ျမတ္စြာဘုရားေဟာျကားခဲ့တဲ့ ဆင္းရဲၿပီး ဒုကၡေရာက္ေနသူမ်ား ျပဳသင့္တဲ့ ကုသုိလ္
ျမတ္စြာဘုရားေဟာျကားခဲ့တဲ့ ဆင္းရဲၿပီး ဒုကၡေရာက္ေနသူမ်ား ျပဳသင့္တဲ့ ကုသုိလ္
အရွင္ဘုရား ဆင္းရဲႏြမ္းပါးျပီး ေဆးဖုိး၀ါးခ မတတ္ႏုိင္သူမ်ား၊ က်န္းမာေရး မေကာင္းလုိ႔ အလုပ္မလုပ္ႏုိင္ စား၀တ္ေနေရးပါ ဒုကၡေရာက္ရသူမ်ား ဘယ္လုိ ကုသုိလ္မ်ိဳး ျပဳသင့္ပါသလဲဘုရား။
အဲဒီလုိအေျခအေနမ်ိဳးမွာ လုပ္ႏုိင္တဲ့ကုသုိလ္မ်ိဳးကုိ လုပ္ဖုိ႔လုိပါတယ္။ ဗုဒၶစာေပမွာ ပုညႀကိယ ၀တၱဳဆယ္မ်ိဳး (ေကာင္းေသာ အက်ိဳး၏ တည္ရာျဖစ္၍ ျပဳသင့္ျပဳထုိက္တဲ့ကုသိုလ္ဆယ္မ်ိဳး)
ရွိေၾကာင္း ေဖာ္ျပထားပါတယ္။ အဲဒီဆယ္မ်ိဳးကေတာ့…၁။ ဒါန = ေပးကမ္းလွဴဒါန္းျခင္း၂။ သီလ = ငါးပါး၊ ရွစ္ပါး၊ ဆယ္ပါးစေသာ သီလေဆာက္တည္ျခင္း
၃။ ဘာ၀နာ = တရားဓမၼက်င့္ႀကံ အားထုတ္ျခင္း၄။ အပစာယာန = အသက္သိကၡာ ဂုဏ္၀ါႀကီးသူအား အ႐ုိအေသျပဳျခင္း၅။ ေ၀ယ်ာ၀စၥ = သူမ်ားကုသိုလ္ေကာင္းမႈ၌ ကူညီေဆာင္ရြက္လုပ္ကုိင္ေပးျခင္း
၆။ ပတိၱဒါန = မိမိရေသာ၊ မိမိလုပ္ေသာ ကုသုိလ္ေကာင္းမႈကုိ အမွ်ေပးေ၀ျခင္း၇။ ပတၱာႏုေမာဒနာ = မိမိသုိ႔ေရာက္လာေသာ ကုသုိလ္အဖုိ႔ တစ္နည္းအားျဖင့္
သူမ်ားျပဳေသာ ကုသုိလ္အဖုိ႔ကုိ ၀မ္းေျမာက္၀မ္းသာ သာဓုေခၚယူျခင္း၈။ ဓမၼႆ၀န = တရားနာယူျခင္း၉။ ဓမၼေဒသနာ = လာဘ္လာဘကုိ မငဲ့ဘဲ
တရားေဟာေျပာျခင္း၁၀။ ဒိ႒ိဇုကမၼ = အယူ၀ါဒကုိ ေျဖာင့္မတ္မွန္ကန္စြာ ျပဳျခင္းတုိ႔ျဖစ္ပါတယ္။
ဒီဆယ္မ်ိဳးထဲက မိမိတုိ႔လုပ္ႏုိင္တဲ့ကုသုိလ္မ်ိဳးကုိ လုပ္ေနပါကလည္း ကုသိုလ္ျဖစ္ေနၿပီး ဘာမွမလုပ္တာထက္စာရင္ အမ်ားႀကီးအက်ိဳးႀကီးပါတယ္။
ကုသုိလ္ဆုိတာ လုပ္တတ္ရင္ ယူတတ္ရင္ ရပါတယ္။ လွဴစရာမရွိလုိ႔ ကုသုိလ္မရဘူးဆုိတာ မရွိပါဘူး။ ဒါနလုပ္မွသာ ကုသုိလ္ျဖစ္တာမဟုတ္ပါဘူး။
ဒီမွာ ေဖာ္ျပထားတဲ့ ဆယ္မ်ိဳးထဲမွာ လုပ္လုိ႔ရတဲ့ ကုသုိလ္ေတြ အမ်ားႀကီးပါ။ မိမိတုိ႔လုပ္ႏုိင္တဲ့ လုပ္လုိ႔ရတဲ့ ကုသိုလ္မ်ိဳး ႀကိဳးစားၿပီး လုပ္ေနမယ္ဆိုရင္ အဆုိးထဲက အေကာင္းဆုိသလုိ ကုသုိလ္တရား တုိးပြားေနမွာပါ။
မနာပဒါယီ အရွင္၀ိစိတၱ(ဒုိက္ဦး)
Credit DailyHotNews
Unicode
မြတ်စွာဘုရားဟောကြားခဲ့တဲ့ ဆင်းရဲပြီး ဒုက္ခရောက်နေသူများ ပြုသင့်တဲ့ ကုသိုလ်
အရှင်ဘုရား ဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခ မတတ်နိုင်သူများ၊ ကျန်းမာရေး မကောင်းလို့ အလုပ်မလုပ်နိုင် စားဝတ်နေရေးပါ ဒုက္ခရောက်ရသူများ ဘယ်လို ကုသိုလ်မျိုး ပြုသင့်ပါသလဲဘုရား။
အဲဒီလိုအခြေအနေမျိုးမှာ လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်ဖို့လိုပါတယ်။ ဗုဒ္ဓစာပေမှာ ပုညကြိယ ဝတ္တုဆယ်မျိုး (ကောင်းသော အကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်ဆယ်မျိုး)
ရှိကြောင်း ဖော်ပြထားပါတယ်။ အဲဒီဆယ်မျိုးကတော့…၁။ ဒါန = ပေးကမ်းလှူဒါန်းခြင်း၂။ သီလ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလဆောက်တည်ခြင်း
၃။ ဘာဝနာ = တရားဓမ္မကျင့်ကြံ အားထုတ်ခြင်း၄။ အပစာယာန = အသက်သိက္ခာ ဂုဏ်ဝါကြီးသူအား အရိုအသေပြုခြင်း၅။ ဝေယျာဝစ္စ = သူများကုသိုလ်ကောင်းမှု၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း
၆။ ပတ္တိဒါန = မိမိရသော၊ မိမိလုပ်သော ကုသိုလ်ကောင်းမှုကို အမျှပေးဝေခြင်းရ။ ပတ္တာနုမောဒနာ = မိမိသို့ရောက်လာသော ကုသိုလ်အဖို့ တစ်နည်းအားဖြင့်
သူများပြုသော ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ယူခြင်း၈။ ဓမ္မဿဝန = တရားနာယူခြင်း၉။ ဓမ္မဒေသနာ = လာဘ်လာဘကို မငဲ့ဘဲ
တရားဟောပြောခြင်း၁၀။ ဒိဋ္ဌိဇုကမ္မ = အယူဝါဒကို ဖြောင့်မတ်မှန်ကန်စွာ ပြုခြင်းတို့ဖြစ်ပါတယ်။
ဒီဆယ်မျိုးထဲက မိမိတို့လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်နေပါကလည်း ကုသိုလ်ဖြစ်နေပြီး ဘာမှမလုပ်တာထက်စာရင် အများကြီးအကျိုးကြီးပါတယ်။
ကုသိုလ်ဆိုတာ လုပ်တတ်ရင် ယူတတ်ရင် ရပါတယ်။ လှူစရာမရှိလို့ ကုသိုလ်မရဘူးဆိုတာ မရှိပါဘူး။ ဒါနလုပ်မှသာ ကုသိုလ်ဖြစ်တာမဟုတ်ပါဘူး။
ဒီမှာ ဖော်ပြထားတဲ့ ဆယ်မျိုးထဲမှာ လုပ်လို့ရတဲ့ ကုသိုလ်တွေ အများကြီးပါ။ မိမိတို့လုပ်နိုင်တဲ့ လုပ်လို့ရတဲ့ ကုသိုလ်မျိုး ကြိုးစားပြီး လုပ်နေမယ်ဆိုရင် အဆိုးထဲက အကောင်းဆိုသလို ကုသိုလ်တရား တိုးပွားနေမှာပါ။
မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)
Credit DailyHotNews


