အရမ္းကိုထိမိလြန္းတဲ့ ႐ိုက္ခ်က္ေတြနဲ႔ စတိုင္က်ၿပီး ခန႔္ညားေနၾကတဲ့ ႏိုင္းႏိုင္းနဲ႔လီလီေက်ာ့ခိုင္တို႔ႏွစ္ေယာက္
သ႐ုပ္ေဆာင္ မင္းသားေခ်ာ ႏိုင္းႏိုင္းကေတာ့ မင္းသားေဒြး၊ မင္းသား ေနတိုး၊ မင္းသမီး အိျႏၵာေက်ာ္ဇင္တို႔နဲ႔အတူ တစ္ခ်ိန္တည္းေပၚေပါက္ခဲ့တဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြ လုပ္ကိုင္လာခဲ့တာ ဆယ္စုႏွစ္ေက်ာ္ၾကာခဲ့ၿပီျဖစ္တဲ့ ႏိုင္းႏိုင္းက ယေန႔တိုင္ေအာင္ လူပ်ိဳေပါက္အ႐ြယ္တုန္းကအတိုင္း ႏုပ်ိဳေခ်ာေမာေနဆဲ ျဖစ္ပါတယ္။ ႏိုင္းႏိုင္းက ခ်စ္စရာေကာင္းတဲ့ သား၊သမီးေလးေတြကို ပိုင္ဆိုင္ထားတဲ့ ကေလးေလးေယာက္ရဲ႕အေဖလည္း ျဖစ္ပါတယ္။
လက္ရွိမွာေတာ့ ႏိုင္းႏိုင္းတစ္ေယာက္ ႐ုပ္ရွင္ဇာတ္ကားအခ်ိဳ႕နဲ႔ ေၾကာ္ျငာေတြ အဓိကလက္ခံ႐ိုက္ကူးေပးေနတာ ျဖစ္ပါတယ္။ အခုလည္း ႏိုင္းႏိုင္းက ေမာ္ဒယ္ လီလီေက်ာ့ခိုင္နဲ႔အတူ အမိုက္စား ေၾကာ္ျငာေလးတစ္ခုကို ႐ိုက္ကူးခဲ့ပါတယ္။ ႏိုင္းႏိုင္းက ေခ်ာေမာခန႔္ညားတဲ့႐ုပ္ရည္နဲ႔ Gentleman တစ္ဦးလို အရမ္းကို စမတ္က်ေနတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္လည္း မင္းသားေခ်ာ ႏိုင္းႏိုင္းက ပ်ိဳမဒီေလးေတြ ဝိုင္းဝိုင္းလည္တဲ့အထိ အားေပးျခင္းခံေနရတာပဲ ျဖစ္ပါတယ္။
ႏိုင္းႏိုင္းနဲ႔ လီလီေက်ာ့ခိုင္တို႔ႏွစ္ေယာက္က ” 21 North & The Saffron Collection” အတြက္ အတြဲညီညီနဲ႔ ႐ိုက္ကူးေပးခဲ့တာပဲ ျဖစ္ပါတယ္။ စတိုင္တစ္မ်ိဳးစီနဲ႔ ပို႔စ္ေပးေနတဲ့ ႏိုင္းႏိုင္းတို႔ႏွစ္ေယာက္ကေတာ့ ႏိုင္ငံျခားေမာ္ဒယ္ေတြလို႔ေတာင္ ထင္မွတ္ရေလာက္တာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ မင္းသားေခ်ာ ႏိုင္းႏိုင္းနဲ႔ ေမာ္ဒယ္မေလး လီလီေက်ာ့ခိုင္ရဲ႕ အမိုက္စားပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။
Source:Li Li Kyaw Khaing;CRD-MYANMAR
UNICODE
အရမ်းကိုထိမိလွန်းတဲ့ ရိုက်ချက်တွေနဲ့ စတိုင်ကျပြီး ခန့်ညားနေကြတဲ့ နိုင်းနိုင်းနဲ့လီလီကျော့ခိုင်တို့နှစ်ယောက်
သရုပ်ဆောင် မင်းသားချော နိုင်းနိုင်းကတော့ မင်းသားဒွေး၊ မင်းသား နေတိုး၊ မင်းသမီး အိန္ဒြာကျော်ဇင်တို့နဲ့အတူ တစ်ချိန်တည်းပေါ်ပေါက်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ လုပ်ကိုင်လာခဲ့တာ ဆယ်စုနှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ နိုင်းနိုင်းက ယနေ့တိုင်အောင် လူပျိုပေါက်အရွယ်တုန်းကအတိုင်း နုပျိုချောမောနေဆဲ ဖြစ်ပါတယ်။ နိုင်းနိုင်းက ချစ်စရာကောင်းတဲ့ သား၊သမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးယောက်ရဲ့အဖေလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ နိုင်းနိုင်းတစ်ယောက် ရုပ်ရှင်ဇာတ်ကားအချို့နဲ့ ကြော်ငြာတွေ အဓိကလက်ခံရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။ အခုလည်း နိုင်းနိုင်းက မော်ဒယ် လီလီကျော့ခိုင်နဲ့အတူ အမိုက်စား ကြော်ငြာလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ နိုင်းနိုင်းက ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ Gentleman တစ်ဦးလို အရမ်းကို စမတ်ကျနေတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း မင်းသားချော နိုင်းနိုင်းက ပျိုမဒီလေးတွေ ဝိုင်းဝိုင်းလည်တဲ့အထိ အားပေးခြင်းခံနေရတာပဲ ဖြစ်ပါတယ်။
နိုင်းနိုင်းနဲ့ လီလီကျော့ခိုင်တို့နှစ်ယောက်က ” 21 North & The Saffron Collection” အတွက် အတွဲညီညီနဲ့ ရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်။ စတိုင်တစ်မျိုးစီနဲ့ ပို့စ်ပေးနေတဲ့ နိုင်းနိုင်းတို့နှစ်ယောက်ကတော့ နိုင်ငံခြားမော်ဒယ်တွေလို့တောင် ထင်မှတ်ရလောက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော နိုင်းနိုင်းနဲ့ မော်ဒယ်မလေး လီလီကျော့ခိုင်ရဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:Li Li Kyaw Khaing;CRD-MYANMAR LOAD






