သြဇီနိုင်ငံရဲ့ ကမ်းရိုတန်းမြို့ကြီးမှာ မိုးပျံပူဖောင်းတွေ၊ မီးပုံပျံတွေ ပျံသန်းခွင့်ကို ပိတ်ပင်လိုက်ပြီ….
သြစတေးလျနိုင်ငံရဲ့ အနောက်ပိုင်းရှိ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ Fremantle မြို့မှာ လေဘောလုံးတွေ၊ မိုးပျံပူဖောင်းတွေကို သဘာဝပတ်ဝန်ကျင်းအပေါ် ထိခိုက်မှုတွေ ဖြစ်စေတယ်ဆိုတဲ့ အဆိုနဲ့ တားမြစ်ဖို့ ဥပဒေပြုတာ အောင်မြင်သွားပြီလို့ Perth Now အွန်လိုင်းမီဒီယာရဲ့ ဖော်ပြမှုအရ သိရပါတယ်။
ပြဌာန်းလိုက်တဲ့ ဥပဒေမှာ ဂတ်စ် ဖြည့်သွင်းထားတဲ့ လေပူဖောင်းတွေ လွှတ်ထားတာတွေ့ရင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၂၀ ဆောင်ရမှာဖြစ်ပါတယ်။ ဒီ ဥပဒေအသစ်က လ တွင်းချင်းပဲ ချမှတ်နိုင်ခဲ့ပြီး ယင်းနဲ့ပတ်သက်တဲ့ ပညာပေး ကမ်းပိန်းတွေလှုပ်ရှားဖို့ သတင်းအချက်အလက်တွေ မျှဝေဖို့ စတဲ့ အစီအစဉ်တွေရှိကြောင်း မြို့တော်ဝန် Brad Pettitt က ထုတ်ဖော်ပြောကြာခဲ့ပါတယ်။
ဟီလီယမ် ဓာတ်ငွေ့သွင်း ဘောလုံးတွေဟာ အဏ္ဍ၀ါပင်လယ် ဇီဝဖြစ်တည်မှုတွေအပေါ် သက်ရောက်မှု အထင်အရှားရှိတယ်ဆိုတဲ့ သိပံ္ပဆိုင်ရာ မှတ်တမ်းမှတ်ရာတွေ အခိုင်အမာရှိကြောင်း၊ Framantle လို ကမ်းရိုးတန်း မြို့က စတင် ဦးဆောင်ကိုင်တွယ် သင့်ကြောင်း ထောက်ခံ ပြောကြားခဲ့ပါတယ်။
မြို့သူမြို့သားတွေအနေနဲ့လည်း ဒီ တားမြစ်ချင်ကို သဘောတူကြပြီး ပြည်နယ်တစ်ခုလုံး ပလတ်စတစ် အိတ်တွေ မဖောင်းပွဖို့ ဦးတည်နေတယ်ဆိုတာကို ဖြည့်စွက်ပြောကြားခဲ့တယ်။ အခုလို ဘောလုံးတွေ၊ မိုးပျံပူဖောင်းတွေကို တားမြစ်တာ အခုဆို Framantle က ဒုတိယမြောက်မြို့ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
Credit \\ original



