သင်းသင်းရဲ့ နာမည်တပ်ပြီး ပြောခြင်းခံရတာကို တုံ့ပြန်လိုက်တဲ့ မို့မို့မြင့်အောင်
တစ်ခေတ်တစ်ခါက လျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့ပြီး အခုအချိန်အထိ ပရိသတ်တွေရဲ့ အားပေးလကွံမှုတွေကို ရရှိထားနေဆဲဖြစ်တဲ့ အကယ်ဒမီများရှင် နိုင်ငံကျော်မင်းသမီးကြီး မို့မို့မြင့်အောင်ကတော့ နာမည်တပ်ပြီးတော့ အင်တာဗျူးတစ်ခုမှာ ဝါးလုံးရှည်နဲ့ ပတ်မရမ်းဖို့ ပြောခံထားရတာကို Cele yatkwat ရဲ့အင်တာဗျူးတစ်ခုမှာ ပြန်လည် တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။ ဒါအပြင့် မိုးအောင်ရင်နဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်ပါစေကြောင်း ဆုတောင်းပေးခဲ့ပါတယ်။
မိုးအောင်ရင်နဲ့ပတ်သက်ပြီး မို့မို့မြင့်အောင်က “သူအောင်မြင်ပါစေပဲ ဆုတောင်းရမှာပဲ ဘာလို့လဲဆိုတော့ ရုပ်ရှင်တွေ ဗီဒီယိုတွေက ပျက်တဲ့ခေတ်ဆိုတော့ အဲ့ကြားထဲက သူထိုးဖောက်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ လုပ်သင့်ပါတယ် ဘာပဲ ဖြစ်ဖြစ်လေ သူ့မျက်နှာလေးက ချောနေတယ်ဆိုတော့ လုပ်သင့်တာပေါ့ သူလည်း ဒီအနုပညာလုပ်ဖို့ မွေးလာတဲ့ လူသားတစ်ယောက် ဖြစ်နေတာကို။”လို့ ပြောသွားခဲ့ပါတယ်။
မိုးအောင်ရင်နဲ့ ဆုံရောဆုံဖြစ်ပြီလားလို့ မေးမြန်းရာ “အထူးသဖြင့် မမို့က ပြန်ကြားတာကတော့လေ သားသား အထဲမှာ စာတွေဘာတွေ သင်ပေးတယ်တဲ့ သူက English ကောင်းတယ်လေ English စာ သိပ်တော်တာကို ကျောင်းကလည်း ILBC ကျောင်းဆိုတော့ ကုသိုလ်လည်းရတာပေါ့ ဘာပဲ ဖြစ်ဖြစ် သူများနဲ့ မတူဘူးလေ လိမ်လိမ်မာမာနဲ နေခဲ့တဲ့အတွက် အမှတ်တွေ အများကြီးရသွားတာ ပါမှာပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ရုံးချိန်းမှာ အလှမယ်သင်းသင်းက မို့မို့မြင့်အောင်နဲ့ချိုပြုံးဆိုပြီးနာမည်တပ်ပြီး ဝါးလုံးရှည်နဲ့ ပတ်မရမ်းဖို့ ပြောခဲ့တဲ့အပေါ် ဘာပြောချင်လဲလို့ မေးမြန်းရာ “မမို့အနေနဲ့တော့ ပြောစရာမရှိပါဘူး ဘာလို့လဲဆိုတော့ ဝ ဦးသုခ ဆုံးမထားတာရှိတယ်လေ။ ဘုန်းမြင့်မြတ်သောသူ ဂုဏ် မြင့်မြတ်သောသူ အမျိုးမည်မြတ်သော သူတို့သည် မာန်ယူဖက်ပြိုင်ချင်းငှာမထိုက်တဲ့ မဖြစ်သင့်ပါဘူး။”လို့ပြောသွားခဲ့ပါတယ်။
Download Best WordPress Themes Free DownloadDownload WordPress ThemesDownload WordPress ThemesDownload Nulled WordPress Themesfree online coursedownload lenevo firmwareDownload Nulled WordPress Themeslynda course free download
Loading…
Credit \\ original



