ညှို့အားပြင်းလွန်းတဲ့ စီနီယာမမနှစ်ဦးနဲ့ ကြော်ငြာရိုက်နေတဲ့ မေမြင့်မိုရ်
မန်မာနိုင်ငံရဲ့မင်းသမီးချောလေးတွေထဲက ညှို့အားအပြင်းဆုံးလို့ ပရိသတ်တွေ သတ်မှတ်ထားတဲ့ သင်ဇာဝင့်ကျော်နဲ့ အိချောပိုတို့နှစ်ဦးကတော့ လတ်တလောမှာ ကြော်ငြာရိုက်ကူးရေးတစ်ခုအတွက် အတူဆုံနေကြတာ တွေ့ရပါတယ်။ အလန်းစား မိန်းမပျိုလေးနှစ်ဦးကတော့ ချစ်စရာကောင်မလေး မေမြင့်မိုရ်နဲ့အတူ ရိုက်ကူးရေးလုပ်နေတာပဲ ဖြစ်ပါတယ်။ ညှို့အားပြင်းလွန်းတဲ့ သင်ဇာဝင့်ကျော်နဲ့ အိချောပိုတို့ စီနီယာ မမနှစ်ဦးကြားမှာတော့ မေမြင့်မိုရ်တစ်ယောက် အရမ်းကို ချစ်ဖို့ကောင်းနေတာပါနော်။
းချစ်ပရိသတ်တွေအတွက် အရမ်းကို ကြည့်လို့မိုက်နေတဲ့ သင်ဇာဝင့်ကျော်၊ အိချောပိုနဲ့ မေမြင့်မိုရ်တို့ မိန်းမပျိုသုံးယောက်ရဲ့ကြော်ငြာရိုက်ကွင်းပေါ်က အလန်းစားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အိချောပိုကတော့ “👑👑👑 Black & Red & White…???” ဆိုပြီး အနက်လေးလား? အနီလေးလား? အဖြူရောင်လေးလား? ဆိုပြီး သူမတို့သုံးယောက်ရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။
သင်ဇာဝင့်ကျော်ကတော့ “ကိုယ်တွေသုံးယောက်ဝိုင်း CRUSH နေတာဘယ်သူလဲ ???” ဆိုပြီး သူတို့သုံးယောက် ကြွေနေရတဲ့ ကောင်လေးက ဘယ်သူလဲဆိုပြီး ချစ်စရာကောင်းအောင် မေးထားပါသေးတယ်။
သုံးယောက်လုံးက အလန်းစားမို့ ရုတ်တရက်ကြည့်ရင် နိုင်ငံခြားသူတွေလားလို့တောင် အထင်မှားရလောက်အောင်ကို ဂေါ်နေတာပဲ ဖြစ်ပါတယ်။
Single မမ သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာ ချစ်ရတဲ့ ပရိသတ်တွေရယ်၊ အနုပညာအလုပ်တွေရယ်ကိုပဲ အချိန်ပေးဖြစ်နေတယ်လို့ သိရပါတယ်။ မင်းသမီးချောလေး အိချောပိုကလည်း လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေပြီး ပွဲတွေလည်း ဆက်တိုက် တက်ဖြစ်နေတာပါ။ အေးချမ်းလွန်းတဲ့ မင်းသမီးလေး မေမြင့်မိုရ်ကလည်း သူမရဲ့ပရိသတ်တွေအတွက် အနုပညာကို အကောင်းဆုံးကြိုးစားနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်ယောက်တစ်မျိုးစီ လန်းနေတဲ့ သင်ဇာဝင့်ကျော်တို့သုံးယောက်ကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Credit \\ original







