“လူေတြကို ဂရုမစိုက္ပဲ ေနလိုက္တဲ့အခါ ရရွိလာမယ့္ အံ့မခန္း အက်ိဳးေက်းဇူူး (၇) ခ်က္”





လူေတြကို ဂရုမစိုက္ပဲ ေနလိုက္တဲ့အခါ ရရွိလာမယ့္ အံ့မခန္း အက်ိဳးေက်းဇူူး (၇) ခ်က္

လူဆိုတာ ပတ္ဝန္းက်င္၊ အသိုင္းအဝိုင္းနဲ႔ ေနထိုင္ၾကရတာျဖစ္တာေၾကာင့္ ပတ္ဝန္းက်င္ကို လံုးဝမႈမထားလို႔ေတာ့ မရပါဘူး။ ပတ္ဝန္းက်င္ကို ဂရုစိုက္သင့္သေလာက္ေတာ့ ဂရုစိုက္ရမယ္ဆိုေပမယ့္ လြန္ကဲစြာ ဂရုစိုက္ျခင္းကလည္း မေကာင္းပါဘူး။

ခုေဖာ္ျပေပးမွာကေတာ့ လူေတြကို ဂရုမစိုက္ပဲေနလိုက္တဲ့အခါ၊ ဂရုစိုက္မႈကို ေလွ်ာ့ခ်လိုက္တဲ့အခါ ရရွိလာမယ့္ အံ့မခန္း အက်ိဳးေက်းဇူးေတြပဲျဖစ္ပါတယ္။


(1)- လူေတြကို ဂရုမစိုက္ပဲေနလိုက္တဲ့အခါ သင့္ရဲ႕ေၾကာက္ရံြ႕ပူပန္မႈေတြ အမ်ားၾကီးေလ်ာ့ပါးသက္သာ သြားမွာျဖစ္ပါတယ္။ လုပ္ခ်င္တဲ့အရာကို ရဲရဲဝံံ့ဝ့ံလုပ္ႏိုင္သြားျပီး ေပါ့ပါးသြားမွာျဖစ္ပါတယ္။

(2)- ကိုယ့္ကိုယ္ကို ယံုၾကည္မႈေတြ အမ်ားၾကီး တိုးလာမွာျဖစ္ပါတယ္။ အရင္ကေတြးေၾကာက္ျပီး မလုပ္ရဲတဲ့အရာေတြ အားလံုးကုိ ေကာင္းမြန္စြာ လုပ္ေဆာင္လာႏိုင္မွာျဖစ္ပါတယ္။

(3)- လူေတြကို ဂရုမစိုက္ပဲ ေနလိုက္တဲ့အခါ သင့္ရဲ႕ စိတ္ဖိစီးမႈေတြ အမ်ားၾကီးေလ်ာ့ပါးသြားမွာ ျဖစ္ပါတယ္။ လူေတြရဲ႕ အထင္အျမင္၊ ေဝဖန္မႈေတြကိုလည္း လ်စ္လွ်ဴရႈႏိုင္သြားမွာျဖစ္တဲ့အတြက္ ေအးခ်မ္းေနရမွာပါ။

(4)- လူေတြကို ဂရုမစိုက္ပဲ ေနလိုက္တဲ့အခါမွာ သင္အရမး္လြတ္လပ္သြားမွာပါ။ အရင္တုန္းက သင့္ဘဝမွာ အရမ္းလုပ္ခ်င္ခဲ့ေပမယ့္ မလုပ္ရဲခဲ့တဲ့အရာေတြ၊ အေကာင္အထည္မေဖာ္ရဲခဲ့တဲ့ စိတ္ကူးအိပ္မက္ေတြကို အေကာင္အထည္ေဖာ္ႏိုင္သြားမွာျဖစ္ပါတယ္။

(5)- လူေတြကို ဂရုမစိုက္ပဲ ေနလိုက္တဲ့အခါ သင့္ရဲ႕ေရြးခ်ယ္မႈေတြအတြက္ ေနာင္တေတြေလ်ာ့နည္းသြားမွာ ျဖစ္ပါတယ္။ ကိုယ္ေရြးခ်ယ္လိုက္တဲ့အရာတစ္ခုဟာ တစ္ခုခုခၽြတ္ေခ်ာ္သြားတယ္ဆိုရင္ေတာင္ ကိုယ့္ကိုယ္ကို အျပစ္တင္တာေတြ နည္းသြားမွာပါ။

(6)- လူေတြကို ဂရုမစိုက္ပဲ ေနလိုက္တဲ့အခါ အရမး္ကို ေပါ့ပါးသြားမွာပါ။ သြားခ်င္တဲ့ေနရာသြား၊ လုပ္ခ်င္တာလုပ္၊ ကုိယ့္လိပ္ျပာကိုယ္အျမဲလံုေနမွာပါ။ ကိုယ္လုပ္တာ ေကာင္းလား၊ ဆိုးလား ကိုယ့္ကိုယ္ကုိ အသိဆံုးျဖစ္တာေၾကာင့္ သူတစ္ပါးရဲ႕အျမင္က သင့္အတြက္ အေရးမၾကီးေတာ့ပါဘူး။

(7)- အရင္ကထက္အမ်ားၾကီး ပိုျပီးေပ်ာ္ရႊင္လာမွာျဖစ္ပါတယ္။ သင့္ဘဝရဲ႕ အၾကီးမားဆံုးလြတ္လပ္မႈ၊ ေပ်ာ္ရႊင္မႈေတြဟာ လူေတြကို ဂရုမစိုက္ေတာ့တဲ့ အခ်ိန္ကေနစျပီး သင့္ဆီကို ေရာက္လာမွာျဖစ္ပါတယ္။

ေလးစားလွ်တ္ – Em Em

Credit  \\  original

Unicode

လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့အခါ ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူူး (၇) ချက်

လူဆိုတာ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းနဲ့ နေထိုင်ကြရတာဖြစ်တာကြောင့် ပတ်ဝန်းကျင်ကို လုံးဝမှုမထားလို့တော့ မရပါဘူး။ ပတ်ဝန်းကျင်ကို ဂရုစိုက်သင့်သလောက်တော့ ဂရုစိုက်ရမယ်ဆိုပေမယ့် လွန်ကဲစွာ ဂရုစိုက်ခြင်းကလည်း မကောင်းပါဘူး။

ခုဖော်ပြပေးမှာကတော့ လူတွေကို ဂရုမစိုက်ပဲနေလိုက်တဲ့အခါ၊ ဂရုစိုက်မှုကို လျှော့ချလိုက်တဲ့အခါ ရရှိလာမယ့် အံ့မခန်း အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။

(1)- လူတွေကို ဂရုမစိုက်ပဲနေလိုက်တဲ့အခါ သင့်ရဲ့ကြောက်ရွံ့ပူပန်မှုတွေ အများကြီးလျော့ပါးသက်သာ သွားမှာဖြစ်ပါတယ်။ လုပ်ချင်တဲ့အရာကို ရဲရဲဝံံ့ဝ့ံလုပ်နိုင်သွားပြီး ပေါ့ပါးသွားမှာဖြစ်ပါတယ်။

(2)- ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အများကြီး တိုးလာမှာဖြစ်ပါတယ်။ အရင်ကတွေးကြောက်ပြီး မလုပ်ရဲတဲ့အရာတွေ အားလုံးကို ကောင်းမွန်စွာ လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။

(3)- လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့အခါ သင့်ရဲ့ စိတ်ဖိစီးမှုတွေ အများကြီးလျော့ပါးသွားမှာ ဖြစ်ပါတယ်။ လူတွေရဲ့ အထင်အမြင်၊ ဝေဖန်မှုတွေကိုလည်း လျစ်လျှူရှုနိုင်သွားမှာဖြစ်တဲ့အတွက် အေးချမ်းနေရမှာပါ။

(4)- လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့အခါမှာ သင်အရမး်လွတ်လပ်သွားမှာပါ။ အရင်တုန်းက သင့်ဘဝမှာ အရမ်းလုပ်ချင်ခဲ့ပေမယ့် မလုပ်ရဲခဲ့တဲ့အရာတွေ၊ အကောင်အထည်မဖော်ရဲခဲ့တဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်နိုင်သွားမှာဖြစ်ပါတယ်။

(5)- လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့အခါ သင့်ရဲ့ရွေးချယ်မှုတွေအတွက် နောင်တတွေလျော့နည်းသွားမှာ ဖြစ်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့အရာတစ်ခုဟာ တစ်ခုခုချွတ်ချော်သွားတယ်ဆိုရင်တောင် ကိုယ့်ကိုယ်ကို အပြစ်တင်တာတွေ နည်းသွားမှာပါ။

(6)- လူတွေကို ဂရုမစိုက်ပဲ နေလိုက်တဲ့အခါ အရမး်ကို ပေါ့ပါးသွားမှာပါ။ သွားချင်တဲ့နေရာသွား၊ လုပ်ချင်တာလုပ်၊ ကိုယ့်လိပ်ပြာကိုယ်အမြဲလုံနေမှာပါ။ ကိုယ်လုပ်တာ ကောင်းလား၊ ဆိုးလား ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်တာကြောင့် သူတစ်ပါးရဲ့အမြင်က သင့်အတွက် အရေးမကြီးတော့ပါဘူး။

(7)- အရင်ကထက်အများကြီး ပိုပြီးပျော်ရွှင်လာမှာဖြစ်ပါတယ်။ သင့်ဘဝရဲ့ အကြီးမားဆုံးလွတ်လပ်မှု၊ ပျော်ရွှင်မှုတွေဟာ လူတွေကို ဂရုမစိုက်တော့တဲ့ အချိန်ကနေစပြီး သင့်ဆီကို ရောက်လာမှာဖြစ်ပါတယ်။

လေးစားလျှတ် – Em Em


Credit  \\  original

Recent Updates

Recent Posts Widget