” အဆိုေတာ္ဝနနဲ႔ မွားၿပီး ႏႈတ္ဆက္ခံရဖူးတယ္ ဆိုတဲ့ မိုင္းမိုင္ဆိုင္း “
မိုင္မိုင္ဆိုင္းကေတာ့ Myanmar Idol Season (2) အဆိုၿပိုင္ပြဲမွာ ပါဝင္ခဲ့ၿပီး ပရိသတ္ေတြသတိထားမိလာကာ ေအာင္ျမင္လာတဲ့ မိန္းကေလး Rocker အဆိုရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ခပ္မိုက္မိုက္ေဘာ္ဒီနဲ့ ခပ္မိုက္မိုက္ Rock သီခ်င္းေတြကိုသာဆိုတတ္တဲ့ သူမကို ေယာက်ာ္းေလးပရိသတ္ေတြမ်ားစြာအားေပးၾကၿပီး နယ္ပရိသတ္ေတြကလည္း အားေပးဝန္းရံၾကတာပဲ ျဖစ္ပါတယ္။
ေအာင္ျမင္တဲ့အဆိုေတာ္အျဖစ္ရပ္တည္ေနတဲ့ မိုင္းမိုင္ဆိုင္းကေတာ့ ၿပီးခဲ့တဲ့ ေမလအတြင္းမွာ “ေခတ္သစ္နီတိ”ဆိုတဲ့ တစ္ကိုယ္ေတာ္ေခြကို ထြက္ရွိထားတာျဖစ္ၿပီး လတ္တေလာမွာလည္း သူမရဲ့ ” အၾကင္နာမပ်က္”သီခ်င္းMTV တစ္ပုဒ္ထြက္ရွိထားတာျဖစ္ပါတယ္။အၾကင္နာမပ်က္ သီခ်င္းကိုလည္း ပရိသတ္ေတြကလည္း အားေပးႏွစ္ၿခိဳက္ၾကတာပဲ ျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ဘားအံကို ေရာက္ရွိျဖစ္ၿပီး ” ခုႏွစ္ဆူေတာင္ ေျခ ကန္သာယာ ေရျပင္ေပၚမွာမွာမတ္မတ္လြမ္းေနတယ္။တစ္ခါတုန္းကပြဲတစ္ပြဲမွာ ကို၀န နဲ႔ မွားၿပီး လာႏႈတ္ဆက္ခံရဖူးတယ္ ငါ့ႏွယ္ ဟုတ္ပ တူေနတယ္ အႀကိဳက္ေတြအထာေတြ “ဆိုၿပီး သူမရဲ႕လူမႈကြန္ရက္စာမ်က္နွာကေန အလွပံုရိပ္ေလးေတြနဲ့ ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။ပရိသတ္ႀကီးေရာ မိုင္းမိုင္ဆိုင္ကို အဆိုေတာ္ဝနနဲ့တူတယ္ထင္ရင္ မွတ္ခ်က္တစ္ခုခုေပးခဲ့ပါဦးေနာ္။
Source :Mai Mai Seng,CRD-CELE GABAR
UNICODE
” အဆိုတော်ဝနနဲ့ မှားပြီး နှုတ်ဆက်ခံရဖူးတယ် ဆိုတဲ့ မိုင်းမိုင်ဆိုင်း “
မိုင်မိုင်ဆိုင်းကတော့ Myanmar Idol Season (2) အဆိုပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေသတိထားမိလာကာ အောင်မြင်လာတဲ့ မိန်းကလေး Rocker အဆိုရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ခပ်မိုက်မိုက်ဘော်ဒီနဲ့ ခပ်မိုက်မိုက် Rock သီချင်းတွေကိုသာဆိုတတ်တဲ့ သူမကို ယောကျာ်းလေးပရိသတ်တွေများစွာအားပေးကြပြီး နယ်ပရိသတ်တွေကလည်း အားပေးဝန်းရံကြတာပဲ ဖြစ်ပါတယ်။
အောင်မြင်တဲ့အဆိုတော်အဖြစ်ရပ်တည်နေတဲ့ မိုင်းမိုင်ဆိုင်းကတော့ ပြီးခဲ့တဲ့ မေလအတွင်းမှာ “ခေတ်သစ်နီတိ”ဆိုတဲ့ တစ်ကိုယ်တော်ခွေကို ထွက်ရှိထားတာဖြစ်ပြီး လတ်တလောမှာလည်း သူမရဲ့ ” အကြင်နာမပျက်”သီချင်းMTV တစ်ပုဒ်ထွက်ရှိထားတာဖြစ်ပါတယ်။အကြင်နာမပျက် သီချင်းကိုလည်း ပရိသတ်တွေကလည်း အားပေးနှစ်ခြိုက်ကြတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဘားအံကို ရောက်ရှိဖြစ်ပြီး ” ခုနှစ်ဆူတောင် ခြေ ကန်သာယာ ရေပြင်ပေါ်မှာမှာမတ်မတ်လွမ်းနေတယ်။တစ်ခါတုန်းကပွဲတစ်ပွဲမှာ ကိုဝန နဲ့ မှားပြီး လာနှုတ်ဆက်ခံရဖူးတယ် ငါ့နှယ် ဟုတ်ပ တူနေတယ် အကြိုက်တွေအထာတွေ “ဆိုပြီး သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အလှပုံရိပ်လေးတွေနဲ့ ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်ကြီးရော မိုင်းမိုင်ဆိုင်ကို အဆိုတော်ဝနနဲ့တူတယ်ထင်ရင် မှတ်ချက်တစ်ခုခုပေးခဲ့ပါဦးနော်။
Source :Mai Mai Seng,CRD-CELE GABAR






