ရှာရွတ်ခန်းနဲ့ ရုပ်ရှင်တွဲမရိုက်ချင်တဲ့ ဘောလီးဝုဒ်မင်းသမီး(၄)ယောက်





Bollywood က နာမည်အကြီးဆုံး ထိတ်ထိတ်ကြဲမင်းသားတွေထဲမှာ မင်းသားကြီး Shah Rukh Khan လည်း တစ်ဦးအပါအ၀င်ဖြစ်ပါတယ်။ ဟုန်းဟုန်းတောက် အောင်မြင်လှတဲ့ ရှာရွတ်ခန်းနဲ့ အတူ တွဲဖက်ပြီး ရုပ်ရှင်ရိုက်ကူးဖို့ အတွက်ဆိုတာဟာ တန်းတူမင်းသား၊မင်းသမီးတွေအတွက် အဆန်းတကြယ်မဟုတ်လှပေမဲ့ တက်သစ်စသရုပ်ဆောင်တွေအတွက်ကတော့ အိပ်မက်တစ်ခုလိုတောင် ထင်မှတ်လောက်စရာပါ။ ဒါပေမဲ့လည်း ရှာရွတ်ခန်းနဲ့ အတူ ရုပ်ရှင်တွဲရိုက်ဖို့ ငြင်းဆန်ခဲ့ကြတဲ့ ဘောလီးဝုဒ်မင်းသမီးချောတွေလည်း ရှိနေပါသေးတယ်။ ရှာရွတ်ခန်းနဲ့ ဘယ်တော့မှ ရုပ်ရှင်တွဲမရိုက်မဲ့ မင်းသမီးချော(၄)ယောက်နဲ့ သူတို့ တွဲမရိုက်ရတဲ့အကြောင်းအရင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Hema Malini



မင်းသမီးကြီး Hema Malini ဟာ Shah Ruth Khan သိပ်ကျော်ကြားစဉ်က ရုပ်ရှင်အတူတွဲရိုက်ဖို့ လက်ခံခဲ့ပေမဲ့လည်း Shah Ruth Khan ရဲ့ သရုပ်ဆောင်ပိုင်းကို သဘောမကျတာကြောင့် ရိုက်ကူးဖို့ ဖျက်သိမ်းခဲ့တယ်လို့ သိရပါတယ်။

Kangana Ranaut



Kangana Ranaut ကတော့ Shah Ruth Khan နဲ့ ရုပ်ရှင်တွဲမရိုက်တဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး သူမရဲ့ ဇာတ်ကောင်စရိုက်ကို အထောက်အပံ့ဖြစ်စေမဲ့ မင်းသားမျိုးနဲ့ မှ တွဲဖက်ရိုက်ကူးဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပါတယ်။

Ameesha Patel



Ameesha Patel ကတော့ Shah Ruth Khan နဲ့ သူမဟာ အတွဲမညီဘူးလို့ ခံစားရတာကြောင့် တွဲဖက်မရိုက်ကူးဖြစ်တာပါလို့ ဆိုပါတယ်။

Sonam Kapoor



Sonam Kapoor ကတော့ Shah Ruth Khan ဟာ သူမထက် အသက်တော်တော်ကြီးတာကြောင့် လိုက်ဖက်မှုမရှိနိုင်ဘူးထင်တဲ့အတွက် မရိုက်ကူးဖြစ်ဘူးလို့ ဆိုပါတယ်။ ( Alia Bhatt လေးတောင် ရိုက်သေးတာပဲနော် )


Credit  \\   original

Recent Updates

Recent Posts Widget