ထိုင္းကနာမည္ၾကီးေတြနဲ႔ ရုပ္ရွင္တြဲရိုက္ေတ့ာမယ့္ နန္းခင္ေဇယ်ာ





ျမန္မာႏိုင္ငံ ဂုဏ္ေဆာင္ အလွမယ္ တဦးျဖစ္တဲ့ နန္းခင္ေဇယ်ာကေတာ့ ယခုေနာက္ပိုင္းမွာ ပရိသတ္အခိုင္အမာ ရရွိထားတာေၾကာင့္ ေမာ္ဒယ္ သရုပ္ေဆာင္တေယာက္အေနနဲ႔ လက္ရွိခ်ိန္မွာေတာ့ ရပ္တည္ေနတာလည္း ျဖစ္ပါတယ္။ နန္းခင္ေဇယ်ာကေတာ့ သိပ္မၾကာခင္မွာပဲ ထိုင္းနဲ႔တြဲဖက္ျပီး ရုပ္ရွင္ရိုက္ေတာ့မွာ ျဖစ္ျပီးဒီရုပ္ရွင္နဲ႔ ပတ္သက္ျပီး ေျပာၾကားသြား ခဲ့ပါတယ္။
နန္းခင္ေဇယ်ာကေတာ့ Mc နဲ႔ အင္တာဗ်ဴးတြင္ ထိုင္းနဲ႔ ရုပ္ရွင္ ရိုက္ကူးမယ့္ အေၾကာင္းနဲ႔ ပတ္သက္ျပီး “အဲ့ဒါကေတာ့ နန္းခင္ ထိုင္းဒါရိုက္တာနဲ႔ ရိုက္မွာေပါ့ေနာ္။ နန္းခင္တို႔ ျမန္မာျပည္မွာလည္း ရိုက္မယ္။ ဘန္ေကာက္မွာလည္း ရိုက္မယ္။ ေနာက္လ က်ရင္ စရိုက္မွာပါ။ ဇာတ္ကားကေတာ့ ေကာင္မေလးတေယာက္အေၾကာင္းပါ။ လူဝင္စားတဲ့ အေၾကာင္းေလးေပါ့ေနာ္။ ထုိင္းမင္းသားေတြနဲ႔လည္း တြဲရိုက္ရမွာဆိုေတ့ာ”



“နန္းခင္အတြက္ စိတ္လႈပ္ရွားစရာေကာင္းတယ္။ တကားလံုးကို နန္းခင္က အဂၤလိပ္စကားေျပာရမွာ ျမန္မာစကားလံုးဝ မေျပာျဖစ္ဘူး။ ဒါေၾကာင့္ နန္းခင္ အဂၤလိပ္ ဇာတ္ကားေတြၾကည့္ျဖစ္တယ္။ ျပီးေတာ့ အေျပာအဆို အေနအထိုင္ေလးေတြေပါ့။ ျပီးေတာ့ နန္းခင္က အဂၤလိပ္ကို ေန႔စဥ္နဲ႔ အမွ်ေျပာေနတာ မဟုတ္ေတာ့ အခက္ခဲေလးေတြေတာ့ ရွိမွာေပါ့။ အေကာင္းဆံုးေတာ့ ၾကိဳးစားသြားမွာပါ”



“ထိုင္း ဒါရိုက္တာကလည္း မေၾကာက္နဲ႔ေပါ့။ သူတို႔လိုတာကလည္း အရမ္းၾကီး ကြ်မ္းက်င္ေနတဲ့ သရုပ္ေဆာင္လိုမ်ိဳးလည္း မဟုတ္ဘူးေပါ့။ သူတို႔အစကေန သင္ျပေပးမယ္ေပါ့။ ျပီးေတ့ာ တကယ့္အဂၤလိပ္ေတြေလာက္ေတာ့ စကားမေျပာတတ္ေပမယ့္လည္း သူတို႔ကေတာ့ နန္းခင္ကို ယံုၾကည္တယ္ဆိုျပီးမွ အပ္ထားတာပါ”



“ဒီကားေလးကေတာ့ နန္းခင္အတြက္ စိန္ေခၚမႈၾကီး တခု ျဖစ္လာမွာေပါ့ေနာ္။ တကားလံုးကလည္း အဂၤလိပ္လိုေျပာရမယ္ ထိုင္းက နာမည္ေက်ာ္သရုပ္ေဆာင္ေတြနဲ႔ ရုိက္ရမွာဆိုေတာ့ စိတ္လႈပ္ရွားပါတယ္။ ထြက္လာရင္လည္း အားေပးၾကပါဦးလို႔ ေျပာခ်င္ပါတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

Credit  \\  original

UNICODE

ထိုင်းကနာမည်ကြီးတွေနဲ့ ရုပ်ရှင်တွဲရိုက်တေ့ာမယ့် နန်းခင်ဇေယျာ
မြန်မာနိုင်ငံ ဂုဏ်ဆောင် အလှမယ် တဦးဖြစ်တဲ့ နန်းခင်ဇေယျာကတော့ ယခုနောက်ပိုင်းမှာ ပရိသတ်အခိုင်အမာ ရရှိထားတာကြောင့် မော်ဒယ် သရုပ်ဆောင်တယောက်အနေနဲ့ လက်ရှိချိန်မှာတော့ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ နန်းခင်ဇေယျာကတော့ သိပ်မကြာခင်မှာပဲ ထိုင်းနဲ့တွဲဖက်ပြီး ရုပ်ရှင်ရိုက်တော့မှာ ဖြစ်ပြီးဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။

နန်းခင်ဇေယျာကတော့ Mc နဲ့ အင်တာဗျူးတွင် ထိုင်းနဲ့ ရုပ်ရှင် ရိုက်ကူးမယ့် အကြောင်းနဲ့ ပတ်သက်ပြီး “အဲ့ဒါကတော့ နန်းခင် ထိုင်းဒါရိုက်တာနဲ့ ရိုက်မှာပေါ့နော်။ နန်းခင်တို့ မြန်မာပြည်မှာလည်း ရိုက်မယ်။ ဘန်ကောက်မှာလည်း ရိုက်မယ်။ နောက်လ ကျရင် စရိုက်မှာပါ။ ဇာတ်ကားကတော့ ကောင်မလေးတယောက်အကြောင်းပါ။ လူဝင်စားတဲ့ အကြောင်းလေးပေါ့နော်။ ထိုင်းမင်းသားတွေနဲ့လည်း တွဲရိုက်ရမှာဆိုတေ့ာ”

“နန်းခင်အတွက် စိတ်လှုပ်ရှားစရာကောင်းတယ်။ တကားလုံးကို နန်းခင်က အင်္ဂလိပ်စကားပြောရမှာ မြန်မာစကားလုံးဝ မပြောဖြစ်ဘူး။ ဒါကြောင့် နန်းခင် အင်္ဂလိပ် ဇာတ်ကားတွေကြည့်ဖြစ်တယ်။ ပြီးတော့ အပြောအဆို အနေအထိုင်လေးတွေပေါ့။ ပြီးတော့ နန်းခင်က အင်္ဂလိပ်ကို နေ့စဉ်နဲ့ အမျှပြောနေတာ မဟုတ်တော့ အခက်ခဲလေးတွေတော့ ရှိမှာပေါ့။ အကောင်းဆုံးတော့ ကြိုးစားသွားမှာပါ”

“ထိုင်း ဒါရိုက်တာကလည်း မကြောက်နဲ့ပေါ့။ သူတို့လိုတာကလည်း အရမ်းကြီး ကျွမ်းကျင်နေတဲ့ သရုပ်ဆောင်လိုမျိုးလည်း မဟုတ်ဘူးပေါ့။ သူတို့အစကနေ သင်ပြပေးမယ်ပေါ့။ ပြီးတေ့ာ တကယ့်အင်္ဂလိပ်တွေလောက်တော့ စကားမပြောတတ်ပေမယ့်လည်း သူတို့ကတော့ နန်းခင်ကို ယုံကြည်တယ်ဆိုပြီးမှ အပ်ထားတာပါ”

“ဒီကားလေးကတော့ နန်းခင်အတွက် စိန်ခေါ်မှုကြီး တခု ဖြစ်လာမှာပေါ့နော်။ တကားလုံးကလည်း အင်္ဂလိပ်လိုပြောရမယ် ထိုင်းက နာမည်ကျော်သရုပ်ဆောင်တွေနဲ့ ရိုက်ရမှာဆိုတော့ စိတ်လှုပ်ရှားပါတယ်။ ထွက်လာရင်လည်း အားပေးကြပါဦးလို့ ပြောချင်ပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။


Credit  \\  original

Recent Updates

Recent Posts Widget