“(၂)ႏွစ္ အရြယ္ကေလးက Driver ကို ကိုကိုေခၚတယ္ဆိုတာ အဓိပၸါယ္မရွိဘူး” ဆိုတဲ့ Rဇာနည္ နဲ႔ ၀မ္း
“(၂)ႏွစ္ အရြယ္ကေလးက Driver ကို ကိုကိုေခၚတယ္ဆိုတာ အဓိပၸါယ္မရွိဘူး” ဆိုတဲ့ Rဇာနည္ နဲ႔ ၀မ္း
ပရိသတ္ေတြရဲ႕ အားေပးလက္ခံမႈကို မ်ားစြာရရွိထားၿပီး တစ္ပင္ထဲ ရင္ထဲကႏြယ္၊ ဂႏၱ၀င္ဆည္းဆာ စတဲ့ သီခ်င္းေတြနဲ႕ နာမည္ႀကီးခဲ့တဲ့
Rဇာနည္ကေတာ့ သူခ်စ္တဲ့ သီခ်င္းေတြကိုလုပ္ကိုင္ေနၿပီး သာယာတဲ့ မိသားစုဘ၀ေလးကိုလဲ တည္ေထာင္ ထားပါတယ္။
သူတို႔ဇနီးေမာင္ႏွံဟာ သားေလးႏွစ္ေယာက္ေမြးထားၿပီး တည္ၿငိမ္ေအးခ်မ္းလွတဲ့ အိမ္ေထာင္ရွင္ ေတြလို႔ ေျပာရမလုိပါဘဲ။
သားရွင္ေတြ ျဖစ္ေနပါေသာ္လည္း သမီးေလးဗစ္တိုးရီးယားရဲ႕ အမႈအတြက္ ႏွစ္ေယာက္လံုးက အမႈမွန္ေပၚေစခ်င္သလို ယူႀကံဳးမရလဲျဖစ္ေနၾကပါတယ္။
အဲ့ဒီကေလးနဲ႕ ပတ္သက္ၿပီး သူတို႕ဇနီးေမာင္ႏွံေျပာခဲ့တာကေတာ့ “၂ႏွစ္အရြယ္ခေလးတစ္ေယာက္က Driver ကို ကိုကိုေခၚတယ္ဆိုတာ သိပ္ၿပီးအဓိပၸါယ္မရွိဘူးေပါ့ေနာ္
အဲ့ဒီအတြက္ အျဖစ္မွန္အမႈမွန္ကို ေသခ်ာေဖာ္ထုတ္ေစခ်င္ပါတယ္။ ဟိုေရွ႕ေနႀကီးက အင္တာဗ်ဳးေတြမွာ ေပါက္ကရေတြ ေျပာေနတာကိုလည္း ျမင္ရပါတယ္။
စိတ္မေကာင္းဘူး။ ဒီလိုျပႆနာ ျဖစ္ေနတဲ့ အခ်ိန္မွာ ပြဲလမ္းသဘင္သြားေနေပမယ့္လဲ စိတ္က အဲ့ကေလးအမႈဆီဘဲေရာက္ေနတယ္ ႏိုင္တဲ့ဘက္က ဘာမဆိုလုပ္ဖို႔ အဆင္သင့္ရွိေနပါတယ္” ဆုိၿပီးေျပာခဲ့ပါတယ္။
အဲ့ဒီေနာက္မွာေတာ့ ကေလးေတြကို Sex education သင္ၾကားေပးတာနဲ႔ ပတ္သက္ၿပီး “ ကေလးေတြကို Sex education
နဲ႕ပတ္သက္ၿပီး သင္တဲ့အခါမွာလဲေသခ်ာခိုင္ခိုင္လံုလံုနဲ႔ သင္ေပးမွာပါ။
ခုလိုျဖစ္ေနတဲ့အခ်ိန္မ်ိဳးမွာ သူ႔ အသက္အရြယ္နဲ႕ လိုက္တဲ့ အရာမ်ိဳးေတြကိုသင္ၾကားေပးဖို႔ မ်ားမ်ားလိုအပ္ပါတယ္။
ျမန္မာ့ယဥ္ေက်းမႈေတြ ထံုးတမ္းအစဥ္အလာေတြက ခဏထား ဒီလိုျပႆနာေတြက ျမင္မေကာင္းၾကားမေကာင္းျဖစ္ေနတာဟာ
ျမန္မာႏိုင္ငံ နဲ႕ လိုက္ဖက္ညီမႈ လံုး၀မရွိဘူး လို႔ ထင္မိပါတယ္” လို႔လဲသူတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္က ေျဖဆိုခဲ့ပါတယ္။
ဖတ္ရႈ႕ေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီး ေက်းဇူးအထူးတင္ရွိပါတယ္။ သမီးေလးအတြက္ကိုလဲ အမႈမွန္ ေပၚေပါက္ ေရး ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။
Source – မုိမုိေလး
Credit \\ original
Unicode
“(၂)နှစ် အရွယ်ကလေးက Driver ကို ကိုကိုခေါ်တယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး” ဆိုတဲ့ Rဇာနည် နဲ့ ဝမ်း
ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို များစွာရရှိထားပြီး တစ်ပင်ထဲ ရင်ထဲကနွယ်၊ ဂန္တဝင်ဆည်းဆာ စတဲ့ သီချင်းတွေနဲ့ နာမည်ကြီးခဲ့တဲ့
Rဇာနည်ကတော့ သူချစ်တဲ့ သီချင်းတွေကိုလုပ်ကိုင်နေပြီး သာယာတဲ့ မိသားစုဘဝလေးကိုလဲ တည်ထောင် ထားပါတယ်။
သူတို့ဇနီးမောင်နှံဟာ သားလေးနှစ်ယောက်မွေးထားပြီး တည်ငြိမ်အေးချမ်းလှတဲ့ အိမ်ထောင်ရှင် တွေလို့ ပြောရမလိုပါဘဲ။
သားရှင်တွေ ဖြစ်နေပါသော်လည်း သမီးလေးဗစ်တိုးရီးယားရဲ့ အမှုအတွက် နှစ်ယောက်လုံးက အမှုမှန်ပေါ်စေချင်သလို ယူကြုံးမရလဲဖြစ်နေကြပါတယ်။
အဲ့ဒီကလေးနဲ့ ပတ်သက်ပြီး သူတို့ဇနီးမောင်နှံပြောခဲ့တာကတော့ “၂နှစ်အရွယ်ခလေးတစ်ယောက်က Driver ကို ကိုကိုခေါ်တယ်ဆိုတာ သိပ်ပြီးအဓိပ္ပါယ်မရှိဘူးပေါ့နော်
အဲ့ဒီအတွက် အဖြစ်မှန်အမှုမှန်ကို သေချာဖော်ထုတ်စေချင်ပါတယ်။ ဟိုရှေ့နေကြီးက အင်တာဗျုးတွေမှာ ပေါက်ကရတွေ ပြောနေတာကိုလည်း မြင်ရပါတယ်။
စိတ်မကောင်းဘူး။ ဒီလိုပြဿနာ ဖြစ်နေတဲ့ အချိန်မှာ ပွဲလမ်းသဘင်သွားနေပေမယ့်လဲ စိတ်က အဲ့ကလေးအမှုဆီဘဲရောက်နေတယ် နိုင်တဲ့ဘက်က ဘာမဆိုလုပ်ဖို့ အဆင်သင့်ရှိနေပါတယ်” ဆိုပြီးပြောခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ကလေးတွေကို Sex education သင်ကြားပေးတာနဲ့ ပတ်သက်ပြီး “ ကလေးတွေကို Sex education နဲ့ပတ်သက်ပြီး သင်တဲ့အခါမှာလဲ
သေချာခိုင်ခိုင်လုံလုံနဲ့ သင်ပေးမှာပါ။ ခုလိုဖြစ်နေတဲ့အချိန်မျိုးမှာ သူ့ အသက်အရွယ်နဲ့ လိုက်တဲ့ အရာမျိုးတွေကိုသင်ကြားပေးဖို့ များများလိုအပ်ပါတယ်။
မြန်မာ့ယဉ်ကျေးမှုတွေ ထုံးတမ်းအစဉ်အလာတွေက ခဏထား ဒီလိုပြဿနာတွေက မြင်မကောင်းကြားမကောင်းဖြစ်နေတာဟာ မြန်မာနိုင်ငံ နဲ့ လိုက်ဖက်ညီမှု လုံးဝမရှိဘူး လို့ ထင်မိပါတယ်” လို့လဲ
သူတို့ဇနီးမောင်နှံနှစ်ယောက်က ဖြေဆိုခဲ့ပါတယ်။
ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီး ကျေးဇူးအထူးတင်ရှိပါတယ်။ သမီးလေးအတွက်ကိုလဲ အမှုမှန် ပေါ်ပေါက် ရေး ဆုတောင်းပေးခဲ့ကြပါဦးနော်။
Source – မိုမိုလေး
Credit \\ original




