀တ်ရည် နဲ့ ခြုးလေးတို့ရဲ့ ပုံရိပ်ကလေးတွေနဲ့ ဒေါက်တာမြ၀တ်ရည် ရဲ့ ပြောကြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဒေါက်တာမြ၀တ်ရည် နဲ့ သရုပ်ဆောင်ခြူးလေး တို့ရဲ့ Tik Tok လေးတွေက လက်ရှိမှာ ပရိသတ်တွေကြား အရမ်းကိုနာမည်ကြီးနေတာပါ။ ခြူးလေးကလည်း Tik Tok လေးတွေနဲ့ နာမည်ကြီးသလို ဒေါက်တာမလေး မြ၀တ်ရည် ကလည်း Tik Tok မှာ နာမည်ကြီးသူပါ။
ဒေါက်တာ မြ၀တ်ရည် က ” မင်းသမီးရဲ့ ချစ်ဖွယ်သော 💚ဘယ်လို ပြောရမလဲဆိုတော့ (တစ်ယောက်နဲ့ တစ်ယောက် နှိုင်းယှဉ်ပြောဆိုခြင်း သည်းခံပါ 🙏)” ခုလိုပြောထားပါတယ်။
ဒေါက်တာမြ၀တ်ရည် က Tik Tok Video လေး နဲ့ ပတ်သက်ပြီး သူမနဲ့ ခြုးလေးနဲ့ကို ယှဉ်ပြီး ဝေဖန်မပြောဖို့ကိုပြောထားတာပါ။
ဒေါက်တာမြ၀တ်ရည် နဲ့ ခြူးလေးတို့ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြလိမ့်မယ် ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ မိုမိုလေး ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Credit \\ original






