ကိုယ်တိုင်မီးဖိုချောင်ထဲဝင်ပြီး သူငယ်ချင်းနှစ်ယောက်ကို ချက်ပြုတ်ကျွေးနေတဲ့ ညီထွဋ်ခေါင်




သွားလေရာမှာ တစ်တွဲတွဲနဲ့ အတွဲညီပြီး ပျော်ပျော်ပါးပါး ရှိကြလွန်းတဲ့ ညီထွဋ်ခေါင်၊ ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့ သူငယ်ချင်း သုံးယောက်ဟာဆိုရင် အရမ်းကို ပွင့်လင်းပြီး ချစ်စရာကောင်းလွန်းကြတာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝ ရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ သူတို့ သူငယ်ချင်း သုံးယောက်ဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက် နေထိုင်ရာ နေရာဒေသချင်း မတူညီခဲ့ကြပေမယ့်လည်း အနုပညာလုပ်ရှားပုံချင်း တူညီပြီး စိတ်ချင်းတူခဲ့တာကြောင့် အတွဲညီညီ ပေါင်းဖော်ဖြစ်ခဲ့ကြတာပဲဖြစ်ပါတယ်။



အရမ်းကို ရင်းရင်းနှီးနှီးရှိကြတဲ့ သူတို့သူငယ်ချင်းသုံးယောက်ကတော့ အနုပညာအလုပ်တွေကိုလည်း အဆက်မပြတ် လုပ်ကိုင်ပေးနေကြဆဲပါ။ အနုပညာအလုပ်တွေကိုယ်စီနဲ့ ပရိသတ်တွေထံကို အကောင်းဆုံးချပြပေးနေဆဲဖြစ်တဲ့ သူတို့သုံးယောက်ကတော့ အရမ်းကို ချစ်စရာကောင်းလွန်းလှပါတယ်နော်။

လတ်တလောမှာလည်း သူတို့သုံးယောက်က ပျော်ပျော်ပါးပါးဟင်းချက်စားကြတာပဲ ဖြစ်ပါတယ်။ ကျော်ကျော် နဲ့ ဆုမြတ်နိုးဦးတို့ နှစ်ယောက်ကို ညီထွဋ်ခေါင်က ကိုယ်တိုင်မီးဖိုချောင်ခန်းထဲဝင်ပြီး ချက်ပြုတ်ကျွေးခဲ့တာပါ။ ထိုသို့ ဟင်းအတူချက်စားခဲ့ကြောင်းကို ” Behind the ကြက်သားသုပ် 😁😁😁 ” ဆိုပြီး သူတို့ဗရမ်းဗတာပေ့စ်ကနေ ရေးသားဖော်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

ကိုယ်တိုင်မီးဖိုချောင်ထဲဝင်ပြီး သူငယ်ချင်းနှစ်ယောက်ကို ချက်ပြုတ်ကျွေးနေတဲ့ ညီထွဋ်ခေါင်ရဲ့ video


ညီထွဋ်ခေါင်တို့ သူငယ်ချင်းအဖွဲ့ကိုကြည့်ရင်း ပရိသတ်တွေလည်း ပျော်ရွှင်ကြည်နူးမိမယ်လို့ ထင်ပါတယ်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။


Credit  \\  original

Recent Updates

Recent Posts Widget