













UNICODE

“(၅) နှစ်လောက် အချစ်ခင်မပျက်ပဲ အားပေးကြတဲ့ ပရိသတ်တွေနဲ့ (၂၇) နှစ် မွေးနေ့ကို ဖြတ်သန်းခဲ့တဲ့ ဘန်နီဖြိုး”
ဘန်နီဖြိုးက အောင်မြင်နေတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ဖြစ်တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ထူးခြားတဲ့ အသံပါဝါနဲ့ အတူ ပရိသတ်ရင်ထဲရောက်အောင် သီဆိုနိုင်သူတစ်ယောက်လို့လည်း ပြောလို့ရပါတယ်နော်။ အသက်(၂၂)နှစ်ကမွေးနေ့လေးကို ပြန်ပြောပြခဲ့တာဖြစ်ပြီးတော့ ဒီနှစ်မွေးနေ့လေးမှာလည်း အရင်နှစ်ကလို အမှတ်တရတွေ အများကြီး ရှိချင်တဲ့ သူတစ်ဦးလည်းဖြစ်တယ်။”(၅) နှစ်လောက် အချစ်ခင်မပျက်ပဲ အားပေးကြတဲ့ ပရိသတ်တွေနဲ့ (၂၇) နှစ် မွေးနေ့ကို ဖြတ်သန်းခဲ့တယ်ဆိုတာကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။

(၂၀၀၄)ခုနှစ်မှာ သူဘဝရဲ့ ပထမဆုံး တွေနဲ့ မွေးနေ့ပွဲလေးကို လူများများနဲ့ မဟုတ်ဘဲ မကျင်းပခဲ့ ဖူးကြောင်းပြောပြလာခဲ့ပြီး အဲပွဲလေးကို ဘယ်လိုကျင်းပရတယ်ဆိုကို ” ကျွန်တော်တို့(အထူးသဖြင့် ကျွန်တော်) အရမ်းပျော်ရတယ် Sponsor Company တွေမပါဘူး Stage စင်တွေမပါဘူး My Garden ကအခန်းလေးထဲမှာပဲ အားလုံးတူတူထိုင်ပြီးကျင်းပခဲ့ကြတယ်” ဆိုပြီးတော့ သူတို့ကျင်းပခဲ့ရတဲ့ အမှတ်တရလေးကို ပြောပြခဲ့တာဖြစ်ပါတယ်။

“အခု( ၅) နှစ်အကြာမှာ ဒီဓါတ်ပုံထဲက လူတွေအားလုံးအသက်တွေကြီးလာကြတယ် လုပ်ငန်းခွင်တွေဝင်နေကြတယ်။ တချို့တွေအတွဲတွေဖြစ်သွားကြတယ်။ တချို့တွေကဝေးကွာသွားကြတယ်။ တချို့တွေက နိုင်ငံခြားရောက်သွားကြတယ်။ တချို့တွေကအရင်ကလောက် ကျွန်တော့် Activities တိုင်းမှာမပါဝင်နိုင်ကြတော့ဘူး။ကျွန်တော်တို့အားလုံးဟာ ဒီ timeline တစ်ခုပေါ်မှာရွေ့နေကြရတာပါ ။ စိတ်တွေ လူတွေ ဘဝတွေ အခြေအနေတွေ ပြောင်းလဲလာကြမှာလည်း သဘာဝပါ ။ကျွန်တော်ကိုယ်တိုင်လည်း အများကိုကြည့်ရတဲ့အချိန်မှာ အချို့အတွက်လက်လွှတ်ပေးခဲ့ရတာတွေရှိခဲ့တာပါပဲ ” ဆိုပြီးတော့ ပြောင်းလဲနေတဲ့ အဖြစ်အပျက်နေတွေကို ပြောပြခဲ့တာဖြစ်ပါတယ်။္ဘပရိသတ်ကြီးရေ ဘန်နီဖြိုး အသက်(၂၂)နှစ်နဲ့ (၂၇)ကြား ဘာတွေပြောင်းလဲသွားလဲဆိုတာကို ပြောပြခဲ့ဦးနော်။

Source: Bunny Phyo,CRD-CELE GABAR

Recent Updates

Recent Posts Widget