(၂၂) နှစ်သာရှိသေးတဲ့သူ့ကို (၃၂)ဆိုပြီးထင်ခံနေရကြောင်းပြောပြလာတဲ့ ပိုင်တံခွန်





နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ အေးဆေးတည်ငြိမ်စွာနေတတ်တဲ့ ပိုင်တံခွန်ကို လူငယ်ပရိသတ်တွေသာမက လူကြီးတွေကပါ ချစ်ခင်အားပေးကြတာကို တွေ့ရပါတယ်။ ပိုင်တံခွန်က လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေပြီး အနုပညာလောကမှာ နေရာတစ်နေရာ အခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။



ပိုင်တံခွန်ရဲ့ ကျော်ကြားမှုက ပြည်တွင်းမှာသာမက ပြည်ပအထိပါ ထိုးဖောက်အောင်မြင်တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က အာရှနိုင်ငံအတွင်းက နာမည်ကြီး အင်တာနက် ဝက်ဆိုက်ဒ်တွေမှာ မကြာခဏဆိုသလို ဖော်ပြခံရတဲ့ မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်။



ပြည်တွင်းသာမက ပြည်ပမှာပါ ပရိသတ်တွေရဲ့ အားပေးမှုများစွာကိုရရှိထားတဲ့ ပိုင်တံခွန်ကတော့ သူ့အသက် (၂၂) နှစ်သာရှိသေးပေမယ့်လည်း (၃၂) နှစ်ပြည့်ပြီဖြစ်ကြောင်းကို သူ့ရဲ့လူမှုကွန်ယက်ပေါ်ကနေ ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။



ထိုအကြောင်းကိုတော့ ပိုင်တံခွန်က ” Yeah I’m 22 years old But almost everyone think 32 ” ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။



ရင့်ကျက်တည်ငြိမ်တဲ့ ပုံစံမျိုးနေထိုင်ခဲ့တာကြောင့် (၂၂) နှစ်အရွယ်ကို (၃၂) နှစ်ဆိုပြီး ထင်ခံခဲ့ရတဲ့ ပိုင်တံခွန်အတွက် ပရိသတ်တွေလည်း တစ်ခုခုပြောပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

crd- momolay

Recent Updates

Recent Posts Widget