“စည္းကမ္းမဲ့ ပါကင္ထိုးသူကို ေနာင္က်ဥ္သြားေအာင္ ပညာေပး”
ရန္ကုန္ၿမိဳ႕က ေန႔စဥ္ ရင္ဆိုင္ေနရတဲ့ ျပသနာေတြထဲမွာ ကားပါကင္ကိစၥကလည္း တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ကားကို ရပ္လို႔ရရင္ၿပီးေရာ ေရွ႕လူေနာက္လူကိုယ္ခ်င္းမစာ ျဖစ္သလို ရပ္နားတက္ၾကသူေတြရွိသလို ကားေရွ႕မွာ ပိတ္ရပ္ၿပီး ဆက္သြယ္ရမယ့္ ဖုန္းနံပါတ္လည္း ခ်န္မထားခဲ့တာေၾကာင့္ ဒုကၡေရာက္ရတဲ့ အျဖစ္ေတြလည္း မ်ားစြာရွိေနပါတယ္။ ဒီလိုျပႆနာေတြကေန တစ္ဆင့္ မလိုလားအပ္တဲ့ ရန္ပြဲေတြဆက္ျဖစ္ၿပီး အသက္ ဆုံးရႈံးခဲ့ရတဲ့ထိ ျဖစ္ခဲ့တဲ့ ျဖစ္ရပ္ေတြလည္း ရွိပါတယ္။
အခုလို တစ္ကိုယ္ေကာင္းသမားမ်ားေၾကာင့္ စိတ္အေႏွာက္အယွက္ျဖစ္လာရင္ သူတို႔ကို ဘယ္လို လက္တုံ႔ျပန္ရမလဲဆိုတာ ေခါင္းထဲမွာ အလိုလို စဥ္းစားမိေနလ်က္သားျဖစ္ေနတတ္ပါတယ္။ အေတာ္မ်ားမ်ားကေတာ့ ကားဘီးေလေလ်ာ့ပစ္တာ၊ ကားကို အစင္းထင္ေအာင္ ျခစ္ပစ္တာ စသည္ျဖင့္ နစ္နာေအာင္ ျပန္ၿပီးလက္တုံ႔ျပန္တတ္ၾကပါတယ္။ ဒီလိုလုပ္လိုက္လို႔ သူတို႔မွတ္သြားၿပီး ေနာက္ဆိုရင္ စည္းကမ္းတက် ရပ္နားမယ္လို႔ သင္ထင္ပါသလား..?
ဗီယက္နမ္နိုင္ငံ ဟႏြိဳင္းၿမိဳ႕က ကားရပ္ခြင့္မရွိတဲ့ ဝင္ေပါက္ထြက္ေပါက္ေနရာမွာ စည္းကမ္းမဲ့ရပ္နားထားတဲ့ အဖိုးတန္ Maserati ကားတစ္စီးကို တစ္သက္စာ အမွတ္ရေနာင္က်ဥ္သြားေအာင္ ပညာေပးလိုက္ပုံက မွတ္သားေလာက္ပါတယ္။
ကားရဲ့ေနရာအႏွံ့ (ေလကာမွန္၊ ေဘး ဘယ္ညာ၊ ေခါင္မိုး၊ စက္ဖုံး)တို႔မွာ အမ်ိဳးသမီးသုံးလစဥ္ပစၥည္းေတြ ကပ္ထားခဲ့တာ ျမင္လို႔ေတာင္ မေကာင္းပါဘူး။ ကိစၥဝိစၥေတြၿပီးလို႔ သူ႔ရဲ့ အဖိုးတန္ကားႀကီးဆီ ျပန္ေရာက္လာတဲ့ ကားပိုင္ရွင္ဟာ ဒီျမင္ကြင္းေၾကာင့္ ေရွာ့ခ္ရခဲ့ပါတယ္။ လူေတြဝိုင္းၾကည့္ေနတဲ့ သူ႔ကားႀကီးရဲ့ ေရွ႕မွာ ေခါင္းေတာင္မေဖာ္နိုင္ပဲ အေတာ္ကို အရွက္ရေစခဲ့ပါတယ္။
ဒါေတြကို ႀကိဳးစားၿပီး ျပန္ခြာဖို႔ႀကိဳးစားေပမယ့္ ေကာ္ေတြက အေတာ္ေလးဆြဲေနတာေၾကာင့္ အလြယ္တကူ ခြာမရခဲ့ပါဘူး။ လူေတြရဲ့ အၾကည့္ကို ရင္မဆိုင္နိုင္တဲ့အဆုံး ဒီအတိုင္းပဲ ေမာင္းထြက္သြားခဲ့ပါတယ္။
အဲဒီအတြက္ လမ္းတစ္ေလ်ာက္လုံး ထပ္မံအရွက္ရ ရဦးမွာျဖစ္ပါတယ္။ ေနာက္တစ္ခါ တစ္ကိုယ္ေကာင္းဆန္ဆန္ စညးကမ္းမဲ့ ပါကင္ထိုးဖို႔ စိတ္ကူးမိတိုင္း ဒီအျဖစ္ပ်က္က သူကို တစ္သက္စာ ေနာင္က်ဥ္သြားေအာင္ သတိေပးေနမွာ ေသခ်ာပါတယ္။
ကဲ… ဒီလို စည္းမရွိကမ္းမရွိ ပါကင္ထိုးတဲ့သူေတြကို ဆုံးမခ်င္ရင္ေတာ့ သြားေလရာ အမ်ိဳးသမီးလစဥ္သုံး ပစၥည္းေတြ မ်ားမ်ားသာ ေဆာင္ထားၾကေပေရာ့ဗ်ိဳ႕။
Credit: Popolay
Unicode Version
ရန်ကုန်မြို့က နေ့စဉ် ရင်ဆိုင်နေရတဲ့ ပြသနာတွေထဲမှာ ကားပါကင်ကိစ္စကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကားကို ရပ်လို့ရရင်ပြီးရော ရှေ့လူနောက်လူကိုယ်ချင်းမစာ ဖြစ်သလို ရပ်နားတက်ကြသူတွေရှိသလို ကားရှေ့မှာ ပိတ်ရပ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လည်း ချန်မထားခဲ့တာကြောင့် ဒုက္ခရောက်ရတဲ့ အဖြစ်တွေလည်း များစွာရှိနေပါတယ်။ ဒီလိုပြဿနာတွေကနေ တစ်ဆင့် မလိုလားအပ်တဲ့ ရန်ပွဲတွေဆက်ဖြစ်ပြီး အသက် ဆုံးရှုံးခဲ့ရတဲ့ထိ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေလည်း ရှိပါတယ်။
အခုလို တစ်ကိုယ်ကောင်းသမားများကြောင့် စိတ်အနှောက်အယှက်ဖြစ်လာရင် သူတို့ကို ဘယ်လို လက်တုံ့ပြန်ရမလဲဆိုတာ ခေါင်းထဲမှာ အလိုလို စဉ်းစားမိနေလျက်သားဖြစ်နေတတ်ပါတယ်။ အတော်များများကတော့ ကားဘီးလေလျော့ပစ်တာ၊ ကားကို အစင်းထင်အောင် ခြစ်ပစ်တာ စသည်ဖြင့် နစ်နာအောင် ပြန်ပြီးလက်တုံ့ပြန်တတ်ကြပါတယ်။ ဒီလိုလုပ်လိုက်လို့ သူတို့မှတ်သွားပြီး နောက်ဆိုရင် စည်းကမ်းတကျ ရပ်နားမယ်လို့ သင်ထင်ပါသလား..?
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့က ကားရပ်ခွင့်မရှိတဲ့ ဝင်ပေါက်ထွက်ပေါက်နေရာမှာ စည်းကမ်းမဲ့ရပ်နားထားတဲ့ အဖိုးတန် Maserati ကားတစ်စီးကို တစ်သက်စာ အမှတ်ရနောင်ကျဉ်သွားအောင် ပညာပေးလိုက်ပုံက မှတ်သားလောက်ပါတယ်။
ကားရဲ့နေရာအနှံ့ (လေကာမှန်၊ ဘေး ဘယ်ညာ၊ ခေါင်မိုး၊ စက်ဖုံး)တို့မှာ အမျိုးသမီးသုံးလစဉ်ပစ္စည်းတွေ ကပ်ထားခဲ့တာ မြင်လို့တောင် မကောင်းပါဘူး။ ကိစ္စဝိစ္စတွေပြီးလို့ သူ့ရဲ့ အဖိုးတန်ကားကြီးဆီ ပြန်ရောက်လာတဲ့ ကားပိုင်ရှင်ဟာ ဒီမြင်ကွင်းကြောင့် ရှော့ခ်ရခဲ့ပါတယ်။ လူတွေဝိုင်းကြည့်နေတဲ့ သူ့ကားကြီးရဲ့ ရှေ့မှာ ခေါင်းတောင်မဖော်နိုင်ပဲ အတော်ကို အရှက်ရစေခဲ့ပါတယ်။
ဒါတွေကို ကြိုးစားပြီး ပြန်ခွာဖို့ကြိုးစားပေမယ့် ကော်တွေက အတော်လေးဆွဲနေတာကြောင့် အလွယ်တကူ ခွာမရခဲ့ပါဘူး။ လူတွေရဲ့ အကြည့်ကို ရင်မဆိုင်နိုင်တဲ့အဆုံး ဒီအတိုင်းပဲ မောင်းထွက်သွားခဲ့ပါတယ်။
အဲဒီအတွက် လမ်းတစ်လျောက်လုံး ထပ်မံအရှက်ရ ရဦးမှာဖြစ်ပါတယ်။ နောက်တစ်ခါ တစ်ကိုယ်ကောင်းဆန်ဆန် စညးကမ်းမဲ့ ပါကင်ထိုးဖို့ စိတ်ကူးမိတိုင်း ဒီအဖြစ်ပျက်က သူကို တစ်သက်စာ နောင်ကျဉ်သွားအောင် သတိပေးနေမှာ သေချာပါတယ်။
ကဲ… ဒီလို စည်းမရှိကမ်းမရှိ ပါကင်ထိုးတဲ့သူတွေကို ဆုံးမချင်ရင်တော့ သွားလေရာ အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေ များများသာ ဆောင်ထားကြပေရော့ဗျို့။
Credit: Popolay




