“မိုးေကာင္းၿမိဳ႕နယ္၌ ၁၅ ႏွစ္အရြယ္သမီးအရင္းအား ဖခင္ျဖစ္သူမွ အလိုမတူပဲ သားမယားအျဖစ္ ျပဳက်င့္မႈ ျဖစ္ပြား”
ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕နယ္ အင္ၾကင္းကုန္းေက်းရြာ၌ ၁၅ ႏွစ္အရြယ္သမီးအရင္းအား ဖခင္ျဖစ္သူမွ အလိုမတူပဲ သားမယားျပဳက်င့္မႈျဖစ္ပြားခဲ့၍ ဇူလိုင္ ၅ ရက္က ပင္းေဘာနယ္ေျမရဲစခန္းတြင္ အမႈဖြင့္တိုင္တန္းခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မိုးေကာင္းၿမိဳ႕နယ္၊ အင္ၾကင္းကုန္းေက်းရြာေန မ—-(၁၅ ႏွစ္)သည္ ခတ္ခ်ိဳဘက္ရိွ ငွက္ေပ်ာစိုက္ခင္းတြင္ အလုပ္လုပ္ေနရာမွ ဇြန္ ၃၀ ရက္က ေနအိမ္သို႔ျပန္လာၿပီး ဆားေမွာ္ေက်းရြာရိွ အဘြားျဖစ္သူထံ သြားေရာက္လည္ပတ္ေနစဥ္ ဖခင္ျဖစ္သူ ဦးဝင္းေမာင္(၄၉ ႏွစ္)မွ လာေရာက္ေခၚေဆာင္ခဲ့၍ ေနအိမ္သို႔ျပန္လည္လိုက္ပါလာခဲ့သည္။
ဇူလိုင္ ၃ ရက္ညတြင္ ဖခင္ႏွင့္အတူေနအိမ္တြင္အိပ္ေနစဥ္ နံနက္ ၁ နာရီခန္႔၌ ဖခင္ျဖစ္သူက အလိုမတူပဲသားမယားျပဳက်င့္ရန္ၾကံစည္သျဖင့္ တားျမစ္ေသာ္လည္း လက္မခံပဲ မ်က္ႏွာအားဓာတ္မီးျဖင့္႐ိုက္ႏွက္ကာ အလိုမတူပဲ သားမယားအျဖစ္တစ္ႀကိမ္ ညဘက္တြင္တစ္ႀကိမ္ ထပ္မံျပဳက်င့္ခဲ့ေၾကာင္း သိရသည္။
ဇူလိုင္ ၅ ရက္နံနက္ ၆ နာရီတြင္ ဖခင္ျဖစ္သူက ဆပ္ျပာရည္ဗူးဝယ္ခိုင္းစဥ္ ေက်းရြာအုပ္ခ်ဳပ္ေရးမႉးထံအေၾကာင္းၾကားၿပီး ပင္ေဘာနယ္ေျမရဲစခန္းတြင္ အမႈဖြင့္တိုင္တန္းခဲ့ေၾကာင္းႏွင့္ ပင္းေဘာနယ္ေျမရဲစခန္းမွ သက္ေသခံပစၥည္းမ်ားအား ႐ွာေဖြပံုစံျဖင့္သိမ္းဆည္းကာ ဦးဝင္းေမာင္အား အမႈဖြင့္အေရးယူႏိုင္ရန္ စီစဥ္လ်က္ရိွေၾကာင္း သိရသည္။
Credit: RND
Unicode Version
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာ၌ ၁၅ နှစ်အရွယ်သမီးအရင်းအား ဖခင်ဖြစ်သူမှ အလိုမတူပဲ သားမယားပြုကျင့်မှုဖြစ်ပွားခဲ့၍ ဇူလိုင် ၅ ရက်က ပင်းဘောနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာနေ မ—-(၁၅ နှစ်)သည် ခတ်ချိုဘက်ရှိ ငှက်ပျောစိုက်ခင်းတွင် အလုပ်လုပ်နေရာမှ ဇွန် ၃၀ ရက်က နေအိမ်သို့ပြန်လာပြီး ဆားမှော်ကျေးရွာရှိ အဘွားဖြစ်သူထံ သွားရောက်လည်ပတ်နေစဉ် ဖခင်ဖြစ်သူ ဦးဝင်းမောင်(၄၉ နှစ်)မှ လာရောက်ခေါ်ဆောင်ခဲ့၍ နေအိမ်သို့ပြန်လည်လိုက်ပါလာခဲ့သည်။
ဇူလိုင် ၃ ရက်ညတွင် ဖခင်နှင့်အတူနေအိမ်တွင်အိပ်နေစဉ် နံနက် ၁ နာရီခန့်၌ ဖခင်ဖြစ်သူက အလိုမတူပဲသားမယားပြုကျင့်ရန်ကြံစည်သဖြင့် တားမြစ်သော်လည်း လက်မခံပဲ မျက်နှာအားဓာတ်မီးဖြင့်ရိုက်နှက်ကာ အလိုမတူပဲ သားမယားအဖြစ်တစ်ကြိမ် ညဘက်တွင်တစ်ကြိမ် ထပ်မံပြုကျင့်ခဲ့ကြောင်း သိရသည်။
ဇူလိုင် ၅ ရက်နံနက် ၆ နာရီတွင် ဖခင်ဖြစ်သူက ဆပ်ပြာရည်ဗူးဝယ်ခိုင်းစဉ် ကျေးရွာအုပ်ချုပ်ရေးမှူးထံအကြောင်းကြားပြီး ပင်ဘောနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်းနှင့် ပင်းဘောနယ်မြေရဲစခန်းမှ သက်သေခံပစ္စည်းများအား ရှာဖွေပုံစံဖြင့်သိမ်းဆည်းကာ ဦးဝင်းမောင်အား အမှုဖွင့်အရေးယူနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Credit: RND


