














UNICODE
ဘယ်တက္ကသိုလ်တက်ရင်ကောင်းမလဲပြီး စဉ်းစားနေတဲ့ မေလသံစဉ်
ငယ်စဉ်ကတည်းက အနုပညာဝါသနာပါပြီး ကိုယ်တိုင် စန္ဒယားတီးပြီး cover song တွေဆိုရင်း လူသိများလာခဲ့တဲ့ အဆိုတော်မလေး မေလသံစဉ်က ကြည်လင်ပြတ်သားတဲ့ဘအသံလေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သူလေးပဲ ဖြစ်ပါတယ်။ အခုဆိုရင် မေလသံစဉ်က သူမကို အားပေးတဲ့ ပရိသတ်တွေနဲ့ လူကြိုက်များထင်ရှားတဲ့ အဆိုတော်လေးဖြစ်လို့နေပါပြီ။

လတ်တလောမှာလည်း သူမကအနုပညာအလုပ်တွေကို လုပ်ကိုင်ပေးနေတာဖြစ်ပြီး မကြာခင်ထွက်ရှိတော့မယ့် “နတ်သားပုံပြင်” သီချင်းအတွက် အစွမ်းကုန်ကြိုးစားထားနေခဲ့တာပဲ ဖြစ်ပါတယ်။ မေလရဲ့ သီချင်းတွေတိုင်းက အရမ်းကောင်းနေတာကြောင့် ပရိသတ်တွေက သဘောကျခဲ့ကြရတာပါ။

သီချင်းသစ်လေးတွေနဲ့ ပရိသတ်တွေကို မိတ်ဆက်ပေးနေဆဲဖြစ်တဲ့ မေလကတော့ ဆယ်တန်းစာမေးပွဲကြီးကို အောင်မြင်ထားသူလေးမို့ ဘယ်တက္ကသိုလ်ကိုတက်ရင်ကောင်းမလဲဆိုပြီး စဉ်းစားနေခဲ့တာပဲဖြစ်ပါတယ်။ ထိုအကြောင်းကိုတော့ မေလက ” မတ်မတ် မေလ ဘယ်တက္ကသိုလ်တက်ရင် ကောင်းမလဲလို့😍 ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

မေလသံစဉ်ကတော့ ၂၀၁၈၊ ၂၀၁၉ ခုနှစ် ပညာသင်နှစ်မှာ ၁၀ တန်းစာမေးပွဲကြီးကို နှစ်ချင်းပေါက်အောင်မြင်လာခဲ့သူလေးပဲ ဖြစ်ပါတယ်။

မေလရဲ့ပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေ သဘောကျ ကြိုက်နှစ်သက်မိမယ်လို့ ထင်ပါတယ်။ ဘယ်တက္ကသိုလ်တက်ရင် ကောင်းမလဲပြီးစဉ်းစားနေတဲ့ မေလအတွက် အကြံပြုပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Ref: Mayla Thanzin’s Facebook,CRD-MOMOLAY

Recent Updates

Recent Posts Widget