ကိုရဲတိုက် မျက်လုံးကို မကြည့်ရဲလောက်အောင် ရှိန်ပါတယ်ဆိုတဲ့ ရွှေထူး





အနုပညာလုပ်ငန်းတွေကို ပြန်လည်စတင်နေပြီဖြစ်တဲ့ သရုပ်ဆောင် ရဲတိုက်က ဒဏ္ဍာရီမိုး ရုပ်ရှင်ကားကြီးမှာ ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။ ရွှေထူး ၊ ဒေါင်း ၊ ရဲတိုက်နဲ့ ဝတ်မှုံရွှေရည်တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဒဏ္ဍာရီမိုးကိုတော့ ဇူလိုင်လ (၁၁) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ဇတ်ကားထဲပါဝင်တဲ့ ဇာတ်ကောင်အကြောင်းနဲ့ စီနီယာ သရုပ်ဆောင်တွေနဲ့ ပတ်သက်လို့ ရွှေထူးက ခုလို ပြောပြသွားပါတယ်။

“ဒဏ္ဍာရီမိုးမှာ ကျွန်တော့်ရဲ့ ကာရိုက်တာက စာရေးဆရာပေါ့နော်။ စာရေးဆရာဆိုတော့ ကာရိုက်တာက နည်းနည်းအေးအေးပါပဲ။ ဒါပေမဲ့ကျွန်တော်က ဒီထဲမှာ ဇာတ်ပို့အနေနဲ့ ပါတယ်။” လို့ ဆိုပါတယ်။ရဲတိုက်နဲ့ အမှတ်တရကိုတော့ ရွှေထူးက ခုလိုရှင်းပြပါတယ်။





“ထူးထူးခြားခြား အမှတ်တရကတော့ ကိုရဲတိုက်နဲ့ပေါ့နော်။ ကိုရဲတိုက်နဲ့က ညီအစ်ကိုဆိုတော့ ကိုရဲတိုက်နဲ့ အခန်းကပိုများတော့ အတွေ့အကြုံတွေ အများကြီး ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် ရှိန်တာတွေလည်း အများကြီး ရှိပါတယ်။

ဘာတွေလေ့လာခဲ့လဲဆိုတော့ ကိုရဲတိုက်က ရုပ်ရှင်ရိုက်နေရင် ရုပ်ရှင်ကားထဲက ကာရိုက်တာ CUT လုပ်လိုက်ရင်လည်း ရုပ်ရှင်ထဲက ကာရိုက်တာ အတိုင်းပဲဗျ။ သရုပ်ဆောင်တာကတော့ သူ့မျက်လုံးကို မကြည့်ရဲလောက်အောင် ကောင်းပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။



စာရေးဆရာ ကာရိုက်တာကို အားရတဲ့အပေါ် ရွှေထူးက ခုလို ပြောပြသွားပါတယ်။”ကျွန်တော်ခင်တဲ့ စာရေးဆရာလေးတွေရဲ့ နေပုံထိုင်ပုံကို လေ့လာတယ်။ စာရေးဆရာ ကာရိုက်တာဝင်အောင် အဖက်ဖက်ကနေ လေ့လာပြီး သရုပ်ဆောင်ထားတယ်။ ကျွန်တော့်နေရာကို ကျွန်တော် ဒီကားးထဲမှာ အားရတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget