ေနျပည္ေတာ္တြင္ျဖစ္ပြားခဲ့ေသာ သက္ငယ္မုဒိမ္းမႈကို သမၼတကိုယ္တိုင္ အဂတိတုိက္ဖ်က္ေရးအဖြဲ႔ျဖင့္ စစ္ေဆးသင့္ဟု ဆို
ေနျပည္ေတာ္တြင္ျဖစ္ပြားခဲ့ေသာ သက္ငယ္မုဒိမ္းမႈကို သမၼတကိုယ္တိုင္ အဂတိတုိက္ဖ်က္ေရးအဖြဲ႔ျဖင့္ စစ္ေဆးသင့္ဟု ဆို
ေနျပည္ေတာ္ရွိ Wisdom Hill ေက်ာင္းတြင္တက္ေရာက္ေနသည့္ ၃ ခန္႔အရြယ္ကေလးငယ္ အဓမၼျပဳက်င့္ခံရမႈကို ႏုိင္ငံေတာ္သမၼတကုိယ္တုိင္အဂတိတုိက္ဖ်က္ေရးအဖြဲ႔ျဖင့္ စစ္ေဆးသင့္ေၾကာင္း တရားလႊတ္ေတာ္ေရွ ႔ေနဦးငုိင္ဆာ့ခ္က
အႀကံျပဳတုိက္တြန္းလုိက္သည္။ေနျပည္ေတာ္တြင္ျဖစ္ပြားခဲ့ေသာ
သက္ငယ္မုဒိမ္းမႈကို သမၼတကိုယ္တိုင္ အဂတိတုိက္ဖ်က္ေရးအဖြဲ႔ျဖင့္ စစ္ေဆးသင့္ဟု ဆို
တရားလႊတ္ေတာ္ေရွ႔ေနဦးငုိင္ဆာခ့္က ၄င္း၏ Facebook စာမ်က္ႏွာတြင္ ဇူလုိင္လ ၄ ရက္က ယခုကဲ့သို႔
ေရးသားအၾကံျပဳထားျခင္းျဖစ္သည္။
“ေနျပည္ေတာ္ ကေလးငယ္က်ဴးလြန္ခံမႈနွင့္ပတ္သက္၍ျပည္ထဲေရးဝန္ႀကီးဌာန၊ရဲတပ္ဖြဲ႕၊ ေရွ႕ေနခ်ဳပ္ရုံး၊က်န္းမာေရးဝန္ႀကီးဌာနသည္
အစုိးရအဖြဲ႕ဝင္ဌာနမ်ားျဖစ္၍ နိင္ငံေတာ္သမၼတက တုိက္ရုိက္ၫႊန္ၾကား
ကြပ္ကဲႏိုင္ပါတယ္။(တရားေရး၊ေ႐ြးေကာက္ပြဲေကာ္မရွင္၊အေျခခံဥပေဒခုံရုံးနဲ႔မတူပါ)
အမႈစုံစမ္းစစ္ေဆးျခင္း ၊ အမႈတည္ေဆာက္ျခင္း၊ ဥပေဒအႀကံျပဳျခင္းအဆင့္ဆင့္မွာ သံသယျဖစ္ဖြယ္ေတြ႕ရင္ အဂတိတုိက္ဖ်က္ေရး ေကာ္မရွင္ကုိကုိင္တြယ္ေစသင့္သည္ဟုယူဆပါတယ္။
ဒါေၾကာင့္ အမႈနွင့္ဆက္စပ္သက္ဆုိင္သူ နစ္နာသူမိသားစု၊ သက္ေသမ်ား၊ စုံစမ္းစစ္ေဆးသူမ်ား၊အမႈတည္ေဆာက္သူမ်ား၊ အေႏွာင္အဖဲြ႕ ကင္းကင္းရွင္းရွင္းျဖင့္
ေျပာဆုိကုိင္တြယ္ေဆာင္႐ြက္ၾကပါရဲလားဆုိတာ ျပည္သူေတြသံသယရွင္းေအာင္ သမၼတႀကီးကုိယ္တုိင္ အဂတိတုိက္ဖ်က္ေရးအဖဲြ႕ျဖင့္ စစ္ေဆးေစသင့္ေၾကာင္း
အမ်ားျပည္သူအက်ိဳးအတြက္ ေစတနာျဖင့္တင္ျပအပ္ပါတယ္’’ ဟုတရားလႊတ္ေတာ္ေရွ႔ေနဦးငုိင္ဆာ့ခ္က ေရးသားထားသည္။
ျဖစ္စဥ္မွာ ေနျပည္ေတာ္ေကာင္စီ၊ ဒကၡိဏသီရိခရိုင္၊ ဇမၼဴသီရိၿမိဳ႕နယ္ သေျပကုန္းရွိ Wisdom Hill ေက်ာင္းတြင္ တက္ေရာက္ေနသည့္ ၃ ႏွစ္ခန္႔အရြယ္ရွိ ေက်ာင္းသူတစ္ဦး
အဓမၼျပဳက်င့္ခံခဲ့ရသည္ဆိုကာ ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ေမလ ၁၇ ရက္တြင္ သက္ဆိုင္ရာရဲစခန္း၌ အမႈဖြင့္တိုင္တန္းခဲ့ျခင္းျဖစ္သည္။အဆိုပါအမႈႏွင့္ပတ္သက္၍
ဇမၼဴသီရိၿမိဳ႕မရဲစခန္း၌ ပုဒ္မ-၃၇၇ ျဖင့္ အမႈဖြင့္ထားေသာ္လည္း ေက်ာင္းတြင္ ယင္းျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္းမဟုတ္ဟု “Wisdom Hill” မွ တာ၀န္ရွိသူမ်ားက မီဒီယာမ်ားထံ
ရွင္းလင္းေျပာဆိုခဲ့ၿပီး အမႈကို ၿပီးခဲ့ေသာ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၃ ရက္တြင္ CID သို႔လႊဲေျပာင္းကာစစ္ေဆးခဲ့သည္။ထို႔ေနာက္ ဇူလိုင္လ ၄ ရက္၌ Wisdom Hill ေက်ာင္းမွ
ယာဥ္ေမာင္းျဖစ္သူ ေအာင္ေက်ာ္မ်ိဳး၊ ၃၀ ႏွစ္အား အမႈႏွင့္ပတ္သက္သည့္သံသယရွိသူအျဖစ္ ဒကၡိဏခရိုင္တရားရံုး၌ ပုဒ္မ- ၃၇၆ ျဖင့္ တရားစြဲတင္လိုက္ေၾကာင္း သိရသည္။
Credit- အကုန္သိ
Unicode
နေပြည်တော်တွင်ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုကို သမ္မတကိုယ်တိုင် အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့် စစ်ဆေးသင့်ဟု ဆို
နေပြည်တော်ရှိ Wisdom Hill ကျောင်းတွင်တက်ရောက်နေသည့် ၃ ခန့်အရွယ်ကလေးငယ် အဓမ္မပြုကျင့်ခံရမှုကို နိုင်ငံတော်သမ္မတကိုယ်တိုင်
အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့် စစ်ဆေးသင့်ကြောင်း တရားလွှတ်တော်ရှေ ့နေဦးငိုင်ဆာ့ခ်က အကြံပြုတိုက်တွန်းလိုက်သည်။နေပြည်တော်တွင်ဖြစ်ပွားခဲ့သော
သက်ငယ်မုဒိမ်းမှုကို သမ္မတကိုယ်တိုင် အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့် စစ်ဆေးသင့်ဟု ဆို
တရားလွှတ်တော်ရှေ့နေဦးငိုင်ဆာခ့်က ၄င်း၏ Facebook စာမျက်နှာတွင် ဇူလိုင်လ ၄ ရက်က ယခုကဲ့သို့ ရေးသားအကြံပြုထားခြင်းဖြစ်သည်။
“နေပြည်တော် ကလေးငယ်ကျူးလွန်ခံမှုနှင့်ပတ်သက်၍ပြည်ထဲရေးဝန်ကြီးဌာန၊ရဲတပ်ဖွဲ့၊ ရှေ့နေချုပ်ရုံး၊ကျန်းမာရေးဝန်ကြီးဌာနသည်
အစိုးရအဖွဲ့ဝင်ဌာနများဖြစ်၍ နိင်ငံတော်သမ္မတက တိုက်ရိုက်ညွှန်ကြား ကွပ်ကဲနိုင်ပါတယ်။(တရားရေး၊ရွေးကောက်ပွဲကော်မရှင်၊အခြေခံဥပဒေခုံရုံးနဲ့မတူပါ)
အမှုစုံစမ်းစစ်ဆေးခြင်း ၊ အမှုတည်ဆောက်ခြင်း၊ ဥပဒေအကြံပြုခြင်းအဆင့်ဆင့်မှာ သံသယဖြစ်ဖွယ်တွေ့ရင် အဂတိတိုက်ဖျက်ရေး ကော်မရှင်ကိုကိုင်တွယ်စေသင့်သည်ဟုယူဆပါတယ်။
ဒါကြောင့် အမှုနှင့်ဆက်စပ်သက်ဆိုင်သူ နစ်နာသူမိသားစု၊ သက်သေများ၊ စုံစမ်းစစ်ဆေးသူများ၊အမှုတည်ဆောက်သူများ၊ အနှောင်အဖွဲ့ ကင်းကင်းရှင်းရှင်းဖြင့်
ပြောဆိုကိုင်တွယ်ဆောင်ရွက်ကြပါရဲလားဆိုတာ ပြည်သူတွေသံသယရှင်းအောင် သမ္မတကြီးကိုယ်တိုင် အဂတိတိုက်ဖျက်ရေးအဖွဲ့ဖြင့် စစ်ဆေးစေသင့်ကြောင်း
အများပြည်သူအကျိုးအတွက် စေတနာဖြင့်တင်ပြအပ်ပါတယ်’’ ဟုတရားလွှတ်တော်ရှေ့နေဦးငိုင်ဆာ့ခ်က ရေးသားထားသည်။
ဖြစ်စဉ်မှာ နေပြည်တော်ကောင်စီ၊ ဒက္ခိဏသီရိခရိုင်၊ ဇမ္မူသီရိမြို့နယ် သပြေကုန်းရှိ Wisdom Hill ကျောင်းတွင် တက်ရောက်နေသည့် ၃ နှစ်ခန့်အရွယ်ရှိ ကျောင်းသူတစ်ဦး
အဓမ္မပြုကျင့်ခံခဲ့ရသည်ဆိုကာ ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်တွင် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်သည်။အဆိုပါအမှုနှင့်ပတ်သက်၍
ဇမ္မူသီရိမြို့မရဲစခန်း၌ ပုဒ်မ-၃၇၇ ဖြင့် အမှုဖွင့်ထားသော်လည်း ကျောင်းတွင် ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းမဟုတ်ဟု “Wisdom Hill” မှ တာဝန်ရှိသူများက မီဒီယာများထံ
ရှင်းလင်းပြောဆိုခဲ့ပြီး အမှုကို ပြီးခဲ့သော ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်တွင် CID သို့လွှဲပြောင်းကာစစ်ဆေးခဲ့သည်။ထို့နောက် ဇူလိုင်လ ၄ ရက်၌ Wisdom Hill ကျောင်းမှ
ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး၊ ၃၀ နှစ်အား အမှုနှင့်ပတ်သက်သည့်သံသယရှိသူအဖြစ် ဒက္ခိဏခရိုင်တရားရုံး၌ ပုဒ်မ- ၃၇၆ ဖြင့် တရားစွဲတင်လိုက်ကြောင်း သိရသည်။
Credit- အကုန်သိ
Post Comment