ကလေးတစ်ဦးက လေယာဉ်ပေါ်မှာ ဗုံးရှိတယ်ဆိုပြီး စာချန်ခဲ့လို့၊ အလုပ်ရှုပ်ခဲ့ရသော ခရီးသည်များ
အသက်(၁၁)နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ နောက်ပြောင်မှုကြောင့် လေယာဉ်အမှုထမ်းတွေ၊ ရဲတပ်ဖွဲ့တွေနဲ့ အဲဒီခရီးစဉ်ကို လိုက်ပါစီးနင်းကြမယ့် ခရီးသည်တွေအားလုံး အလုပ်ရှုပ်ခဲ့ရပါတယ်။ ကလေးရဲ့စာကို အတည်ယူပြီး၊ အရေးပေါ် ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ရတာပါ။
ကာယကံရှင်ကောင်လေးက လေယာဉ်ပေါ်မှာ ဗုံးသုံးလုံးရှိတယ်ဆိုပြီး နောက်ပြောင်ကာ ရေးသားခဲ့ခြင်းကို သက်ဆိုင်ရာက အဟုတ်ထင်မှတ်ခဲ့တာပါ။ အခင်းဖြစ်ခဲ့တဲ့ လေကြောင်းလိုင်းကတော့ Vueling Flight လေကြောင်းလိုင်းဖြစ်ပြီး၊ Fuerteventura ကနေ ထွက်ခွာလုအချိန်မှာ ဖြစ်ခဲ့တာပါ။
လေယာဉ်ပေါ်ကို ခရီးသည် (၁၈၀)ဦး တက်ရောက်နေရာယူနေစဉ်မှာ ဒီမသင်္ကာဖွယ်ရာ ဖြစ်ခဲ့တာပါ။ ဒီအတွက် ခရီးစဉ်လည်း နာရီပိုင်းကြာအောင် နောက်ကျခဲ့ရပါတယ်။ စာထဲမှာတော့ လေယာဉ်ပေါ်မှာ Glycerin ဗုံး သုံးလုံးရှိပြီး၊ လက်မှတ်နေရာကိုတော့ အကြမ်းဖက်သမား-ဆိုပြီး ရေးထားတာပါ။
လုံခြုံရေးတပ်ဖွဲ့တွေလည်း အနံ့ခံခွေးတွေ၊ ခေတ်မီကိရိယာတွေနဲ့ ဗုံးရှာဖွေခဲ့ကြပြီး၊ နောက်မှ ဒါဟာ သက်သက်နောက်ပြောင်မှုသာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ Armed Command Institute of Las Palmas de Gran Canaria တပ်ဖွဲ့ရဲ့-စုံစမ်းဖော်ထုတ်မှုအရ ဒီစာကို အသက်(၁၁)နှစ်အရွယ်ကောင်လေးက ရေးခဲ့တာဖြစ်ပြီး၊ မိဘတွေနဲ့လည်း တိုက်ရိုက်မေးမြန်းခဲ့ကြောင်း၊ ကောင်လေးက သူ့ဘာသာသူ သက်သက် နောက်ပြောင်ပြီးရေးတာလို့ ဝန်ခံခဲ့ပါတယ်။ ဒီလိုနောက်ပြောင်မှုမျိုးဟာ အရွယ်ရောက်သူဆိုရင်-
ဒီလိုနောက်ပြောင်ပါက ဒေသဆိုင်ရာဥပဒေအရ ထောင်ဒဏ်(၅)နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း၊ ကလေးဖြစ်တဲ့အတွက် ဘာဥပဒေနဲ့မှ အရေးယူလို့မရကြောင်း တာဝန်ရှိသူက ပြောပါတယ်။ အဆိုပါလေယာဉ်ဟာ စပိန်နိုင်ငံ၊ Santiago De Compostela မြို့ကို မနက် (၄)နာရီမှာ ရောက်ရှိခဲ့တာပါတဲ့။
Credit \\ original


