“အမ်ိဳးသမီးသုံးဦးက ဘုန္းႀကီးပိုက္ဆံ ၂၁ သိန္းကို ခိုးယူသည့္ျဖစ္စဥ္ ဖ်ာပုံၿမိဳ႕နယ္မွာျဖစ္ပြား”
“အမ်ိဳးသမီးသုံးဦးက ဘုန္းႀကီးပိုက္ဆံ ၂၁ သိန္းကို ခိုးယူသည့္ျဖစ္စဥ္ ဖ်ာပုံၿမိဳ႕နယ္မွာျဖစ္ပြား”
ဧရာဝတီတိုင္းေဒသႀကီး၊ ဖ်ာပုံၿမိဳ႕၊ သလိပ္ႀကီးေက်းရြာ ဘုန္းေတာ္ႀကီးေက်ာင္းတိုက္ ဆရာေတာ္ ဦး၀ါသ၀၏ ပိုက္ဆံ ၂၁ သိန္းကို ခိုးယူခဲ့သည့္ အမ်ဳိးသမီး ၃ ဦးႏွင့္
အမ်ိဳးသား ၁ ဦးတို႔အား ဖ်ာပံုၿမိဳ႕မရဲစခန္းမွ ယမန္ေန႔တြင္ ဖမ္းဆီးခဲ့ေၾကာင္း သတင္းရရွိသည္။
“ဘုန္းႀကီးေက်ာင္းရဲ႕သီးသန္႔ခန္းထဲက ေငြနဲ႔ဘဏ္စာအုပ္ေတြခိုးခံရတယ္လုိ႔ သိရတာနဲ႔ ဖ်ာပံုၿမိဳ႕မရဲစခန္းကို ခ်က္ျခင္းအေၾကာင္းၾကားၿပီး အမႈဖြင့္လွစ္ခဲ့ပါတယ္။
အမႈဖြင့္တဲ့ေနာက္ ရဲတပ္ဖဲြ႔နဲ႔အုပ္ခ်ဳပ္ေရးတာ၀န္ရွိသူေတြ လုိက္လံဖမ္းဆီးခဲ့ရာမွာ နာရီပိုင္းအတြင္း တရားခံေတြကို ဖမ္းမိခဲ့ပါတယ္”ဟု
ဘုန္းေတာ္ကီးေျက်ာင္းေဂါပကအဖဲြ႔အတြင္းေရးမွဴး ဦးျမင့္စိန္က ဧရာ၀တီတုိင္းမ္ကို ေျပာသည္။
သလိပ္ႀကီးေက်းရြာဘုန္းေတာ္ႀကီးေက်ာင္းမွ ဘဏ္စာအုပ္ႏွင့္ေငြမ်ားေပ်ာက္ဆံုးၿပီးေနာက္ ဖ်ာပုံၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္ႏွင့္
နယ္ထိန္းတပ္ဖြဲ႔ဝင္မ်ား၊သလိပ္ႀကီးေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးတို႔မွ ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေ၀ဘာဂီၿမိဳ႕သစ္၊
ဇဗၶဴရာဇ္ေရႊစင္လမ္းတြင္ေနထိုင္သူ မစန္းစန္းၿငိမ္း (၄၆)ႏွစ္၊အင္းစိန္ၿမိဳ႕နယ္၊ ရြာမရပ္ကြက္၊ ဓမၼာရံုလမ္းတြင္ေနထုိင္သူ မေဆြေဆြထိုက္
(၃၆)ႏွစ္၊ အင္းစိန္ၿမိဳ႕နယ္ ေဖာ့ကန္ရပ္ကြက္၊ ကန္ဦးလမ္းတြင္ ေနထုိင္သည့္ မညဳိညိဳ (၂၃)ႏွစ္တို႔အား စစ္ေဆးခဲ့ေၾကာင္း သိရသည္။
ထိုသို႔စစ္ေဆးခဲ့ရာ မညိွညိွကိုင္ေဆာင္ထားသည့္ အနက္ေရာင္သားေရ ပိုက္ဆံအိတ္အတြင္းမွ KBZ ဘဏ္ေငြစု စာအုပ္တြင္
ဦးဝါသဝအမည္ပါ ဘဏ္စာအုပ္ ၁ အုပ္၊ဦးဝါသဝအမည္ပါ ျမန္မာ့စီးပြားေရးဘဏ္ ေငြစုစာအုပ္ ၁ အုပ္၊ ဦးဝါသဝအမည္ပါ CB ဘဏ္
အခ်ိန္ပိုင္းအပ္ေငြစာရြက္ ၁ ရြက္၊ ဦးဝါသဝအမည္ပါ ႏိုင္ငံကူးလက္မွတ္ စာအုပ္ ၁ အုပ္၊
ဦးဝါသဝ ဘြဲ႔ေတာ္ပါ သာသနာစီစစ္ေရးကဒ္ ၁ ခု တို႔အားေတြ႔ရိွရသျဖင့္ေမးျမန္းရာ ေငြမ်ားႏွင့္ စာရြက္စာတမ္းမ်ားအား သလိပ္
ႀကီးေက်ာင္းဆရာေတာ္ ဦးဝါသဝ၏ သီးသန္႔ခန္းမွခိုးယူခ့ဲေၾကာင္းႏွင့္ က်န္ေငြ ၂၁ သိန္းက်ပ္အား Probox အျဖဴေရာင္
ယာဥ္ေမာင္း ေဇာ္ေဇာ္ဝင္းထံ ေပးအပ္ခ့ဲေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့ေၾကာင္း ရဲတပ္ဖဲြ႔ထံမွ သိရသည္။
ထိုသို႔ စစ္ေဆးေပၚေပါက္ၿပီးေနာက္ ယာဥ္ေမာင္း ကေဇာ္ေဇာ္ဝင္း (၃၅)ႏွစ္ အားလိုက္လံရွာေဖြခဲ့ရာ က်ိဳက္လတ္ၿမိဳ႕အထြက္ က်ိဳက္လတ္-မအူပင္ ကားလမ္းမေပၚတြင္ ေတြ႔ရိွသျဖင့္
ကားအတြင္း႐ွာေဖြရာ ယာဥ္ေမာင္းထိုင္ခုံးေဘး ထိုင္ခုံေပၚမွ ပလပ္စတသ္အိတ္ျဖင့္ ထည့္ထားသည့္ ေငြက်ပ္(၂၁)သိန္းက်ပ္အား ႐ွာေဖြေတြ႔ရိွခ့ဲသည္။
ထို႔ေၾကာင့္ သလိပ္ႀကီးေက်းရြာ ဘုန္ေတာ္ႀကီးေက်ာင္း ေက်ာင္းထုိင္ဆရာေတာ္ ဦး၀ါသ၀၏ ေငြက်ပ္(၂၁)သိန္းႏွင့္ ဘဏ္စာအုပ္မ်ား ခိုးယူခ့ဲသူ မစန္းစန္းၿငိမ္း၊ မေဆြေဆြထိုက္၊
မညိွည္ိွႏွင့္ ေဇာ္ေဇာ္ဝင္းတို႔အား ဖ်ာပုံၿမိဳ႕မရဲစခန္းမွ(ပ)၈၄၄/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀ျဖင့္ အမႈဖြင့္လွစ္ၿပီး ဆက္လက္စစ္ေဆးေနေၾကာင္း ဖ်ာပုံၿမိဳ႕မရဲစခန္းမွ သိရိွရသည္။
Credit: Ayeyarwaddy_Times
Unicode
“အမျိုးသမီးသုံးဦးက ဘုန်းကြီးပိုက်ဆံ ၂၁ သိန်းကို ခိုးယူသည့်ဖြစ်စဉ် ဖျာပုံမြို့နယ်မှာဖြစ်ပွား”
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ သလိပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော် ဦးဝါသဝ၏ ပိုက်ဆံ ၂၁ သိန်းကို ခိုးယူခဲ့သည့် အမျိုးသမီး ၃ ဦးနှင့်
အမျိုးသား ၁ ဦးတို့အား ဖျာပုံမြို့မရဲစခန်းမှ ယမန်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
“ဘုန်းကြီးကျောင်းရဲ့သီးသန့်ခန်းထဲက ငွေနဲ့ဘဏ်စာအုပ်တွေခိုးခံရတယ်လို့ သိရတာနဲ့ ဖျာပုံမြို့မရဲစခန်းကို ချက်ခြင်းအကြောင်းကြားပြီး အမှုဖွင့်လှစ်ခဲ့ပါတယ်။
အမှုဖွင့်တဲ့နောက် ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးတာဝန်ရှိသူတွေ လိုက်လံဖမ်းဆီးခဲ့ရာမှာ နာရီပိုင်းအတွင်း တရားခံတွေကို ဖမ်းမိခဲ့ပါတယ်”ဟု ဘုန်းတော်ကီးကြျောင်း
ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးမြင့်စိန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သလိပ်ကြီးကျေးရွာဘုန်းတော်ကြီးကျောင်းမှ ဘဏ်စာအုပ်နှင့်ငွေများပျောက်ဆုံးပြီးနောက် ဖျာပုံမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊
သလိပ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးတို့မှ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်၊ ဇဗ္ဓူရာဇ်ရွှေစင်လမ်းတွင်နေထိုင်သူ မစန်းစန်းငြိမ်း (၄၆)နှစ်၊
အင်းစိန်မြို့နယ်၊ ရွာမရပ်ကွက်၊ ဓမ္မာရုံလမ်းတွင်နေထိုင်သူ မဆွေဆွေထိုက် (၃၆)နှစ်၊ အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်၊ ကန်ဦးလမ်းတွင် နေထိုင်သည့် မညိုညို (၂၃)နှစ်တို့အား စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးခဲ့ရာ မညှိညှိကိုင်ဆောင်ထားသည့် အနက်ရောင်သားရေ ပိုက်ဆံအိတ်အတွင်းမှ KBZ ဘဏ်ငွေစု စာအုပ်တွင် ဦးဝါသဝအမည်ပါ ဘဏ်စာအုပ် ၁ အုပ်၊
ဦးဝါသဝအမည်ပါ မြန်မာ့စီးပွားရေးဘဏ် ငွေစုစာအုပ် ၁ အုပ်၊ ဦးဝါသဝအမည်ပါ CB ဘဏ် အချိန်ပိုင်းအပ်ငွေစာရွက် ၁ ရွက်၊ ဦးဝါသဝအမည်ပါ နိုင်ငံကူးလက်မှတ် စာအုပ် ၁ အုပ်၊
ဦးဝါသဝ ဘွဲ့တော်ပါ သာသနာစီစစ်ရေးကဒ် ၁ ခု တို့အားတွေ့ရှိရသဖြင့်မေးမြန်းရာ ငွေများနှင့် စာရွက်စာတမ်းများအား သလိပ်ကြီးကျောင်းဆရာတော် ဦးဝါသဝ၏ သီးသန့်ခန်းမှ
ခိုးယူခဲ့ကြောင်းနှင့် ကျန်ငွေ ၂၁ သိန်းကျပ်အား Probox အဖြူရောင်ယာဉ်မောင်း ဇော်ဇော်ဝင်းထံ ပေးအပ်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ထိုသို့ စစ်ဆေးပေါ်ပေါက်ပြီးနောက် ယာဉ်မောင်း ကဇော်ဇော်ဝင်း (၃၅)နှစ် အားလိုက်လံရှာဖွေခဲ့ရာ ကျိုက်လတ်မြို့အထွက် ကျိုက်လတ်-မအူပင် ကားလမ်းမပေါ်တွင် တွေ့ရှိသဖြင့်
ကားအတွင်းရှာဖွေရာ ယာဉ်မောင်းထိုင်ခုံးဘေး ထိုင်ခုံပေါ်မှ ပလပ်စတသ်အိတ်ဖြင့် ထည့်ထားသည့် ငွေကျပ်(၂၁)သိန်းကျပ်အား ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ကြောင့် သလိပ်ကြီးကျေးရွာ ဘုန်တော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝါသဝ၏ ငွေကျပ်(၂၁)သိန်းနှင့် ဘဏ်စာအုပ်များ ခိုးယူခဲ့သူ မစန်းစန်းငြိမ်း၊ မဆွေဆွေထိုက်၊
မညှိည်ိှနှင့် ဇော်ဇော်ဝင်းတို့အား ဖျာပုံမြို့မရဲစခန်းမှ(ပ)၈၄၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈ဝဖြင့် အမှုဖွင့်လှစ်ပြီး ဆက်လက်စစ်ဆေးနေကြောင်း ဖျာပုံမြို့မရဲစခန်းမှ သိရှိရသည်။
Credit: Ayeyarwaddy_Times




