အဖြူနဲ့ အနီကို လိုက်ဖက်စွာ ဝတ်ဆင်ပြီး ကျက်သရေရှိရှိလှနေတဲ့ သန္တာဗိုလ်
သရုပ်ဆောင် အကယ်ဒမီ ချောရတနာရဲ့ ညီမဖြစ်သူ သန္တာဗိုလ်က သူမရဲ့ ရှည်လျားတဲ့ အရပ်အမောင်းနဲ့ အမိုက်စား ရုပ်ရည်ကြောင့် ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေလည်း အားပေးကြတာ ဖြစ်ပါတယ်။ သန္တာဗိုလ်က မော်ဒယ်လောကမှာ ထိပ်ဆုံးက ရပ်တည်နေသူတစ်ဦးဖြစ်ပြီး သရုပ်ဆောင်အလုပ်ကိုလည်း ရံဖန်ရံခါ လုပ်သူတစ်ဦးဖြစ်ပြီး အောင်မြင်မှုတွေ များစွာ ရရှိနေတာပဲ ဖြစ်ပါတယ်။
သန္တာဗိုလ်က မော်ဒယ်ရှိုးတွေလည်း လျှောက်ပေးနေရသလို ဆိုင်ဖွင့်ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ပေးနေရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ (၇) ရက်နေ့မှာတော့ သန္တာဗိုလ်က မန္တလေးမြို့က ထက်ဝေဦး – ပုဆိုးနှင့်ချည်ထည်အမျိုးမျိုး ဆိုင်ခွဲ(၃) ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ပေးခဲ့ပါတယ်။
ထိုဆိုင်ဖွင့်ပွဲအခမ်းအနားကို သန္တာဗိုလ်နဲ့အတူတူ ထက်အောင်ရှိုင်း၊ ထက်ထက်မိုးဦးနဲ့ ဒီဇိုင်နာ မျိုးမင်းစိုးတို့က တက်ရောက်ဂုဏ်ပြုရင်း ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာကို တွေ့ရပါတယ်။
သန္တာဗိုလ်က အဖြူရောင်နဲ့ အနီရောင်တောက်တောက်လေးကို လိုက်ဖက်စွာ ဝတ်ဆင်ပြီး လူပုံအလည်မှာ အလှကြီးလှနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် သန္တာဗိုလ်ရဲ့ ဆိုင်ဖွင့်ပွဲမှ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
ထက်ထက်မိုးဦးနဲ့ အတူတူ တွေ့ရတဲ့ ထက်အောင်ရှိုင်းနဲ့ သန္တာဗိုလ်
ဆိုင်ဖွင့်ပွဲမှာ အတူတူတွေ့ရတဲ့ သန္တာဗိုလ်၊ ထက်အောင်ရှိုင်း၊ ထက်ထက်မိုးဦးနဲ့ ဒီဇိုင်နာ မျိုးမင်းစိုး
သန္တာဗိုလ်ကတော့ အရမ်းကို ကျက်သရေရှိရှိလှနေတာပဲနော်။ ပရိသတ်ကြီးလည်း သန္တာဗိုလ်ရဲ့ လှပတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original







